■‌ပြန်လည်မွေးဖွားခြင်းဆိုသည့်ခံစားချက်ကိုရရှိစေသော ဓားကုထုံး

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■‌ပြန်လည်မွေးဖွားခြင်းဆိုသည့်ခံစားချက်ကိုရရှိစေသော ဓားကုထုံး

ဓားတွေကို ပုံမှန်အားဖြင့် လူသတ်*ဖို့နှင့် အခြားသော ရာဇဝတ်ဆိုင်ရာ လုပ်ငန်းစဥ်တွေကို ပြုလုပ်တဲ့နေရာမှာ အသုံးပြုကြပါတယ်။
ထို့အတူ ပရိသတ်ကြီး အရမ်းကြိုက်တဲ့ အမဲသားတုံးကို လှီးဖြတ်တဲ့နေရာမှာလည်း သုံးလိူ့ရပါသေးတယ်။

ဓားတွေကိုဆိုရင်တော့ လူတိုင်းလိုလို ကြောက်ကြတာပါ။
သို့သော်လည်းပဲ ဒီအရာကို ထိုင်ဝမ်မှာရှိတဲ့ ဒေါင်လီယောင် မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက ဓားကုထုံး အဖြစ် ပြောင်းလဲ အသုံးပြုကြပါတယ်။

ဓားကုထုံးရဲ့ မူလအစဟာ ရှေးဟောင်းတရုတ်နိုင်ငံမှ ဆင်းသက်လာတာပါ။
ဒီကုထုံးရဲ့ ရည်ရွယ်ချက်ကတော့ လူနာတွေကို ဓားသွားအမျိုးမျိုးဖြင့် ပြန်လည် မွေးဖွားခြင်းခံစားချက်ကို ရရှိစေချင်လို့ပဲဖြစ်ပါတယ်။
အရမ်းလဲကြောက်စရာတော့မလိုပါဘူး။

ကျွန်မတို့ကဒီမှာ အလွန်ချွန်ထက်တဲ့သားသတ်*သမားရဲ့ ဓားကိုပြောနေတာမဟုတ်ပါဘူး။
ဒီကုထုံးဟာ အလွန်ညင်သာပြီး လူ့ခန္ဓာကိုယ်နှင့် ဓားသွားရဲ့ ထိတွေ့မှုဟာ အင်မတန် စိတ်ချရပါတယ်။

ဓားကုထုံးနှင့်ပတ်သက်ပြီးတော့လဲ ၃ နှစ် အထက် အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်ပညာရှင်က ပြုလုပ်ပေးတာပါ။
ဒီလို မူမမှန်တဲ့ ကုထုံးဟာ ခေါင်းကိုက်ခြင်း အဆစ်အမြစ် ရောင်ကိုင်းခြင်း နှင့် ခါးနာတာတွေကို သက်သာပျောက်ကင်းစေပါတယ်။
Ref:youtube
Trans:thegeektext

zawgyi



ထို့အတူ ပရိသတ်ကြီး အရမ်းကြိုက်တဲ့ အမဲသားတုံးကို လှီးဖြတ်တဲ့နေရာမှာလည်း သုံးလို့ရပါသေးတယ်။




Ref:youtube
Trans:thegeektext