ဖိလစ်ပိုင်ရေတပ်၏ရေငုပ်သင်္ဘောတပ်ဖွဲ့တည်ထောင်ရန်ပြင်သစ်ကငွေကြေးကမ်းလှမ်းနေ

Militarily News

ဖိလစ်ပိုင်ရေတပ်၏ ရေငုပ်သင်္ဘောတပ်ဖွဲ့တည်ထောင်ရန် ပြင်သစ်က ငွေကြေးကမ်းလှမ်းနေ

မတ်လ ၂ ရက်တွင် ပြုလုပ်သော အစည်းအဝေးတွင် အမျိုးသားကာကွယ်ရေးဝန်ကြီး Delfin Lorenzana နှင့်ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Michèle Boccoz တို့အနေဖြင့် ဖိလစ်ပိုင်ရေတပ်၏ရေငုပ်သင်္ဘောတပ်ဖွဲ့တည်ထောင်ရန်အတွက် ပြင်သစ်အစိုးရမှကမ်းလှမ်းထားသည့် ငွေကြေးအကူအညီနှင့် ပတ်သက်၍ ိုဆွေးနွေးခဲ့ကြသည်ဟုသိရှိရသည်။

Lorenzana ၏ပြောကြားချက်အရ ပြင်သစ်သံအမတ်နှင့်တွေ့ဆုံစဉ် ဖိလစ်ပိုင်ရေတပ်၏ ရေငုပ်သင်္ဘောတပ်ဖွဲ့တည်ထောင်ရေးအတွက် ငွေကြေးကိစ္စကမ်းလှမ်းမှုများ ပြုလုပ်ရန်အလေးထား ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။ထို့အပြင်အတွင်းရေးမှူး Lorenzana နှင့် သံအမတ် Boccoz တို့အနေဖြင့် ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ဆိုင်ရာ တိုးချဲ့မှုတစ်ခုအဖြစ် အင်ဒို – ပစိဖိတ်ရှိပြင်သစ်၏မဟာဗျူဟာအဖြစ်ဖိလစ်ပိုင် – ပြင်သစ်နှစ်နိုင်ငံကာကွယ်ရေးအကြောင်းများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူညီချက်သည် အဆင့်မြင့်အလည်အပတ်ခရီးများမှတဆင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေရန်၊ ကာကွယ်ရေးဆိုင်ရာမူဝါဒညှိနှိုင်းတိုင်ပင်မှုနှင့် လေ့ကျင့်ရေးအစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်ဟုသိရှိရသည်။

Milto

credit – Myanmarnews24

Leave a Reply