ဖိလစ္ပိုင္ေကာလိပ္က ေက်ာင္းသား/သူေတြ စာခိုးခ်လို႔မရေအာင္ ေခါင္းစြပ္ေတြ စြပ္ခိုင္းခဲ့..

ဖိလစ္ပိုင္ေကာလိပ္က ေက်ာင္းသား/သူေတြ စာခိုးခ်လို႔မရေအာင္ ေခါင္းစြပ္ေတြ စြပ္ခိုင္းခဲ့..

ဖိလစ္ပိုင္ေကာလိပ္ စာေမးပြဲမွာ ေက်ာင္းသား/သူေတြ စာခိုးခ်လို႔မရေအာင္ ေခါင္းစြပ္ေတြ စြပ္ခိုင္းထားတဲ့ ဓာတ္ပုံက လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ေနပါတယ္။

ေဘးခ်င္းကပ္လ်က္မွာ ထိုင္သူရဲ႕ အေျဖလႊာကို ခိုးၾကည့္လို႔မရေအာင္ ဘီကိုးလ္တကၠသိုလ္ အင္ဂ်င္နီယာေကာလိပ္က ေက်ာင္းသား/သူေတြကို အခုလို လုပ္ခိုင္းခဲ့တာပါ။

ေက်ာင္းသား/သူေတြက ကတ္ထူပုံးေတြ၊ ေခါင္းစည္းေတြ၊ ဆိုင္ကယ္စီးဦးထုပ္ေတြ၊ တျခားျပန္သုံးလို႔ရတဲ့ ပစၥည္းေတြနဲ႔ ေခါင္းစြပ္ေတြ လုပ္ခဲ့ၾကပါတယ္။

စက္မႈအင္ဂ်င္နီယာပါေမာကၡ မာရီဂြိဳင္းကေတာ့ ဒီနည္းလမ္းက ထိေရာက္တယ္လို႔ ဆိုပါတယ္။ ဒါဟာ ယခင္ႏွစ္ေတြတုန္းက ထိုင္းႏိုင္ငံရဲ႕ တကၠသိုလ္ေတြမွာ အသုံးျပဳခဲ့ဖူးတဲ့ နည္းလမ္းျဖစ္ပါတယ္။

၂၀၁၃ ခုႏွစ္တုန္းက ဘန္ေကာက္ၿမိဳ႕ တကၠသိုလ္တစ္ခုက စာေမးပြဲေျဖမယ့္ ေက်ာင္းသား/သူေတြကို ဆင္နား႐ြက္ပုံစံ စကၠဴခ်ပ္ေတြ ဝတ္ဆင္ေစၿပီး ေဘးကလူဆီကေန စာခိုးခ်လို႔မရေအာင္ လုပ္ခဲ့ဖူးပါတယ္။

Crd..Yoyarlay

Unicode

ဖိလစ်ပိုင်ကောလိပ်က ကျောင်းသား/သူတွေ စာခိုးချလို့မရအောင် ခေါင်းစွပ်တွေ စွပ်ခိုင်းခဲ့..

ဖိလစ်ပိုင်ကောလိပ် စာမေးပွဲမှာ ကျောင်းသား/သူတွေ စာခိုးချလို့မရအောင် ခေါင်းစွပ်တွေ စွပ်ခိုင်းထားတဲ့ ဓာတ်ပုံက လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ဘေးချင်းကပ်လျက်မှာ ထိုင်သူရဲ့ အဖြေလွှာကို ခိုးကြည့်လို့မရအောင် ဘီကိုးလ်တက္ကသိုလ် အင်ဂျင်နီယာကောလိပ်က ကျောင်းသား/သူတွေကို အခုလို လုပ်ခိုင်းခဲ့တာပါ။

ကျောင်းသား/သူတွေက ကတ်ထူပုံးတွေ၊ ခေါင်းစည်းတွေ၊ ဆိုင်ကယ်စီးဦးထုပ်တွေ၊ တခြားပြန်သုံးလို့ရတဲ့ ပစ္စည်းတွေနဲ့ ခေါင်းစွပ်တွေ လုပ်ခဲ့ကြပါတယ်။

စက်မှုအင်ဂျင်နီယာပါမောက္ခ မာရီဂွိုင်းကတော့ ဒီနည်းလမ်းက ထိရောက်တယ်လို့ ဆိုပါတယ်။ ဒါဟာ ယခင်နှစ်တွေတုန်းက ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တွေမှာ အသုံးပြုခဲ့ဖူးတဲ့ နည်းလမ်းဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်တုန်းက ဘန်ကောက်မြို့ တက္ကသိုလ်တစ်ခုက စာမေးပွဲဖြေမယ့် ကျောင်းသား/သူတွေကို ဆင်နားရွက်ပုံစံ စက္ကူချပ်တွေ ဝတ်ဆင်စေပြီး ဘေးကလူဆီကနေ စာခိုးချလို့မရအောင် လုပ်ခဲ့ဖူးပါတယ်။

Crd..Yoyarlay

The post ဖိလစ္ပိုင္ေကာလိပ္က ေက်ာင္းသား/သူေတြ စာခိုးခ်လို႔မရေအာင္ ေခါင္းစြပ္ေတြ စြပ္ခိုင္းခဲ့.. appeared first on Entertainment.

Crd