ပြင်းထန်တဲ့ စင်္ကာပူဥပဒေများ

ပြင်းထန်တဲ့ စင်္ကာပူဥပဒေများ

ပြင်းထန်တဲ့ စင်္ကာပူဥပဒေများ

ရောမရောက်ရင် ရောမလို ကျင့်ရမယ်ဆိုတဲ့ စကားပုံကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒီစကားပုံရဲ့ ဆိုလိုရင်းကတော့ တခြားအရပ်ဒေသကိုရောက်ခဲ့ရင် အဲဒီဒသရဲ့ ဓလေ့ထုံးတမ်းတွေကို သိရှိပြီး ဥပဒေတွေကို လိုက်နာနေထိုင်ရမယ်ဆိုတာကို ဖြစ်ပါတယ်။

အခုတလော ရွှေမြန်မာတွေလည်း ပြည်ပကို ခရီးသွားတွေများလာပြီဆိုတော့ သိသင့်သိထိုက်တဲ့ စင်္ကာပူနိုင်ငံက ဉပဒေအကြောင်းကို ရှာဖွေတင်ပြလိုက်ပါတယ်။

စင်္ကာပူမှာ သေဒါဏ်ချမှတ်ခံရသူ ဒီနှစ်အထိဆို (၁၀)ဦး ရှိသွားပါပြီ။ နှစ်အများကြီးကြာမှ သေဒါဏ်ဆိုတော့ မများဘူးလို့ ဆိုနိုင်ပေမဲ့ အဲဒီပြစ်ဒါဏ်ချခံရသူတွေဟာ ဉပဒေကို သိသိကြီးနဲ့ဖောက်ဖျက်ကျူးလွန်ခဲ့သူတွေ တစ်ယောက်မှ မပါဘူးဆိုတော့ အင်မတန် သတိထားရမယ့်အချက်ပါ။

စင်္ကာပူမှာ လမ်းပေါ်က ခိုတွေကို အစာကျွေးတာ၊ ပီကေဝါးရင်း လမ်းသွားတာ၊ အိမ်နေအဝတ်အစား (မလုံ့တလုံ)နဲ့ လမ်းပေါ်လျှောက်သွားတာမျိုကအစ လုပ်လို့မရပါဘူး။

တကယ်တော့ စင်္ကာပူဉပဒေတွေဟာ ဘဝကို ရှု့ထောင့်အမျိုးမျိုးကကြည့်ပြီး ချမှတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ကြည့်ကြရအောင်နော်။

(၁) Buy Home (အိမ်ဝယ်ခြင်း)

သင်ဟာ Single (လက်မထပ်ရသေးသူ)တစ်ယောက်ဖြစ်ရင် အိမ်ဝယ်ဖို့ ခွင့်မပြုပါဘူး။ ကျဉ်းမြောင်းပြီး လူဦးရေတိုးလာနေတဲ့ စင်္ကာပူလို ကျွန်းနိုင်ငံလေးမှာ မြေတစ်နေရာဟာ ရွှေလိုတန်ဖိုးရှိပါတယ်။

အခန်းတွေဟာ ဈေးအရမ်းကြီးပါတယ်။ သင်ဟာ လက်မထပ်ရသေးခင်ဆိုရင် အိမ်ခန်းဝယ်ခွင့်ရမှာ မဟုတ်ပါဘူး။ သင်ဟာ ကွာရှင်းထားဖူးသူဆိုရင်တော့ Housing Board အဖွဲ့က သင့်ဝယ်ယူခွင့်ကို (၃)နှစ် ဆိုင်းငံ့ထားပါလိမ့်မယ်။

(၂) Seen in the Nude (မလုံ့တလုံဝတ်စားခြင်း)

အိမ်ထဲမှာဆိုပေမဲ့ သင်နေချင်သလို နေမယ်ဆိုရင် ပြတင်းပေါက်တွေ၊ လိုက်ကာတွေ ပိတ်ထားဖို့တော့ မမေ့ပါနဲ့နော်။ မေ့လို့ တစ်စုံတစ်ယောက်က မြင်သွားရင် သင်ဟာ ရာဇဝဝာ်မှုကျူးလွန်တာ ဖြစ်သွားပါပြီ။

တိုင်းကြားသူရှိလို့ကတော့ ဒါဏ်ငွေ ၂၀၀၀ ပေးမလား၊ ထောင်(၃)လ အကျခံမလား ရွေးပေတော့ပဲ။

(၃) Chewing Gum (ပီကေဝါးခြင်း)

ပီကေဝါးခြင်းကို စင်္ကာပူမှာ ခွင့်မပြုပါဘူး။ အလားတူ ပီကေရောင်းချခြင်းကိုလည်း ခွင့်မပြုပါဘူး။ ပီကေရောင်းချတာတွေ့ရင် ဒေါ်လာ ၁၀၀,၀၀၀ (တစ်သိန်း) ပေးဆောင်ရပါလိမ့်မယ်။

ဒါကိုမှ ထပ်မံကျူးလွန်ရင်တော့ ထောင် (၂)နှစ်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ စင်္ကာပူဟာ လမ်းတွေရဲ့ သန့်ရှင်းမှုကို အထူးဂရုစိုက်လို့ပဲ ဖြစ်ပါတယ်။

(၄) Littering (အမှိုက်ပစ်ခြင်း)

လမ်းပေါ်မှာ စီးကရက်တိုတို့၊ ဘီယာဘူးခွံတို့ ပစ်ချမိရင်‌တော့ ဒါဏ်ငွေ ဒေါ်လာ ၁၀၀၀ ပါ။ စည်းကမ်းမဲ့ တံတွေးထွေးတာကိုတွေ့ရင်လည်း အတူတူပါပဲ။

လမ်းပေါ်မှာ ပန်းချီဆွဲတာတို့၊ နံရံပေါ်မှာ ဂရပ်ဖစ်တီဆွဲဖို့တို့ကို ယောင်လို့‌တောင် မစဉ်းစားမိပါစေနဲ့။ ဒါကို လက်သရမ်းတာ၊ ဖျက်ဆီးတာလို့ယူဆပြီး ကြိမ်ဒါဏ်အပြစ်ပေးခံရပါလိမ့်မယ်။

(ရွှေမြန်မာတွေ ကွမ်းကြိုက်တာ သတိထားဖို့ရယ်၊ လက်ကမျင်းတာ လျော့ဖို့ရယ် အကြံပြုပါတယ်။ ကြိမ်ဒါဏ်ဆိုလို့ ပေါ့သေးသေး မထင်ပါနဲ့။ သေရာပါ အမာရွတ်ကျန်နေတဲ့ လျှပ်စစ်ကြိမ်ဒါဏ်ပါ။)

(၅) Wi-Fi (ဝိုင်ဖိုင်သုံးစွဲခြင်း)

သင့်ရဲ့ Wifi ကို သင်တစ်ယောက်တည်းသာ အသုံးပြုခွင့် ရှိပါတယ်။ တခြားသူတစ်ယောက်ရဲ့ Wifi ကို မျှဝေသုံးဆွဲခြင်းဟာ စင်္ကာပူမှာတော့ ဟက်(Hack)လုပ်တယ်လို့ ယူဆပါတယ်။

ဒါဆို ဘယ်လိုဖြစ်မလဲ မှန်းကြည့်စမ်းပါ။ ဒါဏ်ငွေ ဒေါ်လာ ၁၀,၀၀၀ နဲ့ ထောင် ၃ နှစ်ပါတဲ့ဗျာ။

(၆) Feeding Pigeons (ခိုစာကျွေးခြင်း)

ခိုတွေကို တွေ့လို့ရှိရင် ဝေးဝေးရှောင်ပါ။ ခိုတွေဖက်ကို တစ်ခုခု ပစ်ပေးတဲ့ပုံစံတောင် မလုပ်မိပါစေနဲ့။ အစာကျွေးတယ်လို့ ယူဆရင် ဒါဏ်ငွေ ၅၀၀ ပေးဆောင်ရပါလိမ့်မယ်။

(၇) စင်္ကာပူမှာ ရှက်စရာလို့ ယူဆရတဲ့အရာမှန်သမျှ တားမြစ်ပါတယ်။ ဉပဒေစကားလုံးအရ Obscene လို့ သုံးနှုန်းပေမဲ့ ရှင်းရှင်းလင်းလင်းတော့ မရှိပါဘူး။

ဒါတွေမှာ စာအုပ်၊ သီချင်း ရုပ်ရှင်ကအစ ပါဝင်နေပါတယ်။ အဲဒါတွေကြောင့် လူတွေမှာ ကိုယ်ကျင့်တရားပျက်ပြားပြီး အကျင့်ပျက်ခြစားမှုတွေ ဖြစ်လာနိုင်လို့ပါတဲ့။

(၈) Drugs (မူးယစ်ဆေးဝါး)

မူးယစ်ဆေးဝါးကတော့ တခြားနိုင်ငံတွေလိုပဲ ပြင်းထန်တဲ့ ပြစ်ဒါဏ်တွေရှိပါတယ်။ သုံးစွဲတာ၊ ထုတ်လုပ်တာ၊ ရောင်းဝယ်ဖောက်ကားတာတွေရှိရင် အနည်းဆုံး ထောင် ၁၀ နှစ်ပါ။

(၉) သေဒါဏ်

စင်္ကာပူမှာ သေဒါဏ်အပြစ်ပေးတာ ရှိပါတယ်။ လူသဝာ်တာ၊ ပြန်ပေးဆွဲတာ၊ ပြစ်မှုထင်ရှားရင် သေဒါဏ်ပါ။

(၁၀) Oral Sex

ဓမ္မတာအတိုင်းမဟုတ်ဘဲ လိင်ဆက်ဆံမှုကို ၂၀၀၇ ခုနှစ်အထိ တားမြစ်ထားပါတယ် ။လိင်တူဆက်ဆံခြင်းကို တားမြစ်ထားပါတယ်။ ကျူးလွန်ရင် ထောင် ၂ နှစ်ပါ။

(၁၁) ပါတီပွဲ

ပါတီလုပ်မယ်ဆိုရင် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေဆီက ခွင့်ပြုချက်အရင်ယူရပါတယ်။ ည ၁၀ နာရီနောက်ပိုင်းကနေ နောက်နေ့မနက် ၇ နာရီအထိ လုံးဝခွင့်မပြုပါဘူး။ ကျူးလွန်ရင်တော့ ဒါဏ်ငွေ ၂၀,၀၀၀ ပေးဆောင်ရမှာမို့ ပျော်ရတာ တန်မှာမဟုတ်ပါဘူး။

(၁၂) Suicide (ကိုယ့်ကိုကိုယ်သေးကြောင်းကြံစည်မှု)

စင်ကာပူဉပဒေအရ သေကြောင်းကြံစည်တာ ထင်ရှားရင် ထောင် ၁ နှစ်ပါ။

ကဲ စလုံးသွားမယ့် ရွှေမြန်မာတို့ သတိထားစရာလေးတွေကို တင်ပြလိုက်ပါတယ်။

Knight News Team

Knight News © 2022

Crd

Crd