ပျားများအပြင် ဝတ်ရည်ကို ပျားရည်အဖြစ်ပြောင်းပေးနိုင်တဲ့ Honeypot ပုရွက်ဆိတ်များ(ရုပ်သံ)

ပျားများအပြင် ဝတ်ရည်ကို ပျားရည်အဖြစ်ပြောင်းပေးနိုင်တဲ့ Honeypot ပုရွက်ဆိတ်များ(ရုပ်သံ)

ပျားရည်တွေကို ပျားမှထုတ်လုက်သည့် တစ်ခုတည်းသော အင်းဆက်များလို့ လူတိုင်းက သိနေကြပါတယ်။ အခြားပျားမျိုးစိတ်များစွာအပြင် ပျားပိတုန်းများနဲ့ ထဘီများလည်း ပျားရည်ကို ထုတ်လုပ်တယ်လို့ လူသိများကြသော်လည်း ဝတ်ရည်ကို ပျားရည်အဖြစ်သို့ ပြောင်းလဲပေးနိုင်သော အထူးခြားဆုံး အင်းဆက်မှာ Honeypot ပုရွက်ဆိတ်လည်း ရှိပါသေးတယ်။ ပုရွက်ဆိတ်မျိုးစိတ်ပေါင်းများစွာမှ Honeypot ပုရွက်ဆိတ်များက Camponotus inflatus ဖြစ်ပြီး၊ အစာရှားပါးလာသောအခါ ၎င်းတို့ရဲ့ကိုလိုနီနယ်မြေများအတွက် သက်ရှိသိုလှောင်မှုအဖြစ် ဆောင်ရွက်သည့် အထူးပြုလုပ်သားများဖြစ်ပါတယ်။

Honeypot ပုရွက်ဆိတ်များက အပင်အမျိုးမျိုးမှ စုဆောင်းထားသော ဝတ်ရည်များကို ၎င်းတို့ရဲ့ ဝမ်းဗိုက်မှ ပယင်းရည်များ ယိုဖိတ်လာတဲ့အထိ စားသုံးကြပါတယ်။ ဒါကြောင့် ‘ပျားရည်ပုရွက်ဆိတ်ပျား’ လို့ခေါ်တဲ့ ချိုမြိန်သောအရည်က သူတို့အကောင်များ စားနပ်ရိက္ခာလိုအပ်သည့်အခါတိုင်း Honeypot ပုရွက်ဆိတ်များက ထိုအရည်များကို ပြန်လည်စားသုံးကြပါတယ်။ Honeypot ပုရွက်ဆိတ်မျိုးစိတ်အများစုကို ဩစတေးလျ၊ အမေရိက၊ မက္ကဆီကိုနဲ့ အာဖရိကတိုက်ရှိ ခြောက်သွေ့သော၊ သဲကန္တာရ (သို့) မိုးနည်းရေရှားဒေသများမှာ တွေ့ရှိရပြီး အစားအစာအရင်းအမြစ်ရှာဖွေရန်ခက်ခဲသောကြောင့် ပျားရည်ထုတ်လုပ်ခြင်းနဲ့ သိုလှောင်ခြင်းဖြစ်တယ်လို့ ယူဆကြပါတယ်။

ပုရွက်ဆိတ်မှ ထုတ်လုပ်တဲ့ ပျားရည်ကို ပျားမှ ထုတ်တဲ့ ပျားရည်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် လေ့လာမှုတစ်ခုအရ ပျားရည်နဲ့ အနည်းငယ် တူညီပါတယ်။ ပုရွက်ဆိတ်ပျားရည်က ချိုသော်လည်း ချဉ်တဲ့အရသာ ပါရှိပါတယ်။ ပျားရည် နှစ်မျိုးကြားမှာ သိသာထင်ရှားတဲ့ ခြားနားချက်က ပုရွက်ဆိတ်ပျားရည်မှာ fructose ထက် ဂလူးကို့စ် ပမာဏ ပိုများပါတယ်။

1

2

3

JRose(Tgidailynews)

Zawgyi

ပ်ားမ်ားအျပင္ ဝတ္ရည္ကို ပ်ားရည္အျဖစ္ေျပာင္းေပးႏိုင္တဲ့ Honeypot ပု႐ြက္ဆိတ္မ်ား(႐ုပ္သံ)

ပ်ားရည္ေတြကို ပ်ားမွထုတ္လုက္သည့္ တစ္ခုတည္းေသာ အင္းဆက္မ်ားလို႔ လူတိုင္းက သိေနၾကပါတယ္။ အျခားပ်ားမ်ိဳးစိတ္မ်ားစြာအျပင္ ပ်ားပိတုန္းမ်ားနဲ႔ ထဘီမ်ားလည္း ပ်ားရည္ကို ထုတ္လုပ္တယ္လို႔ လူသိမ်ားၾကေသာ္လည္း ဝတ္ရည္ကို ပ်ားရည္အျဖစ္သို႔ ေျပာင္းလဲေပးႏိုင္ေသာ အထူးျခားဆုံး အင္းဆက္မွာ Honeypot ပု႐ြက္ဆိတ္လည္း ရွိပါေသးတယ္။ ပု႐ြက္ဆိတ္မ်ိဳးစိတ္ေပါင္းမ်ားစြာမွ Honeypot ပု႐ြက္ဆိတ္မ်ားက Camponotus inflatus ျဖစ္ၿပီး၊ အစာရွားပါးလာေသာအခါ ၎တို႔ရဲ႕ကိုလိုနီနယ္ေျမမ်ားအတြက္ သက္ရွိသိုေလွာင္မႈအျဖစ္ ေဆာင္႐ြက္သည့္ အထူးျပဳလုပ္သားမ်ားျဖစ္ပါတယ္။

Honeypot ပု႐ြက္ဆိတ္မ်ားက အပင္အမ်ိဳးမ်ိဳးမွ စုေဆာင္းထားေသာ ဝတ္ရည္မ်ားကို ၎တို႔ရဲ႕ ဝမ္းဗိုက္မွ ပယင္းရည္မ်ား ယိုဖိတ္လာတဲ့အထိ စားသုံးၾကပါတယ္။ ဒါေၾကာင့္ ‘ပ်ားရည္ပု႐ြက္ဆိတ္ပ်ား’ လို႔ေခၚတဲ့ ခ်ိဳၿမိန္ေသာအရည္က သူတို႔အေကာင္မ်ား စားနပ္ရိကၡာလိုအပ္သည့္အခါတိုင္း Honeypot ပု႐ြက္ဆိတ္မ်ားက ထိုအရည္မ်ားကို ျပန္လည္စားသုံးၾကပါတယ္။ Honeypot ပု႐ြက္ဆိတ္မ်ိဳးစိတ္အမ်ားစုကို ဩစေတးလ်၊ အေမရိက၊ မကၠဆီကိုနဲ႔ အာဖရိကတိုက္ရွိ ေျခာက္ေသြ႕ေသာ၊ သဲကႏၲာရ (သို႔) မိုးနည္းေရရွားေဒသမ်ားမွာ ေတြ႕ရွိရၿပီး အစားအစာအရင္းအျမစ္ရွာေဖြရန္ခက္ခဲေသာေၾကာင့္ ပ်ားရည္ထုတ္လုပ္ျခင္းနဲ႔ သိုေလွာင္ျခင္းျဖစ္တယ္လို႔ ယူဆၾကပါတယ္။

ပု႐ြက္ဆိတ္မွ ထုတ္လုပ္တဲ့ ပ်ားရည္ကို ပ်ားမွ ထုတ္တဲ့ ပ်ားရည္နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ေလ့လာမႈတစ္ခုအရ ပ်ားရည္နဲ႔ အနည္းငယ္ တူညီပါတယ္။ ပု႐ြက္ဆိတ္ပ်ားရည္က ခ်ိဳေသာ္လည္း ခ်ဥ္တဲ့အရသာ ပါရွိပါတယ္။ ပ်ားရည္ ႏွစ္မ်ိဳးၾကားမွာ သိသာထင္ရွားတဲ့ ျခားနားခ်က္က ပု႐ြက္ဆိတ္ပ်ားရည္မွာ fructose ထက္ ဂလူးကို႔စ္ ပမာဏ ပိုမ်ားပါတယ္။

JRose(Tgidailynews)

Crd



Post Views:
13

Crd