ဖခင္ျဖစ္သူအလုပ္လုပ္ေနသည့္ Laptopကို ဖုန္ေတြေပေနလို႔ဆိုၿပီး သမီးေလးက ေရထဲစိမ္ကာ ဆပ္ျပာရည္နဲ႔ ေသခ်ာေလးပြတ္ေဆးေပးေနတာေၾကာင့္ ငိုလုမတတ္ျဖစ္ေနရသည့္ ဖခင္

ကြန္ပ်ဴတာ Laptopထဲတြင္ Appleအမွတ္တံဆိပ္ထုတ္ကုန္မွ ေစ်းႀကီးလြန္း၍ ေတာ္႐ုံလူမ်ားမကိုင္ၾကပဲ ကိုင္သည့္သူမ်ားသည္လည္း မပ်က္စီးသြားေအာင္ ႐ိုေသစြာ ကိုင္တြယ္ၾကသည္။
သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံ Shandongျပည္နယ္မွ ၂ႏွစ္အ႐ြယ္ သမီးေလးတစ္ဦးသည္ မနက္စာစားရင္းနဲ႔ ဖခင္ျဖစ္သူအလုပ္လုပ္ေသာ Laptopကိုၾကည့္ၿပီး ဖုန္မႈန္႔ေတြေပေနတာေၾကာင့္ ဖခင္ကိုကူညီသည့္အေနနဲ႔ သန္႔စင္ေဆးေၾကာေပးခဲ့သည္။
မိခင္ျဖစ္သူကလည္း သမီးေလးကိုေခ်ာ့သိမ့္ရင္း သူမပါအိပ္ေပ်ာ္သြားခဲ့ရာ သမီးေလးကႏိုးလာခ်ိန္ ေရခ်ိဳးခန္းထဲဝင္ၿပီး Laptopကို ေရဇလုံထဲထည့္ကာ ဆပ္ျပာရည္ေတြနဲ႔တကြ ေဆးေၾကာေနခဲ့သည္။
ထိုအျဖစ္ကို ေတြ႕ရွိေသာ မိခင္ျဖစ္သူမွာ ခင္ပြန္းသည္ျပန္လာခ်ိန္ျပသရန္အတြက္ ပုံ႐ိုက္ထားၿပီး သမီးေလးကို ဆူဆဲလိုက္ခ်င္ေပမယ့္လည္း ကေလးသဘာဝဘားမွမသိတတ္ေသးတဲ့အ႐ြယ္ေလးမို႔ မဆူရက္ေတာ့ပဲ ခင္ပြန္းျဖစ္သူမွာေတာ့ ငိုရမလိုျဖစ္ေနခဲ့သည္။
Rain (For Ialinks)
Unicode
ဖခင်ဖြစ်သူအလုပ်လုပ်နေသည့် Laptopကို ဖုန်တွေပေနေလို့ဆိုပြီး သမီးလေးက ရေထဲစိမ်ကာ ဆပ်ပြာရည်နဲ့ သေချာလေးပွတ်ဆေးပေးနေတာကြောင့် ငိုလုမတတ်ဖြစ်နေရသည့် ဖခင်
ကွန်ပျူတာ Laptopထဲတွင် Appleအမှတ်တံဆိပ်ထုတ်ကုန်မှ စျေးကြီးလွန်း၍ တော်ရုံလူများမကိုင်ကြပဲ ကိုင်သည့်သူများသည်လည်း မပျက်စီးသွားအောင် ရိုသေစွာ ကိုင်တွယ်ကြသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံ Shandongပြည်နယ်မှ ၂နှစ်အရွယ် သမီးလေးတစ်ဦးသည် မနက်စာစားရင်းနဲ့ ဖခင်ဖြစ်သူအလုပ်လုပ်သော Laptopကိုကြည့်ပြီး ဖုန်မှုန့်တွေပေနေတာကြောင့် ဖခင်ကိုကူညီသည့်အနေနဲ့ သန့်စင်ဆေးကြောပေးခဲ့သည်။
မိခင်ဖြစ်သူကလည်း သမီးလေးကိုချော့သိမ့်ရင်း သူမပါအိပ်ပျော်သွားခဲ့ရာ သမီးလေးကနိုးလာချိန် ရေချိုးခန်းထဲဝင်ပြီး Laptopကို ရေဇလုံထဲထည့်ကာ ဆပ်ပြာရည်တွေနဲ့တကွ ဆေးကြောနေခဲ့သည်။
ထိုအဖြစ်ကို တွေ့ရှိသော မိခင်ဖြစ်သူမှာ ခင်ပွန်းသည်ပြန်လာချိန်ပြသရန်အတွက် ပုံရိုက်ထားပြီး သမီးလေးကို ဆူဆဲလိုက်ချင်ပေမယ့်လည်း ကလေးသဘာဝဘားမှမသိတတ်သေးတဲ့အရွယ်လေးမို့ မဆူရက်တော့ပဲ ခင်ပွန်းဖြစ်သူမှာတော့ ငိုရမလိုဖြစ်နေခဲ့သည်။
Rain (For Ialinks)
Crd