အမေရိကန်တို့နေ၀င်ချိန်စတင်လေပီလား(ပြည်ပရင်းနှီးမြှုပ်နှံမှုသစ်ထိပ်ဆုံးနေရာကို အမေရိကန်ထံမှ တရုတ်လွှဲပြောင်းရယူ)

News

ပြည်ပရင်းနှီးမြှုပ်နှံမှုသစ် ထိပ်ဆုံးနေရာကို အမေရိကန်ထံမှ တရုတ်လွှဲပြောင်းရယူ

ဇန်နဝါရီ ၂၄ ရက်က ထုတ်ပြန်သော ကုလသမဂ္ဂကိန်း ဂဏန်းအချက်အလက်များအရ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု သစ်အတွက် ကမ္ဘာ့ထိပ်တန်းနေ ရာအဖြစ် တရုတ်နိုင်ငံက အမေရိ ကန်နိုင်ငံကို ကျော်တက်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က အမေရိက သို့ ပြည်ပကုမ္ပဏီများ၏ ရင်းနှီး မြှုပ်နှံမှုသစ်များ ထက်ဝက်နီးပါး ကျဆင်းသဖြင့် နံပါတ် (၁)နေရာ ကို ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့် တရုတ်ကုမ္ပဏီများသို့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၄ ရာခိုင်နှုန်းတိုး တက်ကြောင်း ကုလသမဂ္ဂအ ချက်အလက်များက ပြသရာ တစ် ကမ္ဘာလုံး နံပါတ် (၁)ချိတ်စေခဲ့ သည်။

ပြီးခဲ့သည့်နှစ်က တရုတ်သို့ စီးဝင်လာသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏက ကန်ဒေါ်လာ ၁၆၃ ဘီလီယံရှိပြီး အမေရိကန်သို့ ကန် ဒေါ်လာ ၁၃၄ ဘီလီယံ ဝင်ရောက်ခဲ့ကြောင်း ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ (UNCTAD)က ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြသည်။

၂၀၁၉ က အမေရိကန်အနေ ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသစ် အဖြစ် ကန်ဒေါ်လာ ၂၅၁ ဘီလီယံရရှိပြီး တရုတ်က ကန်ဒေါ်လာ ၁၄၀ ဘီလီယံရရှိခဲ့သည်။
ပြည်ပရင်းနှီးမြှုပ်နှံမှုသစ် တွင် တရုတ်က နံပါတ် (၁) ဖြစ် ကောင်းဖြစ်နိုင်သော်လည်း စုစု ပေါင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ နှင့်ပတ်သက်၍ အမေရိကန်က ကြီးစိုးထားဆဲဖြစ်သည်။
ကမ္ဘာ့အကြီးဆုံး စီးပွားရေး အမေရိကန်က ကာလရှည်လွှမ်း မိုးထားသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဗဟိုချက်သို့ တရုတ်ချီ တက်လာသည်ကို ယခုကိန်း ဂဏန်းများက မီးမောင်းထိုးပြနေ သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

Ref: BBC
7DayNews

zawgyi

Leave a Reply