TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ပြင်သစ်နိုင်ငံအော့ထရစ်မြို့မှာ ဝက်သစ်ချရွက်တွေမိုးအဖြစ်ရွာချခဲ့(၁၈၆၉ ခုနှစ်)

ရံဖန်ရံခါ မိုးထဲမှာ အုတ်ဂျုံ ၊ ရိုင်းဂျုံ၊ ပန်းပွင့်နဲ့ အခြားအပင်တွေ ပါတတ်ပါတယ်။ဥပမာအနေနဲ့ ၁၈၆၉ ခုနှစ်မှာ ပြင်သစ်နိုင်ငံ အော့ထရစ် မြို့မှာ ဝက်သစ်ချရွက်တွေ မိုးအဖြစ်ရွာချခဲ့တာပါ။

နယ်ခံတွေက တော်တော်လေးအံသြခဲ့ကြမယ်ဆိုတာ အသေအချာပါပဲ။ရာသီဥတုသာယာတဲ့အပြင် နေသာနေတဲ့အချိန်မှာ အရွက်တွေက ကောင်းကင်အမြင့်ကနေ မြေပြင်ပေါ်ကို အချိန်အတော်ကြာကျနေခဲ့တာပါ။

ဒီမိုးဖြစ်လာရခြင်းရဲ့အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ခြောက်ရက်လောက်က အဲ့ဒီနားမှာဖြစ်ခဲ့တဲ့ ပြင်းထန်တဲ့လေဆင်နှာမောင်းကြောင့်ပါပဲ။

လေဆင်နှာမောင်းက ဝက်သစ်ချအရွက်တွေကို ဆွဲယူသွားပြီး လေထဲမှာခြောက်ရက်တိုင်အောင် အရွက်တွေကို မြင့်သထက်မြင့်အောင်ယူဆောင်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ မြေပြင်ပေါ်ကို သစ်ရွက်မိုးအဖြစ် ပြန်ကျလာခဲ့တာပါ။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext