ပုပ္ပားတောင်ရဲ့ ချော်ရည်များထွက်ရာ မီးတောင်ထိပ်ဝ ရှားရှားပါးပါးမြင်ကွင်းများနဲ့ သမိုင်းကြောင်း

ပုပ္ပားတောင်ရဲ့ ချော်ရည်များထွက်ရာ မီးတောင်ထိပ်ဝ ရှားရှားပါးပါးမြင်ကွင်းများနဲ့ သမိုင်းကြောင်း

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

ပုပၸါးမီးေတာင္ေဟာင္းႀကီးမွ ေခ်ာ္ရည္မ်ားပြင့္ထြက္ခဲ့ရာ မီးေတာင္ထိပ္ဝအက်ယ္ (၁)မိုင္ခြဲခန္႔ ရွိၿပီး အနက္ေပ (၃၀၀၀) ခန္႔ နက္ရွိူင္းေနသည့္ မီးေတာင္ထိပ္ဝသို႔ ေရာက္ခဲ့ေသာမွတ္တမ္း (Saya Ko Kyaw Lwin)

ပုပၸါးေတာင္သည္ ျမန္မာႏိုင္ငံ အလယ္ပိုင္း၊ ေညာင္ဦးခ႐ိုင္၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ အေရွ႕ေတာင္ဘက္တြင္ ထီးထီး တည္ရွိေနသည္။

ယင္းေတာင္တန္းသည္ ပဲခူး႐ိုးမ၏ ေျမာက္ဘက္အစြန္းတြင္ သီးျခား ထိုးထြက္ေနေသာ မီးေတာင္ေဟာင္းႀကီး တစ္ခုပင္ ျဖစ္သည္။

ေျမာက္လတၱီတြဒ္ ၂၀ဒီဂရီ ၅၂မိနစ္၊အေရွ႕ ေလာင္ဂ်ီတြဒ္ ၉၅ဒီဂရီ ၁၄မိနစ္ တြင္တည္ရွိသည္။

 

 

ပုပၸါးေတာင္သည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ (၄၉၈၁) ေပ ျမင့္သည္။ ပုပၸါးေတာင္၏ မီးေတာင္ကေတာ့ဝမွာ ေတာင္၏

ေျမာက္ဘက္ပိုင္းတြင္ အေနာက္ဘက္သို႔ အနည္းငယ္ ယြန္းလ်က္ နိမ့္၍ ေတာင္ဘက္၊ အေနာက္ဘက္ႏွင့္ အေရွ႕ဘက္တို႔တြင္ ျမင့္မားသည္။

ပုပၸါးေတာင္ကို အေနာက္ဘက္မွ ၾကည့္လွ်င္ ေတာင္ထြတ္ႏွစ္ခု ျမင္ရ၍ ေျမာက္ဘက္မွ ၾကည့္လွ်င္ ေတာင္ထြတ္ တစ္ခုသာ ျမင္ရသည္။

ပုပၸါးေတာင္သည္ ေတာင္ထြတ္ တစ္ခုတည္းသာ ရွိသည္ မဟုတ္ပဲ စပါးပုံေတာင္၊ ေရတြင္းေတာင္၊ ေမာင္းေတာင္ငုတ္တိုေတာင္၊

လပို႔ေတာင္၊ မွန္ေတာင္၊ ေဆးပြင့္ေတာင္၊ စိန္ေတာင္၊ မာလာေတာင္၊ ကင္ပြန္းေတာင္ စသည္ျဖင့္ ေတာင္စြယ္မ်ားစြာ ရွိေလသည္။

မီးေတာင္ ထိပ္ဝသည္ တစ္မိုင္ခြဲခန္႔ က်ယ္၍ ေပ ၂၀ဝ၀၊ ၃၀ဝ၀ ခန္႔ နက္ရႈိင္းသည့္ ေခ်ာက္ကမ္းပါးႀကီး ျဖစ္သည္။

ယင္းေခ်ာက္ႀကီးကို ခ်ဳံမတြင္း ေခ်ာက္ဟု ေခၚသည္။ ဘူမိေဗဒပညာရွင္တို႔အဆိုအရ ပုပၸါးေတာင္သည္ လြန္ခဲ့ေသာအႏွစ္ (၁၅) သန္းေလာက္က ေပၚထြန္းလာေၾကာင္း သိရွိရသည္။

 

 

ျမန္မာရာဇဝင္ဆရာတို႔ကလည္း ပုပၸားေတာင္ ေပၚေပါက္ခဲ့ပုံကို ေဂါတမဗုဒၶဘုရားရွင္၏ ဗ်ာဒိတ္ေတာ္ႏွင့္တြဲ၍ ေဖာ္ျပခဲ့ဖူးပါသည္။

ရာဇဝင္ဆရာႀကီး ဦးကုလားက ဘုရားသခင္ သည္ ငါးဝါအရ၌ သုနာပရႏၲႏွင့္ တမၸဒီပတို႔သို႔ ႂကြေတာ္မူလာခဲ့ၿပီး ဖိုဦးေတာင္ထိပ္၌ ရပ္ေတာ္မူ၍

သာသနာ (၁ဝ၁) ခုတြင္ ပုပၸားေတာင္ေျမမွ စုန္႔စုန္႔ေပၚမည္ဟု ဗ်ာဒိတ္ထားခဲ့ေၾကာင္း ကို ယင္း၏ မဟာရာဇဝင္ေတာ္ႀကီးတြင္ ေဖာ္ျပ ထားခဲ့သည္။

ဘူမိပညာရွင္တို႔အဆိုႏွင့္ ႏွစ္ပရိေစၦဒ မ်ားစြာ ကြာျခားလွေသာ္လည္း ပုပၸားေတာင္ေပၚေပါက္လာပုံ သေဘာသဘာဝကား အသိျခင္း တူညီၾကသည္ဟု ဆိုႏိုင္သည္။

ေရွးျမန္မာႏိုင္ငံ အလယ္ပိုင္းသားတို႔ ပုပၸားေတာင္ကို သမိုင္းမတင္မီ ပေဝသနီကာလကတည္းကပင္ စိတ္ဝင္စားခဲ့ ၾကေၾကာင္း ခန္႔မွန္းရမိေပသည္။

ပုပၸားေတာင္သည္ ေက်ာက္ေခတ္ဦး အညာသားယဥ္ေက်းမႈ (Anyathian Culture) ထြန္းကားခဲ့ရာ ေခ်ာက္၊ ေရနံေခ်ာင္းတို႔ႏွင့္ ေရေျမ

တဆက္တစပ္တည္း ရွိေသာေၾကာင့္ ထိုအခ်ိန္ကာလက တည္းကပင္ ေက်ာက္ေခတ္ လူသားတို႔ ေနထိုင္ရာအရပ္ ျဖစ္ေန ေကာင္းေလာက္ၿပီ ယုံၾကည္ရသည္။

ေက်ာက္လက္နက္မ်ားလည္း ထိုနယ္ အႏွံ႔မွ ေတြ႕ရွိရဖူးေသာေၾကာင့္ ဤအေတြး ဤအယူအဆ မွန္ႏိုင္ေကာင္းမည္ ထင္ပါသည္။

 

 

အေမရိကန္ပညာရွင္ မိုးဗီးယပ္စ္ (Movius) က ပုပၸါးနယ္တြင္ ေက်ာက္ေခတ္သစ္လူေန ရွိေနေၾကာင္း ကိုကား အခိုင္အမာဆိုခဲ့သည္။

Credit

Unicode

ပုပ္ပါးမီးတောင်ဟောင်းကြီးမှ ချော်ရည်များပွင့်ထွက်ခဲ့ရာ မီးတောင်ထိပ်ဝအကျယ် (၁)မိုင်ခွဲခန့် ရှိပြီး အနက်ပေ (၃၀၀၀) ခန့် နက်ရှိူင်းနေသည့် မီးတောင်ထိပ်ဝသို့ ရောက်ခဲ့သောမှတ်တမ်း (Saya Ko Kyaw Lwin)

ပုပ္ပါးတောင်သည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အရှေ့တောင်ဘက်တွင် ထီးထီး တည်ရှိနေသည်။

ယင်းတောင်တန်းသည် ပဲခူးရိုးမ၏ မြောက်ဘက်အစွန်းတွင် သီးခြား ထိုးထွက်နေသော မီးတောင်ဟောင်းကြီး တစ်ခုပင် ဖြစ်သည်။

မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅၂မိနစ်၊အရှေ့ လောင်ဂျီတွဒ် ၉၅ဒီဂရီ ၁၄မိနစ် တွင်တည်ရှိသည်။

ပုပ္ပါးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၉၈၁) ပေ မြင့်သည်။ ပုပ္ပါးတောင်၏ မီးတောင်ကတော့ဝမှာ တောင်၏

မြောက်ဘက်ပိုင်းတွင် အနောက်ဘက်သို့ အနည်းငယ် ယွန်းလျက် နိမ့်၍ တောင်ဘက်၊ အနောက်ဘက်နှင့် အရှေ့ဘက်တို့တွင် မြင့်မားသည်။

 

ပုပ္ပါးတောင်ကို အနောက်ဘက်မှ ကြည့်လျှင် တောင်ထွတ်နှစ်ခု မြင်ရ၍ မြောက်ဘက်မှ ကြည့်လျှင် တောင်ထွတ် တစ်ခုသာ မြင်ရသည်။

ပုပ္ပါးတောင်သည် တောင်ထွတ် တစ်ခုတည်းသာ ရှိသည် မဟုတ်ပဲ စပါးပုံတောင်၊ ရေတွင်းတောင်၊ မောင်းတောင်ငုတ်တိုတောင်၊

လပို့တောင်၊ မှန်တောင်၊ ဆေးပွင့်တောင်၊ စိန်တောင်၊ မာလာတောင်၊ ကင်ပွန်းတောင် စသည်ဖြင့် တောင်စွယ်များစွာ ရှိလေသည်။

မီးတောင် ထိပ်ဝသည် တစ်မိုင်ခွဲခန့် ကျယ်၍ ပေ ၂၀ဝ၀၊ ၃၀ဝ၀ ခန့် နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီး ဖြစ်သည်။

ယင်းချောက်ကြီးကို ချုံမတွင်း ချောက်ဟု ခေါ်သည်။ ဘူမိဗေဒပညာရှင်တို့အဆိုအရ ပုပ္ပါးတောင်သည် လွန်ခဲ့သောအနှစ် (၁၅) သန်းလောက်က ပေါ်ထွန်းလာကြောင်း သိရှိရသည်။

မြန်မာရာဇဝင်ဆရာတို့ကလည်း ပုပ္ပားတောင် ပေါ်ပေါက်ခဲ့ပုံကို ဂေါတမဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်နှင့်တွဲ၍ ဖော်ပြခဲ့ဖူးပါသည်။

ရာဇဝင်ဆရာကြီး ဦးကုလားက ဘုရားသခင် သည် ငါးဝါအရ၌ သုနာပရန္တနှင့် တမ္ပဒီပတို့သို့ ကြွတော်မူလာခဲ့ပြီး ဖိုဦးတောင်ထိပ်၌ ရပ်တော်မူ၍

သာသနာ (၁ဝ၁) ခုတွင် ပုပ္ပားတောင်မြေမှ စုန့်စုန့်ပေါ်မည်ဟု ဗျာဒိတ်ထားခဲ့ကြောင်း ကို ယင်း၏ မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြ ထားခဲ့သည်။

 

ဘူမိပညာရှင်တို့အဆိုနှင့် နှစ်ပရိစ္ဆေဒ များစွာ ကွာခြားလှသော်လည်း ပုပ္ပားတောင်ပေါ်ပေါက်လာပုံ သဘောသဘာဝကား အသိခြင်း တူညီကြသည်ဟု ဆိုနိုင်သည်။

ရှေးမြန်မာနိုင်ငံ အလယ်ပိုင်းသားတို့ ပုပ္ပားတောင်ကို သမိုင်းမတင်မီ ပဝေသနီကာလကတည်းကပင် စိတ်ဝင်စားခဲ့ ကြကြောင်း ခန့်မှန်းရမိပေသည်။

ပုပ္ပားတောင်သည် ကျောက်ခေတ်ဦး အညာသားယဉ်ကျေးမှု (Anyathian Culture) ထွန်းကားခဲ့ရာ ချောက်၊ ရေနံချောင်းတို့နှင့် ရေမြေ

တဆက်တစပ်တည်း ရှိသောကြောင့် ထိုအချိန်ကာလက တည်းကပင် ကျောက်ခေတ် လူသားတို့ နေထိုင်ရာအရပ် ဖြစ်နေ ကောင်းလောက်ပြီ ယုံကြည်ရသည်။

ကျောက်လက်နက်များလည်း ထိုနယ် အနှံ့မှ တွေ့ရှိရဖူးသောကြောင့် ဤအတွေး ဤအယူအဆ မှန်နိုင်ကောင်းမည် ထင်ပါသည်။

အမေရိကန်ပညာရှင် မိုးဗီးယပ်စ် (Movius) က ပုပ္ပါးနယ်တွင် ကျောက်ခေတ်သစ်လူနေ ရှိနေကြောင်း ကိုကား အခိုင်အမာဆိုခဲ့သည်။

Credit

Crd

Crd