TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ပုံဆွဲစာရွက်ကို လက်နဲ့တောင်မထိဘဲ ပန်းချီတစ်ချပ်ဖြစ်ပေါ််စေသူ

လူတွေဟာ ကမ္ဘာအနှံ့မှာ အမှတ်တရဖြစ်စေဖို့အတွက် ပန်းချီကားတွေ ရေးဆွဲကြပါတယ်။ ကျောက်ခေတ်လူသားတွေတောင်မှ ဂူနံရံတွေမှာ ပန်းချီဆွဲခဲ့ကြပါသေးတယ်။ ဒီနေ့ခေတ်မှာတော့ ပရိသတ်ကြီးဟာ နည်းလမ်းပေါင်းများစွာဖြင့်ပုံဆွဲလို့ရပါတယ်။

ခေတ်မှီပုံဆွဲတက်ဘလက်တွေ အဆင့်မြင့် ပိတ်ကားတွေ နှင့် အထူးဆန်းဆုံးနည်းတွေနဲ့တောင်ဆွဲလို့ရပါတယ်။ ဥပမာ ဒီနည်းလမ်းကတော့ အမေရိကန်နိုင်ငံမှ အနုပညာရှင် မိုက်ကယ်ပါပါဒါကစ် က သူ့လက်ရာတွေဖန်တီးဖို့ တီထွင်ခဲ့တာပါ။

သူဟာ သစ်သားပြားနှင့် မှန်ဘီလူးကို အသုံးပြုခဲ့ပီး ပုံဆွဲစာရွက်ကို သူ့လက်နဲ့တောင်မထိပါဘူး။ နေရောင်ခြည်ကပဲ အလုပ်တွေအားလုံးကိုလုပ်ပေးသွားတာပါ။

သစ်သားပေါ်ကိုလိုအပ်တဲ့ပုံစံအတိုင်းထွင်းရတာက ပန်းချီကားတစ်ချပ်ရအောင် ၁ နာရီကနေ နာရီ ၃၀ အထိ ကြာမြင့်ပါတယ်။ ကံကောင်းတာကတော့ မိုက်ကယ်နေထိုင်တဲ့ ကော်လိုရာဒို ပြည်နယ်ကတော့ နေမပူတဲ့ရက်ကရှားပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
■ပုံဆွဲစာရွက်ကို လက်နဲ့တောင်မထိဘဲ ပန်းချီတစ်ချပ်ဖြစ်ပေါ်စေသူ
Ref:youtube
Trans:thegeektext