ပဲ့ထိန်းဒုံးတပ်ဖျက်သင်္ဘောကြီးArleigh Buke class ၃စီး

News

အမေရိကန်လေယာဥ်တင်သင်္ဘောကြီး ယူအက်စ်အက်စ်သီရိုဒိုရုစ်စဖဲ့ ဦးဆောင်သည့် Carrier Strike Group(CSG)တွင် ပဲ့ထိန်းဒုံးတပ်ဖျက်သင်္ဘောကြီး Arleigh Buke class ၃ စီး အတူလိုက်ပါလာသည်ဟု US 7th Fleet Navy မှသတင်းထုတ်ပြန်ထားသည်။ ယခုလိုက်ပါလာသည့် Arleigh Buke class တွင် ယခင်ဖျက်သင်္ဘောကြီးများ နှင့်မတူဘဲ အသံထက်လွန်မြန်နှုန်းရှိသည့် ဟိုက်ပါဆောနစ် မစ်ဆိုင်းများကို ထောက်လှမ်းနိုင်သည့် အလွန်အားကောင်း ၍အဆင့်မြင့်လှသော SPY-6 ရေဒါအား တပ်ဆင်ထားသည် ဟုလည်း သိရှိရသည်။

Arleigh Burke class ပဲ့ထိန်းဒုံးတပ်ဖျက်သင်္ဘောကြီး၏ စွမ်းဆောင်ရည်အနေဖြင့် အောက်ပါအတိုင်းတွေ့ရှိရသည်-အမေရိကန်ရေတပ်တွင် AEGIS System ဟုခေါ်သော ဒိုင်းကာစနစ်အား တပ်ဆင်ပေးထားသည့် Arleigh Burke Class ဖျက်သင်္ဘောကြီးများကို ၁၉၉၁ မှစတင်အသုံးပြုခဲ့ရာ Versions ၃ မျိုးဖြင့် အစီး ရေ ၆၀ ကျော်အထိ အသုံးပြုလျှက်ရှိသည်။

တန်ချိန် ၈၀၀၀ ကျော်ရှိပြီး တိုက်ပွဲဝင်အလေးချိန် တန် ၉၀၀၀ ကျော်ရှိသည်။ အမြန်ဆုံးတစ်နာရီ ရေမိုင် ၃၀ ကျော်မောင်း နှင်နိုင်သော်လည်း ရေမိုင် ၂၀ ဖြင့်မောင်းနှင်ပါက စစ်ဆင် နိုင်မှုအကွာအဝေးမှာ ကီလိုမီတာ ၈၀၀၀ ကျော်ဖြစ်သည်။မြင်းကောင်ရေ ၁၀၅၀၀၀ ပေးစွမ်းနိုင်သော General Electric LM2500 gas turbine ၄ လုံးတပ်ဆင်ထား သည်။

အရာရှိ/စဈသညြ ၃၀၀ ကွောတြာဝနထြမြးဆောငြ ပှီး ရယောဉနြောကပြိုငြးတှငြ Sikorsky SH-60 Seahawk ရဟတယြာဉြ ၂ စီးဆငြးသကရြနြ heli deck ပါဝငသြလို သိုလှောငရြုံ(Hangar)ပါထည့သြှငြးတညဆြောကထြားသညြ။ ၃၆ဝံ အားလှည့ပြတဖြမြးယူနိုငသြော ရဒေါအားတပဆြငထြားပှီး SDY-1D & Mark99 Fire & Control System မွားမှ ပဈမှတမြွားအား ခှရောခံခှငြး နှင့ြ ပဈမှတအြမွိုးအစားအလိုကြ ခှဲခှားပေးခှငြးတို့ကို တိကစွှာဆောငရြှကပြေးသညဟြု ဆိုသညြ။

လက်နက် တပ်ဆင်မှုများအနေဖြင့် Naval Main Gun ဖြစ်သော 127 mm dual-purpose gun ၁ လက်အား တပ်ဆင် ထားသလို အနီးကပ်ချေမှုန်းရေးလက်နက်(close in-weapon system)ဖြစ်သော 20 mm Phalanx CIWIS အမြန်ပစ်စက်အမြောက် ၂ လက်အား တပ်ဆင်ထားသည်။နာမည်ကျော် Harpoon Anti-Ship Missile များကို လည်းတပ်ဆင်ထားကာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအတွက် ၃၂၄ မမ တော်ပီဒိုများအပြင် VLS စနစ်ဖြင့် ပစ်လွှတ်သည့် ဒုံးလိမ္မာဟုတင်စားသော Tomahawk Cruise Mssile များပါ အဆိုပါ အတန်းအစားဖျက်သင်္ဘောကြီးများတွင် တပ်ဆင်ပေးထားသည်။

Arleigh Burke Class ဖျက်သင်္ဘောများသည် အမျိုးအစားမတူညီသည့် ပစ်မှတ် ၃ ခုကို တပြိုင်တည်းကြားဖြတ်နိုင်သည့် စွမ်းရည် ပိုင်ဆိုင် ထားသည့်အပြင် ဝေဟင်၊ ရေပြင်/မြေပြင်၊ရေအောက်ပစ်မှတ် များကို(anti-air, anti-submarine, anti- surface & land attack opreations)လုပ်ဆောင်နိုင်စွမ်းကြီးမားသည့် ဖျက်သင်္ဘောကြီးများပင်ဖြစ်ပေတော့သည်။(စစ်လက်နက်နှင့်ပတ်သက်သည့် ဗဟုသုတအား မျှဝေပေး ခြင်းသာဖြစ်၍ မဆိုင်သည့် comment မပေးပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။)

credit – KokolinOo

Leave a Reply