■ပုံပြင်နှစ်မျိုးကွဲထွက်နေသော ရာဇဝင်ထဲမှဓား

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ပုံပြင်နှစ်မျိုးကွဲထွက်နေသော ရာဇဝင်ထဲမှဓား

ဒီဓားအကြောင်းကို ပြောပြချင်ခဲ့တာတော်တော်ကြာပါပြီ။ တော်တော်များများလည်း ဒီဓားအကြောင်းကို သိကြမှာပါ။ကင်းအာသာရဲ့ဓား၊ မှော်ဆရာကြီးမာလင်ရဲ့ဓား၊ ကျောက်တုံးထဲက ထုတ်တဲ့ဓားအမျိုးမျိုးခေါ်ကြပါတယ်။နာမည်အမှန်ကတော့ Excalibur လို့ ခေါ်ပါတယ်။

ပထမဆုံးပုံပြင်ကတော့ ရောဘတ်ဒီဘလွန်းရေးတဲ့ မာလင်လို့နာမည်ပေးထားတဲ့ကဗျာမှ လာပါတယ်။ ပုံပြင်တွေအရတော့ ကင်းအူသာမှာ သူ့ရဲ့ ထီးနန်းကိုဆက်ခံမဲ့ စစ်မှန်သူမရှိဘူးလို့ ဆိုပါတယ်။သူဆုံးပါးသွားပြီးနောက်မှာတော့ တိုင်းပြည်ကို ခွဲဝေပြီးတော့ သူတစ်လူငါတစ်မင်း အုပ်ချုပ်ခဲ့ကြကာ နိုင်ငံရဲ့ဆွေကြီးမျိုးကြီးနဲ့ မှူးမတ်တွေကလည်း ဒီပြဿနာတွေ ဖြေရှင်းဖို့ ဉာဏ်ပညာကြီးမားတဲ့ မာလင်ကို ခေါ်ယူခဲ့ကြပါတယ်။

မာလင်ဟာ ဓားတစ်ချောင်းကို ကြီးမားတဲ့ကျောက်တုံးတစ်တုံးမှာ ထိုးစိုက်ခဲ့ပြီး စစ်မှန်တဲ့ အဂ်လန်ဘုရင်ကသာ ဓားကို ဆွဲထုတ်နိုင်မယ်လို့ ဆိုခဲ့ပါတယ်။ဒီနောက် သူက လူတွေကို စုရုံးစေခဲ့ပြီး အာသာနဲ့ သူ့ရဲ့အ‌မေမတူတဲ့ အစ်ကို ဆာခေးတို့ကို ခေါ်ကာ ဓားကို ဆွဲနုတ်စေခဲ့ပါတယ်။အာသာဟာ အသက် ၁၅ နှစ်သာရှိသေးပြီး စမ်းသပ်မှုကိုအောင်မြင်ခဲ့ကာ လူအများလည်း ဝမ်းမြောက်ပျော်ရွှင်ပြီး အာသာဟာ အဂ်လန်ရဲ့ ဘုရင်ဖြစ်လာခဲ့တာပါ။

မူကွဲဒုတိယပုံပြင်ကတော့ ရေကန်ထဲမှ မိန်းမပျိုပုံပြင်ဖြစ်ပါတယ်။ပုံပြင်ကတော့ အာသာဟာ Excalibur ဓားကို သူ့ရဲ့ ဓားကျိုးပြီးနောက် ရေကန်ထဲက မိန်းမပျိုဆီက ရခဲ့တယ်လို့ ဆိုကြပါတယ်။ကင်းအာသာဟာ သူ့ရဲ့ အိပ်ရာပေါ်မှာ ဆုံပါးးခါနီး အချိန်မှာတော့ သူ့ရဲ့သူရဲကောင်းတစ်ယောက်ကို ဓားကိုရေကန်ထဲ ပြန်ပစ်ချခိုင်းခဲ့ပါတယ်။

သူရဲကောင်းဟာလည်း ဒီလောက်ကောင်းတဲ့ ဓားကိုပစ်ခိုင်းတာက တော်တော်ဆိုးတဲ့ခံစားချက်လို့ ခံစားမိပြီး ဓားဟာ မြစ်ထဲကျကာ ပျောက်ကွယ်သွားတယ်လို့ လိမ်ညာခဲ့ပါတယ်။အာသာကလည်း သူလိမ်ညာနေမှန်းကိုသိကာ အဆုံးသတ်မှာတော့ သူရဲကောင်းဟာ ဓားကို ရေကန်ထဲမှ မိန်းမပျိုဆီ ပြန်ပစ်ချခဲ့ပါတယ်။

ဖြူဖွေးတဲ့ လက်တစ်စုံက ရေကန်ထဲမှ ထွက်ပေါ်လာကာ ဓားကိုဆွဲယူသွားခဲ့ပီ အဆင့်ဆင့်သော ဒဏ္ဍာရီတွေနဲ့ ဓားရဲ့မူလဇစ်မြစ်ကို ဆက်စပ်ကြည့်ရရင်တော့ ဓားဟာ ကင်းအာသာကို မှော်စွမ်းအားတွေ ပိုင်ဆိုင်စေတယ်လို့ ယုံကြည်ကြပါတယ်။ဓားရဲ့ အစွမ်းတွေက ရန်သူတွေကို မျက်စိကန်းစေပြီး ဓားအိမ်က ဝတ်ဆင်ထားသူကို ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ပေးနိုင်သလို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းတွေလည်း ပါရှိပါတယ်။

ရှေးဒဏ္ဍာရီထဲမှာတော့ စွမ်းအားတွေရဲ့ သင်္ကေတဟာ အဂ်လန်ရဲ့ အချုပ်အခြာနဲ့ အာဏာအုပ်စိုးခြင်း‌ေတွကို ကိုယ်စားပြုကာ တခြားဘယ်နိုင်ငံမှကျူးကျော်ဝင်ရောက်ခြင်းနဲ့ အနိုင်ယူခြင်းစတာတွေကို တွေးတောင်မတွေးနိုင်ဘူးလို့ ရေးဖွဲ့ကြပါတယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ပုံျပင္ႏွစ္မ်ိဳးကြဲထြက္ေနေသာ ရာဇဝင္ထဲမွဓား

ဒီဓားအေၾကာင္းကို ေျပာျပခ်င္ခဲ့တာေတာ္ေတာ္ၾကာပါၿပီ။ ေတာ္ေတာ္မ်ားမ်ားလည္း ဒီဓားအေၾကာင္းကို သိၾကမွာပါ။ကင္းအာသာရဲ့ဓား၊ ေမွာ္ဆရာႀကီးမာလင္ရဲ့ဓား၊ ေက်ာက္တုံးထဲက ထုတ္တဲ့ဓားအမ်ိဳးမ်ိဳးေခၚၾကပါတယ္။နာမည္အမွန္ကေတာ့ Excalibur လို႔ ေခၚပါတယ္။

ပထမဆုံးပုံျပင္ကေတာ့ ေရာဘတ္ဒီဘလြန္းေရးတဲ့ မာလင္လို႔နာမည္ေပးထားတဲ့ကဗ်ာမွ လာပါတယ္။ ပုံျပင္ေတြအရေတာ့ ကင္းအူသာမွာ သူ႔ရဲ့ ထီးနန္းကိုဆက္ခံမဲ့ စစ္မွန္သူမရွိဘူးလို႔ ဆိုပါတယ္။သူဆုံပါးသြားၿပီးေနာက္မွာေတာ့ တိုင္းျပည္ကို ခြဲေဝၿပီးေတာ့ သူတစ္လူငါတစ္မင္း အုပ္ခ်ဳပ္ခဲ့ၾကကာ နိုင္ငံရဲ့ေဆြႀကီးမ်ိဳးႀကီးနဲ႔ မႉးမတ္ေတြကလည္း ဒီျပႆနာေတြ ေျဖရွင္းဖို႔ ဉာဏ္ပညာႀကီးမားတဲ့ မာလင္ကို ေခၚယူခဲ့ၾကပါတယ္။

မာလင္ဟာ ဓားတစ္ေခ်ာင္းကို ႀကီးမားတဲ့ေက်ာက္တုံးတစ္တုံးမွာ ထိုးစိုက္ခဲ့ၿပီး စစ္မွန္တဲ့ အဂ္လန္ဘုရင္ကသာ ဓားကို ဆြဲထုတ္နိုင္မယ္လို႔ ဆိုခဲ့ပါတယ္။ဒီေနာက္ သူက လူေတြကို စု႐ုံးေစခဲ့ၿပီး အာသာနဲ႔ သူ႔ရဲ့အ‌ေမမတူတဲ့ အစ္ကို ဆာေခးတို႔ကို ေခၚကာ ဓားကို ဆြဲႏုတ္ေစခဲ့ပါတယ္။အာသာဟာ အသက္ ၁၅ ႏွစ္သာရွိေသးၿပီး စမ္းသပ္မႈကိုေအာင္ျမင္ခဲ့ကာ လူအမ်ားလည္း ဝမ္းေျမာက္ေပ်ာ္ရႊင္ၿပီး အာသာဟာ အဂ္လန္ရဲ့ ဘုရင္ျဖစ္လာခဲ့တာပါ။

မူကြဲဒုတိယပုံျပင္ကေတာ့ ေရကန္ထဲမွ မိန္းမပ်ိဳပုံျပင္ျဖစ္ပါတယ္။ပုံျပင္ကေတာ့ အာသာဟာ Excalibur ဓားကို သူ႔ရဲ့ ဓားက်ိဳးၿပီးေနာက္ ေရကန္ထဲက မိန္းမပ်ိဳဆီက ရခဲ့တယ္လို႔ ဆိုၾကပါတယ္။ကင္းအာသာဟာ သူ႔ရဲ့ အိပ္ရာေပၚမွာ ဆုံပါးးခါနီး အခ်ိန္မွာေတာ့ သူ႔ရဲ့သူရဲေကာင္းတစ္ေယာက္ကို ဓားကိုေရကန္ထဲ ျပန္ပစ္ခ်ခိုင္းခဲ့ပါတယ္။သူရဲေကာင္းဟာလည္း ဒီေလာက္ေကာင္းတဲ့ ဓားကိုပစ္ခိုင္းတာက ေတာ္ေတာ္ဆိုးတဲ့ခံစားခ်က္လို႔ ခံစားမိၿပီး ဓားဟာ ျမစ္ထဲက်ကာ ေပ်ာက္ကြယ္သြားတယ္လို႔ လိမ္ညာခဲ့ပါတယ္။

အာသာကလည္း သူလိမ္ညာေနမွန္းကိုသိကာ အဆုံးသတ္မွာေတာ့ သူရဲေကာင္းဟာ ဓားကို ေရကန္ထဲမွ မိန္းမပ်ိဳဆီ ျပန္ပစ္ခ်ခဲ့ပါတယ္။ျဖဴေဖြးတဲ့ လက္တစ္စုံက ေရကန္ထဲမွ ထြက္ေပၚလာကာ ဓားကိုဆြဲယူသြားခဲ့ပီ အဆင့္ဆင့္ေသာ ဒ႑ာရီေတြနဲ႔ ဓားရဲ့မူလဇစ္ျမစ္ကို ဆက္စပ္ၾကည့္ရရင္ေတာ့ ဓားဟာ ကင္းအာသာကို ေမွာ္စြမ္းအားေတြ ပိုင္ဆိုင္ေစတယ္လို႔ ယုံၾကည္ၾကပါတယ္။ဓားရဲ့ အစြမ္းေတြက ရန္သူေတြကို မ်က္စိကန္းေစၿပီး ဓားအိမ္က ဝတ္ဆင္ထားသူကို ထိခိုက္ဒဏ္ရာရျခင္းမွ ကာကြယ္ေပးနိုင္သလို ေပ်ာက္ကင္းေစနိုင္တဲ့ အစြမ္းေတြလည္း ပါရွိပါတယ္။

ေရွးဒ႑ာရီထဲမွာေတာ့ စြမ္းအားေတြရဲ့ သေကၤတဟာ အဂ္လန္ရဲ့ အခ်ဳပ္အျခာနဲ႔ အာဏာအုပ္စိုးျခင္း‌ေတြကို ကိုယ္စားျပဳကာ တျခားဘယ္နိုင္ငံမွက်ဴးေက်ာ္ဝင္ေရာက္ျခင္းနဲ႔ အနိုင္ယူျခင္းစတာေတြကို ေတြးေတာင္မေတြးနိုင္ဘူးလို႔ ေရးဖြဲ႕ၾကပါတယ္။

Ref:youtube
Trans:thegeektext