ဖာရိုဘုရင်တွေနဲ့ ဂြိုဟ်သားတွေ ဆက်သွယ်မှုအထောက်အထား ရှေးဟောင်း ကျူစာများ

ဖာရိုဘုရင်တွေနဲ့ ဂြိုဟ်သားတွေ ဆက်သွယ်မှုအထောက်အထား ရှေးဟောင်း ကျူစာများ

ဖာရိုဘုရင်တွေနဲ့ ဂြိုဟ်သားတွေ ဆက်သွယ်မှုအထောက်အထား ရှေးဟောင်း ကျူစာများ

တူးလီ ပပိုင်းရပ် (Tulli Papyrus) လို့ခေါ်တဲ့ ကျူပင်မှရတဲ့ စက္ကူပေါ်မှာ ရေးသားထားတဲ့ ရှေးဟောင်း အီဂျစ်ခေတ် ကျူစာတွေမှာ ရှေးခေတ်ဖာရိုဘုရင်တွေနဲ့ ဂြိုဟ်သားတွေ ဆက်သွယ်မှုအကြောင်း ဖော်ပြထားပါတယ်။

ကျနော်တို့ဟာ ရှေးခေတ်လူသားတွေရဲ့ နည်းပညာတွေကို အမွေဆက်ခံသူတွေ ဖြစ်ပါတယ်။ အသစ်ရှာဖွေတွေ့ရှိမှုတွေဟာလည်း ရှေးခေတ်လူသားတွေရဲ့ အချို့သော နည်းပညာတွေပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာကြတာမျိုးတွေ ရှိပါတယ်။

ဖာရိုဘုရင်တွေ၊ ဆူမာရီးယန်းလူမျိုးတွေ၊ မာယာလူမျိုးတွေနဲ့ အက်ဇတက် (Azatics) လူမျိုးတွေဟာ ဉာဏ်ရည်မြင့် မျိုးနွယ်တွေ ဖြစ်ပါတယ်။

အဲဒီအထဲကမှ တစ်ချို့ဟာဆိုရင် တစ်ခြားဂြိုဟ်ကမ္ဘာက ဂြိုဟ်သားတွေနဲ့ ပါတ်သက်ဆက်နွယ်မှုရှိတဲ့ အထောက်အထားတွေ တွေ့ရှိရပါတယ်။ ဒါကို ( Black Magic) အနက်ရောင် မှော်အစွမ်းလို့ အမည်ပေးထားတဲ့ ပညာရပ်တွေကြည့်ပြီး ခန့်မှန်းရပါတယ်။

အခုတင်ပြချင်တာကတော့ သုတေသနပညာရှင်တွေ တွေ့ရှိခဲ့တဲ့ တူးလီ ပပိုင်းရပ် (တူးလီ ကျူစာ)ကို ဘာသာပြန်တဲ့အခါမှာ တွေ့ရှိရတဲ့ ထူးဆန်းမှုတွေအကြောင်း ဖြစ်ပါတယ်။

ဒီကျူစာတွေဟာ တတိယမြောက် ဖာရိုဘုရင်လက်ထက် (BC-1480) လောက်က မှတ်တမ်းတင်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဖာရိုဘုရင်တွေဟာ မှော်ပညာ၊ နက္ခတ္တဗေဒ၊ ဗိသုကာပညာတွေအပြင် အခြားဂြိုဟ်ကမ္ဘာနဲ့ ဆက်သွယ်မှုတွေရှိနေခဲ့လို့ နေမဝင်အင်ပါယာကြီးတွေ ထူထောင်အုပ်ချုပ်နိုင်ခဲ့တာလို့ ပညာရှင်တွေက ယူဆကြပါတယ်။

ကျူစာမှာ (၇) ချပ်ရှိပြီး ဟီရာယော့ဂ်ဘာသာနဲ့ ရေးထိုးထားပါတယ်။ တစ်ချို့အပိုင်းတွေဟာ ဝမ်းနည်းဖွယ် ပျက်ဆီးနေလို့ အီဂျစ်ရှေးဟောင်း နက္ခတ္တပညာရှင် အယ်လ်ဘာတို တူးလီ (Alberto Tulli) က ခက်ခက်ခဲခဲ ဘာသာပြန်ခဲ့ရပါတယ်။ သူ့ကို ဂုဏ်ပြုပြီး တူးလီ ပပိုင်းရပ် (Tulli Papyrus) လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းကို ကြည့်ရအောင်။

” ၂၂ နှစ်မြောက် ဆောင်းရာသီ၏ တတိယလ၊ ဒီနေ့ (၆) နာရီမှာ ကောင်းကင်ဘုံက မီးစက်ဝိုင်း(ယာဉ်) တစ်ခု ကျဆင်းလာတာ တွေ့ရပါတယ်။ ယာဉ်ထဲက ထွက်လာသူတွေဟာ ပါးစပ်နဲ့ အသက်ရှူကြပြီး နှာခေါင်းပေါက် မပါကြပါဘူး။

ယာဉ်ဟာ အထက်အောက်၊ ဘေးတိုက် ရွေ့လျားနိုင်ပြီး အသံတစိုးတစိမှ မထွက်ပေ။ ဒီကိစ္စကြောင့် စာရေးသူကို စိတ်အနှောင့်အယှက်ဖြစ်စေလို့ ဘုရင်ကို အကြောင်းကြားခဲ့ပါတယ်။

ဘုရင်ဟာ လိုက်လာခဲ့ပြီး အဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ပါတယ်။ စာရေးသူ ဘုန်းတော်ကြီးကို ဒီကိစ္စ အတိအကျ မှတ်တမ်းတင်စေခဲ့ပြီး ယာဉ်နဲ့ ဂြိုဟ်သားတွေကို စောင့်ရှောက်ဖို့ စစ်တပ်ကို အမိန့်ပေးခဲ့ပါတယ်။”

ဒုတိယပိုင်း

ရက်အနည်းငယ်ကြာပြီးနောက် ဒီအရာ (မီးစက်ဝိုင်း)တွေဟာ ကောင်းကင်မှာ တိုးလာပါတယ်။ နေက သူတို့အထက်မှာ ထွက်လာပြီး မီးစက်ဝိုင်းတွေဟာ ကောင်းကင်ရဲ့ ထောင့်လေးထောင့်မှာ နေရာယူထားတယ်။

ဖာရိုဘုရင်ဟာ အလယ်မှာ သူတို့နဲ့အတူ ညစာစားတာကို တွေ့ရတယ်။ မီးစက်ဝိုင်းတွေဟာ ကောင်းကင်ကိုတက်ပြီး တောင်ဖက်အရပ်ကို ထွက်သွားတယ်။ ဒါက ညစာစားပြီးနောက်ဖြစ်တယ်။

ထို့နောက်မှာ ငါးတွေဟာ ငှက်တွေသဖွယ် ကောင်းကင်ကို တက်လာတယ်။ ဘုရင်ကြီးက ကမ္ဘာမြေပြင်ကို ရောက်လာတဲ့ ဂြိုဟ်သားတွေကို ငြိမ်းချမ်းစေဖို့ပြောကြားပြီး နံ့သာပေါင်းကို ပေးခဲ့တယ်။ ဖြစ်ပျက်တာတွေကို ထာဝရ အမှတ်တရဖြစ်စေဖို့ အသက်အိမ်မှာ ရေးသွင်းစေခဲ့တယ်။

တူးလီ ပပိုင်းရပ် (တူးလီကျူစာ) အပိုင်းတော်တော်များများဟာ ဖျက်ဆီးခံရပြီး ကျန်ရှိတဲ့အပိုင်းတွေနဲ့ တူးလီရဲ့ ဘာသာပြန်ချက်တွေကို ရောမမြို့က ဗာတီကန်ကျောင်းတော် လျှို့ဝှက်သိမ်းဆည်းမှုတွေထဲမှာ ပါဝင်သွားပါတယ်။

ဂြိုဟ်သားတွေနဲ့ UFO တွေဟာ ကမ္ဘာဂြိုဟ်ကို လာရောက်ခဲ့ကြောင်း (ဓမ္မဟောင်း) မှာ ဖော်ပြထားသလို၊ ဖာရိုတွေ၊ ဆူမာရီးယန်းတွေ၊ မာယာလူမျိုးတွေနဲ့ ဆက်သွယ်ခဲ့ကြလို့လည်း ရှေးဟောင်းယဉ်ကျေးမှုတွေမှာ သိပ္ပံနည်းပညာတွေ ပါဝင်နေတာဖြစ်တယ်လို့ ပညာရှင်တွေက ထောက်ပြခဲ့ကြပါတယ်။

တူးလီ ပပိုင်းရပ် (တူးလီ ကျူစာ)ဟာ (၇) ပိုင်းရှိပြီး အကြီးဆုံး ကျူစာချပ်ရဲ့ အစိတ်အပိုင်းတစ်ချို့ဟာ ပျောက်ဆုံး (သို့) ပျက်ဆီးသွားတယ်လို့ ယူဆရပါတယ်။

ခြုံပြောရရင်တော့ ဒီ ကျူစာမှာ အရေးပါတဲ့ သမိုင်းဖြစ်ရပ်တွေနဲ့ ဂြိုဟ်သား အခြားကမ္ဘာက ဆက်သွယ်ပုံတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဖာရိုဘုရင်တွေရဲ့ စွမ်းအားနဲ့ သူတို့ရဲ့ ကြီးကျယ်ခမ်းနားပုံ၊ အီဂျစ်ရှေးဟောင်း ဖာရိုးနစ်နိုင်ငံတော်ရဲ့ စွမ်းအားတွေကို မှတ်တမ်းတင်ထားပါတယ်။

ကျူစာတွေကို ပဟေဠိဆန်ဆန် ပြုလုပ်ထားပြီး တစ်ချို့ကို ကိုင်ရိုမှာ ထိန်းသိမ်းထားပါတယ်။ တစ်ချို့ကတော့ လန်ဒန်က ပြတိုက်မှာ တွေ့ရပါတယ်။

ဖာရိုဘုရင်တွေနဲ့အတူ တစ်ခြားကမ္ဘာက ထူးဆန်းတဲ့ သတ္တဝါတွေဟာ ပူးတွဲအုပ်ချုပ်ခဲ့ကြတယ်လို့ ဖော်ပြထားတာ တွေ့ရပြီး အဲဒီ သတ္တဝါတွေမှာ ထူးခြားတဲ့ အစွမ်းသတ္တိတွေ ရှိတယ်လို့လည်း ရေးသားထားတာ တွေ့ရပါတယ်။

ပုံလေးတွေကို ရှု့စားရင်း ထင်မြင်ယူဆချက်တွေကိုလည်း မန့်ခဲ့ကြပါဦးလို့။

Knight News Team

Knight News © 2022

Crd



Post Views:
8

Crd