တာလီဘန်လက်က မြောက်ပိုင်းဒေသ ၃ ခု အာဖဂန်တပ်တွေ ပြန်သိမ်းပိုက်
အာဖဂန်နစ်စတန်နိုင်ငံကို တာလီဘန်တွေ ထိန်းချုပ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အာဖဂန်မြောက်ပိုင်းက ဒေသ ၃ ခုကို အာဖဂန်အစိုးရအဖွဲ့ဟောင်းကို သစ္စာခံတဲ့ တိုက်ခိုက်ရေးသမားတွေက သောကြာနေ့မှာ ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ အာဖဂန်မြောက်ပိုင်း Baghlan ပြည်နယ်မှာ အာဖဂန်တပ်တွေ ပြန်လည်ထိန်းချုပ်ထားကြောင်း တာလီဘန်လိုလားတဲ့ ဆိုရှယ်မီဒီယာတွေမှာလည်း ဖေါ်ပြထားပါတယ်။

တာလီဘန်တွေကို တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေရဲ့ ဒေသဆိုင်ရာအကြီးအကဲ Abdul Hamid က သူ့တပ်တွေဟာ အနားက ဒေသကိုပါ တိုက်ခိုက်ဖို့ သွားနေပြီဖြစ်ကြောင်းနဲ့ Baghlan ပြည်နယ် တခုလုံးကို ပြန်သိမ်းမှာ ဖြစ်ကြောင်း သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတခု ဖြစ်တဲ့ Andrab ကနေ ဗီဒီယိုနဲ့ သတင်းစကား ပါးခဲ့ပါတယ်။
တာလီဘန်တွေဘက်ကလည်း အာဖဂန်တပ်တွေကို ပြန်တိုက်ဖို့ သူ့တပ်ဖွဲ့တွေ စေလွှတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ အခြေနေမှန်ကို သိရဖို့ တာလီဘန်ပြောခွင့်ရ Zabihullah Mujahid ကို VOA က မေးမြန်းခဲ့ပေမယ့် ဘာမှတုံ့ပြန်ပြောဆိုတာ မရှိပါဘူး။

နိုင်ငံကနေ ထွက်ပြေးသွားတဲ့ သမ္မတဟောင်း Ashraf Ghani လက်ထက်က ပထမ – ဒုသမ္မတအဖြစ်တာဝန်ယူခဲ့တဲ့ Amrullah Saleh က တာလီဘန်တွေကို သူ့ဇာတိ Panjshir ပြည်နယ်ကနေ ပြန်ခုခံမယ်လို့ ပြောကြားပြီး မကြာမှီ ရက်ပိုင်းအတွင်းမှာ အခုလို တာလီဘန်တွေကို ပြန်လည်တိုက်ခိုက်မှုတွေ လုပ်လာတာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့က သမ္မတဟောင်း Ghani နိုင်ငံကနေ ထွက်ခွါသွားခဲ့တဲ့နောက် အာဖဂန်ဖွဲ့စည်းပုံအရ သူဟာ အိမ်စောင့်အစိုးရ သမ္မတ ဖြစ်ကြောင်း Saleh က ကြေညာခဲ့တာ ဖြစ်ပါတယ်။
VOA
zawgyi
တာလီဘန္လက္က ေျမာက္ပိုင္းေဒသ ၃ ခု အာဖဂန္တပ္ေတြ ျပန္သိမ္းပိုက္
အာဖဂန္နစ္စတန္နိုင္ငံကို တာလီဘန္ေတြ ထိန္းခ်ဳပ္ခဲ့ၿပီး ရက္ပိုင္းအတြင္းမွာပဲ အာဖဂန္ေျမာက္ပိုင္းက ေဒသ ၃ ခုကို အာဖဂန္အစိုးရအဖြဲ႕ေဟာင္းကို သစၥာခံတဲ့ တိုက္ခိုက္ေရးသမားေတြက ေသာၾကာေန႔မွာ ျပန္လည္သိမ္းပိုက္ခဲ့ပါတယ္။ အာဖဂန္ေျမာက္ပိုင္း Baghlan ျပည္နယ္မွာ အာဖဂန္တပ္ေတြ ျပန္လည္ထိန္းခ်ဳပ္ထားေၾကာင္း တာလီဘန္လိုလားတဲ့ ဆိုရွယ္မီဒီယာေတြမွာလည္း ေဖၚျပထားပါတယ္။
တာလီဘန္ေတြကို တိုက္ခိုက္ေနတဲ့ တပ္ဖြဲ႕ေတြရဲ့ ေဒသဆိုင္ရာအႀကီးအကဲ Abdul Hamid က သူ႔တပ္ေတြဟာ အနားက ေဒသကိုပါ တိုက္ခိုက္ဖို႔ သြားေနၿပီျဖစ္ေၾကာင္းနဲ႔ Baghlan ျပည္နယ္ တခုလုံးကို ျပန္သိမ္းမွာ ျဖစ္ေၾကာင္း သူတို႔ သိမ္းပိုက္ထားတဲ့ နယ္ေျမတခု ျဖစ္တဲ့ Andrab ကေန ဗီဒီယိုနဲ႔ သတင္းစကား ပါးခဲ့ပါတယ္။
တာလီဘန္ေတြဘက္ကလည္း အာဖဂန္တပ္ေတြကို ျပန္တိုက္ဖို႔ သူ႔တပ္ဖြဲ႕ေတြ ေစလႊတ္ခဲ့တယ္လို႔ သတင္းေတြမွာ ေဖၚျပထားပါတယ္။ အေျခေနမွန္ကို သိရဖို႔ တာလီဘန္ေျပာခြင့္ရ Zabihullah Mujahid ကို VOA က ေမးျမန္းခဲ့ေပမယ့္ ဘာမွတုံ႔ျပန္ေျပာဆိုတာ မရွိပါဘူး။
နိုင္ငံကေန ထြက္ေျပးသြားတဲ့ သမၼတေဟာင္း Ashraf Ghani လက္ထက္က ပထမ – ဒုသမၼတအျဖစ္တာဝန္ယူခဲ့တဲ့ Amrullah Saleh က တာလီဘန္ေတြကို သူ႔ဇာတိ Panjshir ျပည္နယ္ကေန ျပန္ခုခံမယ္လို႔ ေျပာၾကားၿပီး မၾကာမွီ ရက္ပိုင္းအတြင္းမွာ အခုလို တာလီဘန္ေတြကို ျပန္လည္တိုက္ခိုက္မႈေတြ လုပ္လာတာ ျဖစ္ပါတယ္။
တနဂၤေႏြေန႔က သမၼတေဟာင္း Ghani နိုင္ငံကေန ထြက္ခြါသြားခဲ့တဲ့ေနာက္ အာဖဂန္ဖြဲ႕စည္းပုံအရ သူဟာ အိမ္ေစာင့္အစိုးရ သမၼတ ျဖစ္ေၾကာင္း Saleh က ေၾကညာခဲ့တာ ျဖစ္ပါတယ္။
VOA