ပုရွက်ဆိတ်တွေမှာတိုက်ခိုက်ရေးပုရွက်ဆိတ်လုပ်သားများအပြင်ဆေးတပ်သားတာဝန်ထမ်းဆောင်တဲ့ပုရွက်ဆိတ်များလည်းရှိနေကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ဖော်ပြထားပါတယ်။

အာဖရိက Matabele ပုရွက်ဆိတ်များမှာ ဒဏ်ရာရရှိတဲ့ တိုက်ပွဲဝင်ပုရွက်ဆိတ်ရဲဘော်များကိုပြန်လည်သက်သာလာအောင်ပြုစုကုသပေးတဲ့အဖွဲ့ရှိကြောင်းသက်တမ်းနှစ်၅၀ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ နာမည်ကျော် ဇီဝဗေဒဂျာနယ် Royal Society B မှာ ဖော်ပြထားပါတယ်။

အာဖရိကတိုက်ရဲ့ကြောက်ခမန်းလိလိစွမ်းရည်ပိုင်ဆိုင်ထားတဲ့စစ်သည်တော်တွေကိုအစွဲပြုမှည့်ခေါ်ထားတဲ့Matabeleပုရွက်ဆိတ်တွေဟာ ပုရွက်ဆိတ်စစ်သည်၂၀၀-၆၀၀အတွင်းပါဝင်ဖွဲ့စည်းတဲ့စစ်ကြောင်းတွေနဲ့သူတို့ထက်ပိုမိုကြီးမားတဲ့ခြကောင်ကြီးများကိုအမဲလိုက်လေ့ ရှိကြပါတယ်။ ပုရွက်ဆိတ် စစ်သည်တွေဟာ များသောအားဖြင့် ခြေလက်တွေမှာ ခြတွေရဲ့ အကိုက်ခံရပြီးဒဏ်ရာရရှိကြတက်ပါတယ်။

အဆိုပါ ပုရွက်ဆိတ်တွေက တိုက်ပွဲဖြစ်ပွားရာ ဒေသမှ ဒဏ်ရာရ ပုရွက်ဆိတ်များကို သယ်ထုတ်သွားပြီးနောက် တွင်း၊ သစ်ခေါင်း စတဲ့ နေထိုင်အိမ်ကို ခေါ်ဆောင်သွားပြီး ဒဏ်ရာရတဲ့ ပုရွက်ဆိတ်တွေရဲ့ ပတ်လည်မှာ ဝိုင်းဖွဲ့လျက် အတူနေ ပုရွက်ဆိတ်များမှ ပွင့်ထွက်နေတဲ့ ဒဏ်ရာများကိုလျက်ပေးခြင်းဖြင့်ကုသမှုဝိုင်းဝန်းပြုလုပ်ကြကြောင်းသိရပါတယ်။

ဒီလိုကုသမှုပြုလုပ်ခြင်းကြောင့်ဒဏ်ရာနဲ့သေဆုံးနိုင်ချေရှိတဲ့ စစ်သားပုရွက်ဆိတ်ရဲ့ ၈၀% ကို ၁၀% သို့လျှော့ချပေးနိုင်တာကိုလည်း တွေ့ရတယ်လို့ဆိုပါတယ်။

ဒီလေ့လာမှုအရပုရွက်ဆိတ်တွေက လူသားတွေအပြင်သူနာပြုလုပ်ငန်းဆောင်ရွက်တတ်တဲ့အလေ့အထရှိတဲ့ကမ္ဘာပေါ်ကနောက်ထပ်သတ္တဝါတစ်မျိုးအဖြစမှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
Zawgyi
ပုရွက်ဆိတ်တွေမှာ တိုက်ခိုက်ရေး ပုရွက်ဆိတ် လုပ်သားများအပြင် ဆေးတပ်သားတာဝန်ထမ်းဆောင်တဲ့ပုရွက်ဆိတ်များလည်းရှိနေကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရတယ်လို့ သိပ္ပံပညာရှင်တွေကဖော်ပြထားပါတယ်။

အာဖရိကMatabeleပုရွက်ဆိတ်များမှာဒဏ်ရာရရှိတဲ့ တိုက်ပွဲဝင်ပုရွက်ဆိတ်ရဲဘော်များကိုပြန်လည်သက်သာလာအောင်ပြုစုကုသပေးတဲ့အဖွဲ့ရှိကြောင်းသက်တမ်းနှစ်၃၅၀ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ နာမည်ကျော် ဇီဝဗေဒဂျာနယ် Royal Society B မှာ ဖော်ပြထားပါတယ်။

အာဖရိကတိုက်ရဲ့ကြောက်ခမန်းလိလိစွမ်းရည်ပိုင်ဆိုင်ထားတဲ့စစ်သည်တော်တွေကိုအစွဲပြုမှည့်ခေါ်ထားတဲ့Matabeleပုရွက်တ်တွဟာ ပုရွက်ဆိတ်စစ်သည် ၂၀၀ – ၆၀၀ အတွင်း ပါဝင်ဖွဲ့စည်းတဲ့ စစ်ကြောင်းတွေနဲ့ သူတို့ထက် ပိုမိုကြီးမားတဲ့ ခြကောင်ကြီးများကို အမဲလိုက်လေ့ ရှိကြပါတယ်။ ပုရွက်ဆိတ် စစ်သည်တွေဟာ များသောအားဖြင့် ခြေလက်တွေမှာ ခြတွေရဲ့ အကိုက်ခံရပြီး ဒဏ်ရာရရှိကြတက်ပါတယ်။

အဆိုပါ ပုရွက်ဆိတ်တွေက တိုက်ပွဲဖြစ်ပွားရာ ဒေသမှဒဏ်ရာရပုရွက်ဆိတ်များကိုသယ်ထုတ်သွားပြီးနောက်တွင်း၊သစ်ခေါင်းစတဲ့နေထိုင်အိမ်ကို ခေါ်ဆောင်သွားပြီးဒဏ်ရာရတဲ့ပုရွက်ဆိတ်တွေရဲ့ပတ်လည်မှာဝိုင်းဖွဲ့လျက်အတူနေပုရွက်ဆိတ်များမှပွင့်ထွက်နေတဲ့ဒဏ်ရာများကိုလျက်ပေးခြင်းဖြင့်ကုသမှုဝိုင်းဝန်းပြုလုပ်ကြကြောင်းသိရပါတယ်။

ဒီလိုကုသမှုပြုလုပ်ခြင်းကြောင့်ဒဏ်ရာနဲ့သေဆုံးနိုင်ချေရှိတဲ့ စစ်သားပုရွက်ဆိတ်ရဲ့ ၈၀% ကို ၁၀% သို့ လျှော့ချပေးနိုင်တာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီလေ့လာမှုအရ ပုရွက်ဆိတ်တွေက လူသားတွေအပြင် သူနာပြုလုပ်ငန်း ဆောင်ရွက်တတ်တဲ့ အလေ့အထရှိတဲ့ ကမ္ဘာပေါ်က နောက်ထပ်သတ္တဝါတစ်မျိုးအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။