1
2
3
4
5
JRose(Tgidailynews)
Zawgyi
ဖေဖေရဲ့နှစ် 100 ပြည့် မွေးနေ့ပွဲကို ကောင်မလေးတွေနဲ့ ထိုင်ပြီး စိတ်အပန်းဖြေလို့ရအောင် ကလပ်တစ်ခုမှာ ကျင်းပပေးခဲ့တဲ့ ကောင်မလေး
မိန်းကလေးတစ်ဦးဟာ သူမရဲ့အဖေ နှစ် ၁၀၀ ပြည့် မွေးနေ့ကို ချွတ်ကလပ်တစ်ခုသို့ ခေါ်ဆောင်သွားကာ မွေးနေ့ပါတီကျင်းပပေးခဲ့ပါတယ်။ ကောင်မလေးတွေနဲ့ ထိုင်ပြီး အောင်ပွဲခံနေတဲ့ ပုံတွေက ကြီးမားလွန်းတာကြောင့် ဖခင်က အရမ်း သဘောကျသွားပါတယ်။ သက်ကြီးတွေရဲ့ဘဝမှာ သားသမီးမြေးတွေဆီကနေ ရိုးရှင်းတဲ့ မွေးနေ့ပွဲကျင်းပခံရရင်ကို အရမ်းပျော်ဖို့ကောင်းနေပြီလို့ ယူဆရပါတယ်။ ဒါပေမယ့် ဒီအဘိုးက ချစ်သမီးဆီကနေ သူရဲ့ နှစ် (၁၀၀) ပြည့် မွေးနေ့ကို ကလပ်တစ်ခုမှာ ကျင်းပခဲ့တာပါ။
အဆိုပါအဘိုး “Gioacchino Jack Poma” က Dallas ရှိ strip club မှာ သူ့ရဲ့မွေးနေ့ကို ဂုဏ်ပြုခြင်းဖြင့် ကောင်းမွန်သောနေ့ကို ပိုင်ဆိုင်ခဲ့ပါတယ်။ သမီးဖြစ်သူ Dina က ချွတ်ကလပ်ဟာ ဖေဖေ့မွေးနေ့ကို ကျင်းပရန် နေရာကောင်းတစ်ခုဖြစ်ကြောင်း TMZ သို့ ပြောကြားခဲ့ပါတယ်။ ဓာတ်ပုံထဲမှာဆိုရင် အဘိုးဟာ မိန်းကလေးများနဲ့ ပျော်ရွှင်စွာ ဆင်နွှဲနေတာကို တွေ့ရပြီး မလုံမလဲ ၀တ်ထားတဲ့ မိန်းကလေးများကတော့ အဘိုးကြီးကို ပိုးပံ့နေပါတယ်။ အင်တာနက်သုံးစွဲသူတွေဟာ အဘိုးရဲ့ ပုံကို မြင်ပြီးနောက် မနာလိုဖြစ်နေကြပါတယ်။
JRose(Tgidailynews)
Crd
Post Views:
395