TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ပေါ့စတားတစ်ယောက်ဖြစ်ဖို့ ကိုယ်ရည်ကိုယ်သွေးမရှိဘူးလို့ဆိုခဲ့တဲ့ Britney Spear

သူမကိုယ်တိုင်ပြောစကားအရ သူမမှာ အထုံပါရမီရှိကောင်းရှိနိုင်ပေမဲ့ ပေါ့စတားတစ်ယောက်ဖြစ်ဖို့ ကိုယ်ရည်ကိုယ်သွေးမရှိဘူးလို့ ဆိုခဲ့ပါတယ်။ဒါပေမဲ့စင်ပေါ်ရောက်တဲ့အခါမှာတော့ သူမနဲ့ လုံးဝမတူညီတဲ့ ပင်ကိုစရိုက်ကိုတွေ့မြင်ရမှာပါ။

သူမရဲ့ဖခင်ဖြစ်တဲ့ James Spear(ဂျိမ်းစဖီးယား) က သူမကိုစင်ပေါ်ရောက်အောင်တွန်းအားပေးခဲ့ပြီး သီချင်းဆိုစေခဲ့တဲ့သူဖြစ်ပါတယ်။နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သူမဆံညှပ်တုန်းကဆိုရင် အလှပြင်ဆိုင်ကဝန်ထမ်းတွေကို လူတွေသူမဆံပင်ကိုထိတွေ့ကြတဲ့အတွက်သူမပင်ပန်းနေပြီဖြစ်ကြောင်းနဲ့ အကုန်လုံးညှပ်ပစ်လိုက်ချင်ကြောင်းပြောခဲ့ပါတယ်။

အဲဒီနောက်ချက်ချင်းပဲသူမရဲ့မိခင်ဘာပြောလိမ့်မလဲဆိုပြီး စိုးရိမ်ပူပန်ခဲ့ပြီး သူမအမေ စိတ်ကုန်သွားလိမ့်မယ်လို့ပြောခဲ့ပါတယ်။

James ဟာ သူမကို ထိန်းသိမ်းစောင့်ရှောက်နေဆဲဖြစ်ပြီးသူမရဲ့ ငွေကြေးနဲ့ လုပ်ငန်းကို ထိန်းချုပ်ထားဆဲပါ။သူမရဲ့မိခင် Lynn Spear(လင်းစဖီးယား) ကတော့ သူမသမီးရဲ့ဘဝကိုပိုစွက်ဖက်နိုင်ဖို့ကြိုးစားနေပါတယ်။

ပရိသတ်တွေကတော့ Britney(ဘစ်ရစ်နေ) ဟာသူမမိဘတွေဆီကနေလွတ်လပ်ခွင့်ရသင့်ပြီလို့ယုံကြည်ကြပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext