ပွဲလာဧည့်သည်တော်များအား မင်္ဂလာလက်ဆောင်အဖြစ် စိန်လက်စွပ်များပြန်ပေးခဲ့တဲ့ တော်ဝင်မင်္ဂလာစုံတွဲတစ်တွဲ

ပွဲလာဧည့်သည်တော်များအား မင်္ဂလာလက်ဆောင်အဖြစ် စိန်လက်စွပ်များပြန်ပေးခဲ့တဲ့ တော်ဝင်မင်္ဂလာစုံတွဲတစ်တွဲ

ပွဲလာဧည့်သည်တော်များအား မင်္ဂလာလက်ဆောင်အဖြစ် စိန်လက်စွပ်များပြန်ပေးခဲ့တဲ့ တော်ဝင်မင်္ဂလာစုံတွဲတစ်တွဲ

အရှေ့အလယ်ပိုင်းနိုင်ငံဖြစ်တဲ့ Kuwait နိုင်ငံရဲ့ HRH Shaikh Fahad bin Nasser bin Sabah Al-Ahmad အမည်ရှိကူဝိတ်မင်းသားရဲ့မြေးတော် နှင့် Fay bint Loay bin Jassim Al Kharafi အမည်ရှိ ကူဝိတ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရဲ့မြေးမလေး တို့ရဲ့ တော်ဝင်ဇိမ်ခံမင်္ဂလာပွဲကြီးဟာ ဗြိတိန်မင်းသား William နှင့် Duchess Kate Middleton တို့ရဲ့တော်ဝင်မင်္ဂလာပွဲလောက် မကျော်ကြားပေမဲ့လည်း ၎င်းတို့ရဲ့ကြီးကျယ်ခမ်းနားလွန်းတဲ့မင်္ဂလာပွဲဟာ ဆိုရှယ်မီဒီယာပေါ်မှာ ” ဒဏ္ဍာရီဆန်ဆန် ကိစ္စ” လို့ ဖော်ပြခံထားခဲ့ရပြီး နိုင်ငံရဲ့သတင်းခေါင်းကြီးပိုင်းများအဖြစ်လည်း ထုတ်ဖော်ပြသခံခဲ့ရပါတယ်။

၎င်းတို့မင်္ဂလာပွဲဟာ တစ်နှစ်တာအတွင်း အခမ်းအနားများထဲမှ အခမ်းနားဆုံးတစ်ခုဖြစ်ခဲ့ပါတယ်။ ထိုမင်္ဂလာပွဲရှိ ခမ်းနားထည်ဝါတဲ့ သတို့သားဝတ်စုံနှင့် ဒဏ္ဍာရီပုံပြင်ဆန်ဆန် စိန်များစွာပါဝင်တဲ့ သတို့သမီးဝတ်စုံ တို့ကို တွေ့မြင်နိုင်ပါတယ်။

ထိုမင်္ဂလာအခမ်းအနားရှိ ခမ်းနားတဲ့နေရာအများစုကို အဖြူရောင်တစ်မျိုးတည်းဖြင့် အလှဆင်ထားပေမဲ့လည်း အမျိုးမျိုးသောကျောက်မျက်ရတနာများနှင့် တောက်ပြောင်တဲ့အရာများကို ပတ်ပတ်လည်မှာ မြင်တွေ့နိုင်ပါတယ်။ဒါပေမယ့် မီဒီယာများရဲ့ အာရုံစိုက်မှုကိုအထူးဖမ်းစားသွားစေခဲ့တဲ့တစ်ခုတည်းသောအရာကတော့ သေတ္တာသေးသေးလေးပေါ်မှာရပ်နေတဲ့ သတို့သမီးနဲ့ သတို့သား ပုံတူဖြစ်တဲ့ လက်ရာမြောက်လှတဲ့ အထူးမင်္ဂလာလက်ဆောင်တွေပါပဲ။

ရိုးရှင်းပုံရပေမဲ့ ထိုသေတ္တာတစ်ခုစီရဲ့အတွင်းမှာ စိန်လက်စွပ်ကို ထည့်ထားတဲ့ ချစ်စရာကောင်းတဲ့ ဗူးသေးသေးလေးတစ်ခုပါရှိနေပါတယ်။ ထိုအရာကို ဒီမင်္ဂလာပွဲသို့ ဖိတ်ကြားခြင်းခံရတဲ့ ဧည့်သည်တော်များအား အထူးလက်ဆောင်ပြန်ပေးဖို့ဖြစ်မှာ အသေအချာပါဘဲ။

မင်္ဂလာပွဲရှိ ပွဲလာဧည့်သည်တော်များမှာ အထက်တန်းစား အာရပ်ကြယ်ပွင့်များ၊ ကူဝိတ်ရဲ့ဩဇာအရှိဆုံးသူများနဲ့ ရောနှောနေရုံသာမက နိုင်ငံရဲ့အချမ်းသာဆုံးနဲ့ အကျော်ကြားဆုံးသူတွေပါ ပါဝင်နေတာကြောင့် ၎င်းတို့စုံတွဲက ၎င်းတို့ရဲ့ခမ်းနားထည်ဝါတဲ့မင်္ဂလာပွဲနဲ့လိုက်ဖက်မဲ့ မင်္ဂလာလက်ဆောင်များအတွက် ငွေထောင်သောင်းနဲ့ချီပြီး သုံးစွဲခဲ့ခြင်းဖြစ်နိုင်ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ၎င်းတို့ဇနီးမောင်နှံနှစ်ဦးက ၎င်းတို့ရဲ့မင်္ဂလာဧည့်ခံပွဲအပေါ် ဘယ်လောက်တောင် သဘောထားကြီးကြီးထားတယ်ဆိုတာ ကျွန်တော်တို့အား အံ့အားသင့်စေနေဆဲပါပဲ။ နောက်ထပ်သောစုံတွဲတစ်တွဲက ဒီဈေးနှုန်းနဲ့ ကြီးကျယ်ခမ်းနားတဲ့တော်ဝင်စုံတွဲရဲ့အလားတူမင်္ဂလာပွဲလို တစ်ပုံတည်းပြုလုပ်နိုင်ပါ့မလားတောင် တွေးမိသွားစေပါတယ်ဗျာ။

Crd

Crd