ထရန့်ထောက်ခံသူလူအုပ်ကြီးမှကွန်ဂရက်အားဝင်ရောက်စီးနင်းအစည်းအဝေးပုံမှန်ပြန်လည်စတင်

News

ထရန့် ထောက်ခံသူ လူအုပ်ကြီးမှကွန်ဂရက် အား ဝင်ရောက်စီးနင်း အစည်းအဝေး ပုံမှန် ပြန်လည်စတင်

ထရန့် ထောက်ခံသူ လူအုပ်ကြီးသည်အမေရိကန် ၏ ဒီမိုကရေစီ ခံတပ်ကြီးအား နာရီပိုင်းခန့်ကြာအောင် ခေတ္တ ထိန်းသိမ်းနိုင်ခဲ့ပြီး ပြစ်ခတ်မှူများ ဖြစ်ပွားခဲ့ရာမှ အမျိုးသမီးတဦး သေဆုံးသွားခဲ့ရပြီးနောက် ပုံမှန် ပြန် လည် စတင်နိုင်ခဲ့ပြီ ဖြစ်သဖြင့် ညအချိန်ရောက်နေပြီ ဖြစ်သော်လည်း ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ဒုသမ္နတ မိုက်ပင့်စ်က အမေရိကန် သမိုင်းတွင် အမှောင်ဖုံးလွှမ်းခဲ့သော နေ့တနေ့အဖြစ် ပြောဆိုလိုက်ပါတယ်။ အကြမ်းဖက်မှု ဖြင့် မည်သည့် အခါမျှ အနိုင်ရနိုင်စရာမရှိ၊ လွတ်လပ်ခြင်းတရားဖြင့်သာ အောင်မြင်ရာ၏ လို့ ပြောဆိုခဲ့ပါတယ်။

ကက်ပီတို အဆောက်အအုံကို ဝါရှင်တန်စံတော်ချိန် ညနေ ၅:၄၀ မှာ ပြန်လည်ထိန်းချုပ်နိုင်လိုက်ပြီ ဖြစ်တယ်လို့ ကွန်ဂရက်၏ လုံခြုံရေး အကြီးအကဲက တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ဝါရှင်တန် မြို့တော်ဝန် မှ ညနေ ၆ နာရီမှမနက် ၆ နာရီ အထိ ညမထွက်ရ အမိန့်ကိုထုတ်ပြန်လိုက်ပြီး အမျိုးသား အစောင့်
တပ် ၁,၁၀၀ ကို ခေါ်ယူ တပ်ဖြန့်ချထားခဲ့ပါတယ်။နေ့လည် ၂:၁၅ မှာ ရုတ်ရုတ်သဲသဲ စတင်ဖြစ်ပွားခဲ့ပြီး ရွေးကောက်ပွဲ ရလဒ်ကို ကြေညာနေတဲ့ ဒုသမ္မတ မိုက်ပင့်စ်ကို
လုံခြုံရာ ဥမင်လှိုဏ်ခေါင်းထဲ ခေါ်သွားခဲ့ရပါတယ်။ ကက်ပီတိုရှေ့ လုံခြုံရေးအတားအဆီးတွေကို အတင်းဖြတ်ကျော်ပြီး လူအုပ်ကြီးက ဝင်ရောက်လာကာ ဒုသမ္မတ ရှိရာ စင်မြင့်အထိပင် ရောက်ရှိလာနိုင်ခဲ့တာမို့ မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့ရပြီး အမတ်တွေက ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ပရိဘောဂတွေ ရိုက်ချိုးပြီးလက်နက် အဖြစ် ကိုင်ဆောင်ထားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ထရန့် မှ တွစ်တာကနေ အားပေးနေတာကြောင့် သူ၏ အကောင့်ကို ချက်ခြင်းလိုပိတ်ပြစ်ခံခဲ့ရပါတယ်။လက်ရှိ ဖြစ်ရပ်အတွက် သမ္မတ ထရန့်မှာလုံးဝ တာဝန်ရှိကြောင်း ‌သူ့ကို ‌ယခင်ကထောက်ခံခဲ့သူ များ အပါအဝင် အားလုံးက တညီတညွတ်တည်း ပြောဆိုရှုံ့ချလိုက်ကြပြီ ဖြစ်တဲ့ အတွက် ထရန့် အဖို့ လုံးဝအရေးနိမ့်သွားခဲ့ရပြီ ဖြစ်ပါတယ်။
ကက်ပီတိုကို သွားရောက်ဆန္ဒပြဖို့ သူရဲ့ထောက်ခံသူများကို အိမ်ဖြူ‌ တော်ရှေ့ထွက်ပြီး ထရန့်က ကိုယ်တိုင်ကိုယ်ကျတိုက်တွန်းခဲ့ပါတယ်၊ အခြေ
အနေတွေ ထိန်းမနိုင် သိမ်းမရ ဖြစ်လာချိန် ညနေ ၄ နာရီ မှာ သမ္မတလောင်းဘိုင်ဒင် အပါအဝင် သူ့ကိုထောက်ခံသူများ
က ကြေညာချက် ထုတ်ပြီး တားမြစ်ဖို့ ဝိုင်းဝန်း ပြောဆိုကြတဲ့ အတွက် တွစ်တာကနေ အိမ်ပြန်ကြဖို့ ထရန့် က “GO HOME, WE LOVE YOU” လို့ ရေးသားခဲ့ပါတယ်။

ဒီလိုမျိုး အဖြစ်အပျက်တွေက တောင်အမေရိက နဲ့ အာဖရိက တိုက် နိုင်ငံများမှာ သာ ဖြစ်တတ်ပြီး အမေရိကန်မှာ ဒါမျိုးလာလုပ်လို့ မရဘူးလို့ သမ္နတဟောင်း
ဂျော့ခ်ျ ဘွတ်ရှ် က ပြင်းထန်တဲ့ စကားလုံးတွေသုံးပြီး ရှုတ်ချခဲ့ပါတယ်။ထရန့်ရဲ့ အမာခံ တဦးဖြစ်တဲ့ အိမ်ဖြူတော် ဆက်သွယ်ရေး ညွန်ကြားရေးမှူးအယ်လီရှာ ဖာရာက တွစ်ဝာာကနေ”ELECTION WAS NOT STOLEN, WE LOST” လို့ ပို့စ် တင်ပြီး ထရန့် ထောက်ခံသူတွေကို ရှေ့ဆက် မတိုးဖို့ ဟန့်တားခဲ့ရ
ပါတယ်။ဝါရှင်တန်ရှိ မြို့ပြအဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များနဲ့ ဥပဒေပြုအမတ် အချို့က ဒုသမ္မတ မိုက်ပင့်စ်အား ဖွဲ့စည်းပုံ အပိုဒ် ၂၅ ကို
သုံးပြီး ထရန့် ကို ချက်ခြင်းဖယ်ရှားဖို့တောင်းဆိုလာကြပါတယ်။

ယခုအခါ ဂျော်ဂျီယာ ပြည်နယ် အထက်လွှတ်တော် အမတ် ‌ရွေးကောက်ပွဲတွင်ဒီမိုကရက်များက နှစ်နေရာစလုံးတွင် အနိုင်ရရှိသွားပြီ ဖြစ်တဲ့အတွက် အောက်
လွှတ်တော် နှင့် အထက်လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ထိုသို့ လွှတ်တော် နှစ်ရပ်ပေါင်းကို ပါတီတခုတည်းက ထိန်းချုပ်နိုင်ခဲ့ဝာာ ၁၈၉၂ မှာ တကြိမ်
သာ ဖြစ်ခဲ့ဖူးတာမို့ ဒီမိုကရက်‌တွေ အဖို့ ထရန့်ကိုတောင် ကျေးဇူးတင်သင့်လှပါတယ်။ဒေါ်နယ်ထရန့် အဖို့ နောက်ဆုံးမျှော်လင့်ချက် အဖြစ် ရွေးကောက်ပွဲ ရလဒ်ကို ဒုသမ္မတ က ပယ်ဖျက်ပေးလိမ့်မယ်လို့ တွက်ဆ ထားခဲ့သော်လည်း မိုက်ပင့်စ်က သူသည် ဖွဲ့စည်းပုံ ကို လိုက်နာသွားမယ်လို့ ကြေ ညာချက် ထုတ်အပြီးမှာ
ကက်ပီတိုကို ချီတက် အကြမ်းဖက်ကြဖို့သူ့လူများကို ထရန့်က အချက်ပြလိုက်တာပဲ ဖြစ်ပါတယ်။

ဒီအတွက် အမေရိကန် သမိုင်းမှာ အရုပ်ဆိုးအကျည်းတန်ဆုံး ဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့ပါတယ်၊ ဒီဖြစ်ရပ်အပေါ် ရီပတ်ဘလီကင်အထက်လွှတ်တော် အမတ် မစ်ခ်ျ ရိုမီ က
“ဒီလို လူမျိုးကို မဲပေးခဲ့တဲ့ ခင်ဗျားတို့အခု ဖြစ်ခဲ့တာကိုသာ ကြည့်တော့” ဟုထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

ကိုးကား၊။ ၊။ The New York Times
Hla Soewai မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

Leave a Reply