■ပုန်းခိုကျင်းတွေထဲမှာနေထိုင်ကြတဲ့ ကူဘာပက်တီနယ်ခံများ
Article Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ပုန်းခိုကျင်းတွေထဲမှာနေထိုင်ကြတဲ့ ကူဘာပက်တီနယ်ခံများ
သြစတြေးလျရဲ့ ထူးခြားတဲ့မြို့ငယ်ဖြစ်တဲ့ ကူဘာပက်တီမှာ ဆိုရင်အရာအားလုံးဟာ ထူးခြားတဲ့ မြေပြင်အနေအထားသာရှိပါတယ်။ တကယ်လို့ ပရိသတ်ကြီးက မြေပြင်အခြေအနေကို ကိုယ်တိုင်လေ့လာကြည့်မယ်ဆိုရင် နွေရာသီမှာ သေမလောက်ပူတာကိုခံစားမိမှာပါ။ ပုံမှန်ဆိုရင်တောင်မှ ၄၀ ဒီဂရီဆဲလ်စီးယပ်ဟ်ထက်များပါတယ်။
လူသူကင်းမဲ့တဲ့ ကုန်းခေါင်ရေဝေးဒေသမှာဆိုရင် အပူချိန်ဟာ ပြင်းလာပြီး ကူဘာပက်တီမှာနေထိုင်ကြတဲ့ သူတွေကတော့ အခြားသူထက်ပိုသိပါတယ်။ သြစတြေးလျတောင်ပိုင်းမှာရှိတဲ့ အက်ဒလေးနှင့် အက်လက်စ်စပရင်း ကြားက မိုင်းလုပ်ငန်းလုပ်ကိုင်တဲ့မြို့ငယ်လေးအနေနဲ့ မြို့ခံတွေကတော့ ဒီလို ချူချာတဲ့မြို့ငယ်လေးကို အပူချိန်မြင့်တာရှောင်ရှားနိုင်ဖို့အတွက်နဲ့ ဝင်ချည်ထွက်ချည်လုပ်တတ်ကြပါတယ်။
ဒီမြို့ဟာ နယ်ခံပြောတဲ့အတိုင်း ပုန်းခိုကျင်းတွေ နှင့် ပြည့်နှက်နေတာပါ။ အိမ်တွေဟာ ကျောက်နံရံတွေကိုဖောက်ပြီး ဆောက်ထားတဲ့ပုံစံရှိပြီး ဒါဟာ ကူဘာပက်တီရဲ့ ဒေသခံအများစုကို နေထိုင်ခြင်း၊ စျေးဝယ်ထွက်ခြင်း၊ အိပ်စက်ခြင်း၊ အရက်ဆိုင်သွားခြင်းနှင့် ဘုရားကျောင်းသွားခြင်း စတဲ့လုပ်ငန်းစဥ်တွေကို မြေအောက်မှာပဲ လုပ်ကိုင်စေပါတယ်။
ဒီလိုပုန်းခိုကျင်းလေးတွေဟာဆိုရင် တစ်ခုထဲကိုပဲ ဒေါ်လာ ၅၀,၀၀၀ ကနေ ၃၀၀,၀၀၀ကြားရှိပြီး အပြင်အဆင်တွေမူတည်တာပါ။ ပုံမှန် မြေပြင်ပေါ်က အိမ်တွေအားလုံးဟာ ပျမ်းမျှစျေးနှုန်း ဒေါ်လာ၆၀,၀၀၀ ရှိပါတယ်။
မြေအောက်အသိုင်းအဝိုင်းကတော့ ၁၉၁၆ ခုနှစ်မှာ အိုပယ် မိုင်းတူးဖော်ရေးလုပ်ငန်းစတင်ခဲ့ကတည်းက နေရာတွေချဲ့ထွင်လာကြတာပါ။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext