■ပိုင်ရှင်အဆက်ဆက်ပြောင်းလဲခဲ့သော နတ်ဆိုးဝိညာဥ်ပါရှိသည်ဆိုသည့်ကျိန်စာသင့်သေတ္တာ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ပိုင်ရှင်အဆက်ဆက်ပြောင်းလဲခဲ့သော နတ်ဆိုးဝိညာဥ်ပါရှိသည်ဆိုသည့်ကျိန်စာသင့်သေတ္တာ

ရုတ်တရက်ပဲကြည့်လိုက်မယ်ဆိုရင်တော့ဒါဟာပုံမှန်ဝိုင်ထည့်တဲ့ဗီရိုတစ်ခုပါပဲ။အဲ့ဒါကတော့မဟော်ဂနီရောင်သစ်သားကိုအနုပညာလက်ရာမြောက်စွာပဲထွင်းထုထားပြီးတော့စပျစ်သီးခိုင်ပုံစံထွင်းထုပြီးအလှဆင်ထားတာပါ။ဘယ်လိုအိမ်မျိုးမှာမဆိုတင့်တယ်နေမယ့်ပုံစံမျိုးပါပဲ။

ဒါပေမယ့်ဒီလိုဗီရိုမျိုးနဲ့တော့အလှဆင်ဖို့မတိုက်တွန်းချင်ပါဘူး။သေချာကြည့်လိုက်မယ်ဆိုရင်တော့အထဲမှာဝိုင်တွေရှိနေတာတော့မဟုတ်ပါဘူး။အထဲမှာတော့ဆုတောင်းကျောက်စာတိုင်တစ်ခု၊အကြွေစေ့၂စေ့၊ဝိုင်ခွက်တစ်ခွက်၊ဖယောင်းခွက်တစ်ခု၊လူဆံပင်မွေးနည်းနည်းနဲ့ဂျူးအစဥ်အလာအရပြောကြတဲ့ဒေးဘက်ခ်လို့ခေါ်တဲ့နတ်ဆိုးဝိဉာဉ်တစ်ခုရှိနေတာပါ။အဲ့ဒါကတော့ဆုံးပါးသွားတဲ့လူဆိုးတစ်ယောက်ရဲ့ဝိဉာဉ်လို့ယုံကြည်ထားကြတာပါ။

အဲ့ဒီဗီရိုထဲမှာဒီဝိဉာဉ်ရှိနေတယ်လို့ဘာကြောင့်ထင်ကြတာပါလိမ့်။တစ်ခါတုန်းကဟာဗာလက်လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ကဒီသေတ္တာကိုစပိန်ကနေဝယ်ခဲ့တာပါ။ဒါပေမဲ့ဒီသေတ္တာကမိသားစုအမွေပစ္စည်းတစ်ခုတော့ဖြစ်မလာခဲ့ပါဘူး။ဟာဗားလက်ရဲမြေးမလေးကဒီသေတ္တာထဲမှာမကောင်းတာတစ်ခုခုရှိတယ်လို့ယုံကြည်တဲ့အတွက်နောင်တမရဘဲထားပစ်ခဲ့တာပါ။

နောက်ထပ်ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ကယ်ဗင်မားနက်ကအဲ့ဒါဟာအမှန်တရားပဲဆိုတာသိခဲ့ရတာပါ။သူကသူ့အမေကိုအဲ့ဒီသေတ္တာပေးပြီးတဲ့နောက်အဲ့ဒီနေ့မှာသူမဟာလေဖြတ်သွားခဲ့တာပါ။အဲ့ဒီသေတ္တာကိုပြန်ရောင်းခဲ့ပြီးနောက်ထပ်ပိုင်ရှင်တွေကတော့မကောင်းတဲ့ပုံရိပ်တွေမြင်ရတာ၊အိမ်မက်ဆိုးတွေမက်တာ၊မီးလုံးတွေရုတ်တရက်ကျွမ်းသွားတာတွေအပြင်၊ဆံပင်တွေကျွတ်တာစတဲ့ကျန်းမာရေးပြဿနာတွေကြုံခဲ့ရတာပါ။

နောက်ဆုံးမှာတော့အဲ့ဒီသေတ္တာကိုမှီငြမ်းပြီးတော့နာမည်ကြီးသရဲကားတစ်ကားရိုက်ခဲ့ဖူးပါတယ်။အခုကောအဲ့ဒီသေတ္တာဘယ်မှာရှိနေလဲဆိုတာဘယ်သူမှမသိကြပါဘူး။သူ့ကိုနောက်ဆုံးပိုင်တဲ့သူကဒီကျိန်စာကြီးနောက်ထပ်ပျံ့နှံ့နေမှာစိူးရိမ်တဲ့အတွက်ဘယ်သူမှမသိတဲ့နေရာမှာဖွက်ထားဖို့ဆုံးဖြတ်ခဲ့တာပါ။သင်ရောအဲ့ဒီထဲကနတ်ဆိုးကအဲ့ဒီအတွက်လက်စားမချေတော့ဘူးလို့ထင်ပါသလား?
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ပိုင္ရွင္အဆက္ဆက္ေျပာင္းလဲခဲ့ေသာ နတ္ဆိုးဝိညာဥ္ပါရွိသည္ဆိုသည့္က်ိန္စာသင့္ေသတၱာ

႐ုတ္တရက္ပဲၾကည့္လိုက္မယ္ဆိုရင္ေတာ့ဒါဟာပုံမွန္ဝိုင္ထည့္တဲ့ဗီရိုတစ္ခုပါပဲ။အဲ့ဒါကေတာ့မေဟာ္ဂနီေရာင္သစ္သားကိုအႏုပညာလက္ရာေျမာက္စြာပဲထြင္းထုထားၿပီးေတာ့စပ်စ္သီးခိုင္ပုံစံထြင္းထုၿပီးအလွဆင္ထားတာပါ။ဘယ္လိုအိမ္မ်ိဳးမွာမဆိုတင့္တယ္ေနမယ့္ပုံစံမ်ိဳးပါပဲ။

ဒါေပမယ့္ဒီလိုဗီရိုမ်ိဳးနဲ႔ေတာ့အလွဆင္ဖို႔မတိုက္တြန္းခ်င္ပါဘူး။ေသခ်ာၾကည့္လိုက္မယ္ဆိုရင္ေတာ့အထဲမွာဝိုင္ေတြရွိေနတာေတာ့မဟုတ္ပါဘူး။အထဲမွာေတာ့ဆုေတာင္းေက်ာက္စာတိုင္တစ္ခု၊အေႂကြေစ့၂ေစ့၊ဝိုင္ခြက္တစ္ခြက္၊ဖေယာင္းခြက္တစ္ခု၊လူဆံပင္ေမြးနည္းနည္းနဲ႔ဂ်ဴးအစဥ္အလာအရေျပာၾကတဲ့ေဒးဘက္ခ္လို႔ေခၚတဲ့နတ္ဆိုးဝိဉာဥ္တစ္ခုရွိေနတာပါ။အဲ့ဒါကေတာ့ဆုံးပါးသြားတဲ့လူဆိုးတစ္ေယာက္ရဲ့ဝိဉာဥ္လို႔ယုံၾကည္ထားၾကတာပါ။

အဲ့ဒီဗီရိုထဲမွာဒီဝိဉာဥ္ရွိေနတယ္လို႔ဘာေၾကာင့္ထင္ၾကတာပါလိမ့္။တစ္ခါတုန္းကဟာဗာလက္လို႔ေခၚတဲ့အမ်ိဳးသမီးတစ္ေယာက္ကဒီေသတၱာကိုစပိန္ကေနဝယ္ခဲ့တာပါ။ဒါေပမဲ့ဒီေသတၱာကမိသားစုအေမြပစၥည္းတစ္ခုေတာ့ျဖစ္မလာခဲ့ပါဘူး။ဟာဗားလက္ရဲေျမးမေလးကဒီေသတၱာထဲမွာမေကာင္းတာတစ္ခုခုရွိတယ္လို႔ယုံၾကည္တဲ့အတြက္ေနာင္တမရဘဲထားပစ္ခဲ့တာပါ။

ေနာက္ထပ္ပိုင္ရွင္တစ္ေယာက္ျဖစ္တဲ့ကယ္ဗင္မားနက္ကအဲ့ဒါဟာအမွန္တရားပဲဆိုတာသိခဲ့ရတာပါ။သူကသူ႔အေမကိုအဲ့ဒီေသတၱာေပးၿပီးတဲ့ေနာက္အဲ့ဒီေန႔မွာသူမဟာေလျဖတ္သြားခဲ့တာပါ။အဲ့ဒီေသတၱာကိုျပန္ေရာင္းခဲ့ၿပီးေနာက္ထပ္ပိုင္ရွင္ေတြကေတာ့မေကာင္းတဲ့ပုံရိပ္ေတြျမင္ရတာ၊အိမ္မက္ဆိုးေတြမက္တာ၊မီးလုံးေတြ႐ုတ္တရက္ကၽြမ္းသြားတာေတြအျပင္၊ဆံပင္ေတြကၽြတ္တာစတဲ့က်န္းမာေရးျပႆနာေတြၾကဳံခဲ့ရတာပါ။

ေနာက္ဆုံးမွာေတာ့အဲ့ဒီေသတၱာကိုမွီျငမ္းၿပီးေတာ့နာမည္ႀကီးသရဲကားတစ္ကားရိုက္ခဲ့ဖူးပါတယ္။အခုေကာအဲ့ဒီေသတၱာဘယ္မွာရွိေနလဲဆိုတာဘယ္သူမွမသိၾကပါဘူး။သူ႔ကိုေနာက္ဆုံးပိုင္တဲ့သူကဒီက်ိန္စာႀကီးေနာက္ထပ္ပ်ံ႕ႏွံ့ေနမွာစိူးရိမ္တဲ့အတြက္ဘယ္သူမွမသိတဲ့ေနရာမွာဖြက္ထားဖို႔ဆုံးျဖတ္ခဲ့တာပါ။သင္ေရာအဲ့ဒီထဲကနတ္ဆိုးကအဲ့ဒီအတြက္လက္စားမေခ်ေတာ့ဘူးလို႔ထင္ပါသလား?
Ref:youtube
Trans:thegeektext