ဖိလစ်ပိုင်ရဲ့ပထမဆုံး သမိုင်းဝင်ရွှေတံဆိပ်ကိုရယူပေးနိုင်ခဲ့လို့ အိမ်နှစ်လုံးနဲ့ ဒေါ်လာ ၆သိန်းရသွားတဲ့ အိုလံပစ်မယ်

News

လက်ရှိကျင်းပနေတဲ့ တိုကျိုအိုလံပစ်ဟာ ဖိလစ်ပိုင်နိုင်ငံအတွက် သမိုင်းဝင်ခဲ့ပါတယ်။ ဟစ်ဒီလင်း ဒီရာ့ဇ်ဆိုတဲ့ ဖိလစ်ပိုင်ကိုယ်စားပြု အိုလံပစ်မယ်လေးဟာ ပထမဆုံးရွှေတံဆိပ်ဆုကို နိုင်ငံ့ဂုဏ်ဆောင်အနေနဲ့ ဆွတ်ခူးပေးနိုင်ခဲ့လို့ပါ။

ဝိတ်မတဲ့အားကစားနဲ့ ရွှေရခဲ့တဲ့ ဒီရာ့ဇ်ရဲ့ဆုဟာ ဖိလစ်ပိုင်အိုလံပစ်သမိုင်းတလျှောက် ပထမဆုံး ရွှေလို့သိရပါတယ်။ ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲရဲ့ကြေညာချက်အရ ၅၅ ကီလိုတန်းမှာ ၁၂၇ကီလိုဝိတ်တုံးကို စံချိန်တင်အောင် အောင်မြင်စွာမပြနိုင်ခဲ့လို့ ဒီရာ့ဇ်ဟာ ရွှေတံဆိပ်ရဆွတ်ခူးနိုင်ခဲ့တာပါ။

ရွှေတံဆိပ်ရတယ်လို့သိလိုက်တာနဲ့ ဖိလစ်ပိုင်အစိုးရဟာ ချက်ချင်းဆိုသလို ဆုတွေတန်းစီခဲ့ပါတယ်။ ဒေသခံလုပ်ငန်းရှင်တွေကလည်း ငွေတွေထည့်ဝင်ခဲ့ချိန်မှာတော့ ဒေါ်လာ ၆သိန်း ၆သောင်းနဲ့ အိမ်နှစ်လုံးကို ဆုအဖြစ် စီစဉ်ထားခဲ့ပြီလို့ ဘလွန်းဘတ်သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

အိမ်တလုံးက ဖိလစ်ပိုင်အိုလံပစ်ဉက္ကဌက ပေးအပ်တာဖြစ်ပြီး၊ တလုံးကတော့ တရုတ်ဘီလျံနာ အန်ဒရူး လင်တန်က ကွန်ဒိုပေးခဲ့တာလို့သိရပါတယ်။ အဆိုပါကွန်ဒိုရဲ့တန်ဖိုးကတင် ဒေါ်လာ ၂သိန်း ၈ သောင်းတန်ကြေးရှိတယ်လို့ ထပ်သိရပါတယ်။ ဒါဟာ ဖိလစ်ပိုင်ရဲ့အားကစားကို ချီးမြင့်ပုံပါ။

အသက် ၃၀ အရွယ်ရှိတဲ့ ဒီရာ့ဇ်ဟာ ဒီဆုကိုရဖို့ လွယ်ခဲ့တာတော့မဟုတ်ပါဘူး။ ဖိလစ်ပိုင်ကနေ မလေးရှားကို ထရိန်နင်သွားချိန်မှာ ကိုဗစ်ကြောင့်မပြန်ရလို ၇ လတိတိ မလေးမှာအချိန်ကုန်ခဲ့ရပါတယ်။ လေ့ကျင့်ဖို့ပစ္စည်းမရှိလို့ ရေသန့်ဘူးကြီးတွေကို ဝါးလုံးတန်းထိုး လေ့ကျင့်ခဲ့ရတဲ့အထိပါ။

ဆုကြေးတွေထပ်တိုးလာဖို့ရှိနေပေမဲ့ ပြည်သူကပေးတဲ့အစီအစဉ်အသေးစိတ်တွေကိုတော့ မသိရဘူးလို့ သတင်းကဖော်ပြထားပါတယ်။ ဖိလစ်ပိုင်အတွက်လည်း ပထမဆုံးအိုလံပစ်ရွှေတံဆိပ်ရသွားတဲ့အတွက် နိုင်ငံသားတွေဟာ ပျော်ရွှင်နေကြပြီး၊ ဒီရာ့ဇ်ပြန်လာရင်အောင်ပွဲခံဖို့ပြင်ဆင်နေကြပါတယ်။

Ref:Bloomberg

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply