တရုတ်မှာ ရထား အသစ် ၁ စီးကို ပြသလိုက်ပြီး မောင်းနှင်နည်းစနစ်က ထူးခြားဆန်းသစ်ပါတယ်။ ရထားကို Red Rail လို့ အမည်ပေးထားပြီး သံလိုက်ကို ပုံသေ သုံးထားတဲ့ ကမ္ဘာ့ ပထမဆုံး သံလိုက်ရထား ဖြစ်ပါတယ်။
သမားရိုးကျ သံလိုက်ရထား စနစ်တွေမှာ လျှပ်စစ် သုံးပြီး မောင်းနှင်တဲ့ Electromagnets ကို အသုံးပြုထားပါတယ်။ Red Rail ကတော့ ကွဲပြားခြားနားပြီး ရှားပါးတဲ့ ကမ္ဘာ့ သတ္တုတွေ ပါတဲ့ သံလိုက်ကို အမြဲတမ်း အသုံးပြုထားပါတယ်။ တရုတ်ဟာ အဲဒီ သတ္တုတွေကို နိုင်ငံတကာမှာ အများဆုံးရောင်းချနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။
Red Rail ဟာ အဲဒီအတွက် လျှပ်စစ် မလိုဘဲ မောင်းနှင်နိုင်ပါတယ်။ တခြား သယ်ယူပို့ဆောင်ရေး စနစ်တွေထက် စွမ်းအင် သက်သာပြီး သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်စေပါတယ်။ Red Rail ဟာ မောင်းနှင်နေစဉ်မှာ ပြေးလမ်းနဲ့ ထိတွေ့နေခြင်း မရှိပါဘူး။
Red Rail ကို တရုတ် တောင်ပိုင်း Jiangxi ပြည်နယ်က Xingguo မှာ တည်ဆောက်ထားတာပါ။ Red Rail ဟာ မြေပြင်အထက် ၁၀ မီတာ သို့မဟုတ် ၃၃ ပေမှာ မောင်းနှင်တာဖြစ်ပြီး ခရီးသည် ၈၈ ယောက်ကို သယ်ဆောင်တဲ့ တွဲ ၂ ခု ပါပါတယ်။
စမ်းသပ်တဲ့ ပြေးလမ်းဟာ မီတာ ၈၀၀ အရှည်ရှိပြီး ၁ နာရီကို ၈၀ ကီလိုမီတာ အမြန်နှုန်း သို့မဟုတ် မိုင် ၅၀ နဲ့ မောင်းနှင်နိုင်ပါတယ်။ စမ်းသပ်ပြီးနောက် ၇.၅ ကီလိုမီတာ အရှည်ရှိတဲ့ ပြေးလမ်းမှာ စမ်းသပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီအချိန်ကျရင် ၁ နာရီကို ၁၂၀ ကီလိုမီတာနဲ့ မောင်းနှင်နိုင်မှာပါ။
Ref : sg.news.yaho
Crd