ပျော်ဖို့ကောင်းသလို ဝင်ငွေလည်းကောင်းတဲ့ အလုပ်များ

Knowledge

အလုပ်လုပ်နေကြတဲ့ လူတော်တော်များများဟာ အလုပ်လုပ်နေရတာကို စိတ်ပျက်ဖို့ကောင်းတဲ့အရာတစ်ခုအဖြစ် ရှု့မြင်ကြပါတယ်။ ဒါပေမယ့် ဒီလိုချည်းပဲ ယူဆလို့မရပါဘူး။ တစ်ချို့အလုပ်တွေက ပျော်ရွှင်စရာ စိတ်ဝင်စားစရာကောင်းသလို ဝင်ငွေလည်း ကောင်းကြပါတယ်။ ဒီနေ့ kwee page က ပျော်ဖို့ကောင်းသလို ဝင်ငွေလည်း ကောင်းတဲ့အလုပ်တွေအကြောင်း ပြောပြပေးသွားမှာပါ။

ဖရာရီကားမောင်း သင်ပေးသူ

လူအများက ကားစီးနိုင်ဖို့ ပိုက်ဆံကို ကြိုးကြိုးစားစားရှာဖွေစုဆောင်းနေချိန်မှာ ဖရာရီကားမောင်းပြီး ပိုက်ဆံရနေမယ့် အလုပ်မျိုးပါ။

လစာ – တစ်နှစ်ကို ဒေါ်လာ (၉၀၀၀၀) ကနေ (၁၂၀၀၀၀) ကြားရှိပါတယ်။

လိုအပ်ချက် – ပရော်ဖက်ရှင်နယ် ပြိုင်ကား မောင်းခြင်းနဲ့ ကားမောင်းလေ့ကျင့်သင်ကြားခြင်းတွေမှာ လုပ်သက်အတွေ့အကြုံ ကောင်းကောင်းရှိရပါမယ်။

ဗီဒီယို ဂိမ်းကစားသမား

ဂိမ်းကစားတဲ့ ဝါသနာပါတဲ့လူတွေအတွက် အကောင်းဆုံးအလုပ်ပါ။ ကိုယ်ဝါသနာပါတဲ့ ဂိမ်းကစားပြီး ပိုက်ဆံရှာရတဲ့အလုပ်မျိုးကို လူတိုင်းနီးပါးလုပ်ချင်ကြမယ်ထင်ပါတယ်။

လစာ – တစ်နှစ်ကို ဒေါ်လာ (၅၀၀၀၀) အထိရရှိနိုင်ပါတယ်။ ပြိုင်ပွဲကစားရတဲ့ အပေါ်မှာမူတည်ပြီး ခံစားခွင့်တွေလည်းရှိပါတယ်။

လိုအပ်ချက် – ဂိမ်းကစားတာ ကျွမ်းကျင်ပိုင်နိုင်ရမယ်။ ဂိမ်းအကြောင်းအသေးစိတ်သိနေရမယ်။ ပြီးတော့ ဂိမ်းကစားတာကို ဝါသနာပါရမယ်။

ကိုယ်ပိုင်ကျွန်း ထိန်းသိမ်းစောင့်ရှောက်သူ

ဒီအလုပ်ကတော့ တခြားလူပိုင်တဲ့ ကျွန်းကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ အလုပ်ပါ။ သဘာဝနဲ့ ထိတွေ့ခွင့်ရတယ်။ လူသူနဲ့ဝေးရာမှာ အေးအေးချမ်းချမ်းနေရတယ်။ ပြီးတော့ ကျွန်းပေါ်မှာ စွန့်စားခန်းတွေ ဖွင့်လို့ရပါတယ်။

လစာ – တစ်နှစ်ကို ဒေါ်လာ (၁၀၀၀၀၀) အထိ ရရှိပါတယ်။

လိုအပ်ချက် – ရေကောင်းကောင်းကူးတက်ရမယ်။ ရေအားကစားတွေမှာ ကျွမ်းကျင်ရမယ်။ စွန့်စားရတာကို ကြိုက်နှစ်သက်ရမယ်။

ရေခဲမုန့်မြည်းစမ်းသူ

ရေခဲမုန့် မျိုးစုံကို မြည်းစမ်းရတဲ့အလုပ်ပါ။ ဘယ်လောက်ထိ ပျော်ဖို့ ကောင်းလိုက်မလဲ။

လစာ – တစ်နှစ်ကို ဒေါ်လာ (၆၀၀၀၀) အထိရရှိပါတယ်။

လိုအပ်ချက် – အစားအသောက် ပညာရပ် (Food Science) မှာ ဘွဲ့ရထားဖို့လိုအပ်ပါတယ်။ ရေခဲမုန့်စားရတာကိုလည်း ကြိုက်နှစ်သက်သူဖြစ်ရပါမယ်။

ကစားစရာ အရုပ်ဒီဇိုင်းနာ

ကလေးတွေကစားဖို့အတွက် အရုပ်တွေကို ဒီဇိုင်းရေးဆွဲပေးရတဲ့အလုပ်ပါ။ ပျော်ဖို့ ကောင်းတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။

လခ – တစ်နှစ်ကို ဒေါ်လာ (၇၀၀၀၀) ခန့်ရရှိပါတယ်။

လိုအပ်ချက် – ကစားစရာ ဒီဇိုင်းဆွဲတာနှင့် ပတ်သက်သော ဘွဲ့။ ဘယ်အသက်အရွယ် ကလေးက ဘယ်လို ကစားစရာမျိုးကို ကြိုက်တတ်သလဲဆိုတဲ့ အသိပညာ။ ကစားစရာတွေအပေါ် ချစ်မြတ်နိုးတတ်မှု ရှိရမယ်။

Leave a Reply