ပြည်ပရောက် ‌မြန်မာများ လုပ်ခလစာ လွှဲပို့လျှင် ဗဟိုဘဏ်မှ ပံ့ပိုးထောက်ပံ့ငွေ ချီးမြှင့်မည်

ပြည်ပရောက် ‌မြန်မာများ လုပ်ခလစာ လွှဲပို့လျှင် ဗဟိုဘဏ်မှ ပံ့ပိုးထောက်ပံ့ငွေ ချီးမြှင့်မည်













ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ပြည်တွင်းသို့ ပြန်လည်လွှဲပို့သည့် လုပ်ခလစာများအား ပံ့ပိုးထောက်ပံ့ငွေအဖြစ် တစ်ဒေါ်လာလျှင် (၃၀) ကျပ် အပိုထပ်ဆောင်းပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က သတင်း ထုတ်ပြန်သည်။ အဆိုပါ သတင်း ထုတ်ပြန်ချက်ကို အောက်တိုဘာ (၂၈) ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို ထပ်ဆောင်းအပိုငွေ ပေးအပ်ခြင်းမှာ ပြည်ပရောက် မြန်မာလုပ်သားများအနေဖြင့် ပြည်တွင်း၌ နိုင်ငံခြားငွေကို တစ်ဖက်တစ်လမ်းမှာ ရှာဖွေပေးနေသည့် အတွက် ဂုဏ်ပြုခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုသည်။

အဆိုပါ အပိုထပ်ဆောင်းငွေ (၃၀) ကျပ်ကို ပြည်တွင်းရှိ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့်ရှိသည့် လိုင်စင်ရဘဏ်များမှ တဆင့် ပြန်လည် လွှဲပို့လာသည့် လုပ်ခလစာများကို ထပ်ဆောင်းပေးမည့် အစီအစဉ်ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ပြည်ပမှ ပြန်လည် လွှဲပို့သည့် လုပ်ခ လစာများတွင် ဒေါ်လာအပြင် အခြားသော နိုင်ငံခြားငွေကြေးများလည်း အကျုံးဝင်ကြောင်း သိရသည်။ ပံ့ပိုးငွေ ထောက်ပံ့တဲ့ အစီအစဉ်ကိုတော့ ငွေထုတ်ယူတဲ့နေ့မှာ ချက်ချင်း ထည့်သွင်းပေးမှာ ဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၁ ရက်က စပြီး အကျိုးသက်ရောက်မှုရှိမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

လက်ရှိ ပြည်တွင်း နိုင်ငံခြားငွေ ဈေးကွက်ပြင်ပပေါက်ဈေးမှာ အမေရိကန် တစ်ဒေါ်လာလျင် ၃၀၀၀ ဝန်းကျင် ဖြစ်ပြီး ဗဟိုဘဏ်က ၂၁၀၀ ကျပ်ဖြင့်သာ ရောင်းဝယ်လဲလှယ်ကြရန် ရည်ညွှန်းသတ်မှတ်ထားခြင်းဖြစ်သည်။



Post Views:
6








Crd