TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ပါးဆီးယပ်အသုံးပြုခဲ့သည့် ဟားပိဓားရဲ့ရာဇဝင်

ရာဇဝင်မှာကျော်ကြားလှတဲ့ဓားက သင့်ကို ခွင့်မလွှတ်နိုင်တဲ့စိတ်နဲ့ လက်စားချေမှု စတာတွေကို မြင်တွေ့စေနိုင်ပါတယ်။ဂရိရာဇဝင်တွေမှာ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ဓားဟာ တံစဉ်းကဲ့သို့ ဓားသွားကို ဓားရှည်ထိပ်မှာ ပြုလုပ်ထားတဲ့ ဓားဖြစ်ပါတယ်။

ဒဏ္ဍာရီထဲမှာတော့ မိုးကောင်းကင်နတ်ဘုရား ယူရေးနပ်စ် ဟာ ကမ္ဘာမြေကြီးရဲ့နတ်ဘုရားမ ဂိုင်ယာနဲ့အိပ်ဖို့ ညတိုင်းကောင်းကင်ပေါ်မှ ဆင်းသက်လာပါတယ်။ဂိုင်ယာနဲ့ ယူရေးနပ်မှာ သားသမီးတွေရှိပြီးဖြစ်သလို ယူရေးနပ်စ်ဟာ ကလေးတွေကို ကမ္ဘာမြေကြီးထဲမှာ အကျဉ်းချထားပါတယ်။

ဒါ့အပြင် တစ်နေ့မှာ ယူရေးနပ်စ်ဟာ သူ့ရဲ့သားတွေ ကို အပြစ်ပေးတဲ့အပြင် နှိပ်စက်မှုတွေ ပြုလုပ်ခဲ့တာကြောင့်ဂိုင်ယာဟာ အံကြိတ်ကာလက်တုံ့ပြန်နိုင်ဖို့ အစီအစဉ်တွေချမှတ်ခဲ့ပါတယ်။ခါးဆီးယပ်ရဲ့ကဗျာတွေထဲမှာတော့ ဂိုင်ယာ က သူမရဲ့သားငယ် ခရိုးနပ်ကို သူ့အဖေကို ပြန်လည်ဆန့်ကျင်တိုက်ခိုက်စေခဲ့ပါတယ်။

သူမဟာ ယူရေးနပ်စ်ကို တိုက်ခိုက်ဖို့ ဟားပိဓားကို ခရိုးနပ်စ်ကို စီစဉ်ပေးခဲ့ပြီး ယူရေးနပ်စ်ဟာလည်း ထုံးစံအတိုင်း ဂိုင်ယာ နဲ့အတူလဲလျောင်းဖို့နီးကပ်လာခဲ့ကာ သူ့ဘဝပြောင်းလဲတော့မှာကို မသိခဲ့ပါဘူး။စောင့်ဆိုင်းနေတဲ့ ခရိုးနပ်စ်ဟာလည်း ယူရေးနပ်စ်ကို ခုန်အုပ်ကာ သင်းကွပ်ပြီးတော့ နန်းချခဲ့ပါတယ်။

ပြီးနောက်မှာတော့ သူက လောကကြီးကို ဦးဆောင်အုပ်ချုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ဓားဟာ ခရိုးနပ်စ်ရဲ့ ခွန်အားသင်္ကေတဖြစ်လာပါတော့တယ်။နောက်ထပ်ဂရိရာဇဝင်ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကောင်တစ်ခုက ပါးဆီးယပ်စ်ဖြစ်ပြီး ခရိုးနပ်စ်နဲ့ မြေးတော်စပ်သူပါ။

ပါးဆီးယပ်စ်ကလည်း ဟားပိကို ခေါင်းမှာမြွေတွေအများကြီးနဲ့ မက်ဒူဆာဆိုတဲ့မွန်းစတားခေါင်းကို ဖြတ်ရာမှာ အသုံးပြုခဲ့တာပါ။ မွန်းစတားနဲ့ မျက်လုံးချင်းစုံအောင်ကြည့်မိတဲ့သူတိုင်းက ကျောက်ရုပ်ဖြစ်သွားနိုင်ပြီး ပါးဆီးယပ်စ်က သူ့ရဲ့ဒိုင်းမှာပေါ်နေတဲ့ သူမအရိပ်ကိုကြည့်ပြီး တော့ သတ်ပစ်ခဲ့တာပါ။

ပါးဆီးယပ်စ်ရဲ့ ရဲရင့်တဲ့လုပ်ရပ်နဲ့ ရဲစွမ်းသတ္တိအတွက် ရုပ်တု ထုလုပ်ကာ ဂုဏ်ပြုထားကြပြီး ရုပ်တုရဲ့လက်တစ်ဖက်မှာ ဟားပိဓားကိုကိုင်ဆောင်ထားပြီး တစ်ဖက်မှာတော့ မက်ဒူဆာရဲ့ခေါင်းကို ကိုင်ထားပါတယ်။
ref:youtube
trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■ပါးဆီးယပ္အသုံးျပဳခဲ့သည့္ ဟားပိဓားရဲ့ရာဇဝင္
ရာဇဝင္မွာေက်ာ္ၾကားလွတဲ့ဓားက သင့္ကို ခြင့္မလႊတ္နိုင္တဲ့စိတ္နဲ႔ လက္စားေခ်မႈ စတာေတြကို ျမင္ေတြ႕ေစနိုင္ပါတယ္။ဂရိရာဇဝင္ေတြမွာ စတင္ေပၚေပါက္လာခဲ့တာျဖစ္ၿပီး ဓားဟာ တံစဥ္းကဲ့သို႔ ဓားသြားကို ဓားရွည္ထိပ္မွာ ျပဳလုပ္ထားတဲ့ ဓားျဖစ္ပါတယ္။
ဒ႑ာရီထဲမွာေတာ့ မိုးေကာင္းကင္နတ္ဘုရား ယူေရးနပ္စ္ ဟာ ကမၻာေျမႀကီးရဲ့နတ္ဘုရားမ ဂိုင္ယာနဲ႔အိပ္ဖို႔ ညတိုင္းေကာင္းကင္ေပၚမွ ဆင္းသက္လာပါတယ္။ဂိုင္ယာနဲ႔ ယူေရးနပ္မွာ သားသမီးေတြရွိၿပီးျဖစ္သလို ယူေရးနပ္စ္ဟာ ကေလးေတြကို ကမၻာေျမႀကီးထဲမွာ အက်ဥ္းခ်ထားပါတယ္။
ဒါ့အျပင္ တစ္ေန႔မွာ ယူေရးနပ္စ္ဟာ သူ႔ရဲ့သားေတြ ကို အျပစ္ေပးတဲ့အျပင္ ႏွိပ္စက္မႈေတြ ျပဳလုပ္ခဲ့တာေၾကာင့္ဂိုင္ယာဟာ အံႀကိတ္ကာလက္တုံ႔ျပန္နိုင္ဖို႔ အစီအစဥ္ေတြခ်မွတ္ခဲ့ပါတယ္။ခါးဆီးယပ္ရဲ့ကဗ်ာေတြထဲမွာေတာ့ ဂိုင္ယာ က သူမရဲ့သားငယ္ ခရိုးနပ္ကို သူ႔အေဖကို ျပန္လည္ဆန႔္က်င္တိုက္ခိုက္ေစခဲ့ပါတယ္။
သူမဟာ ယူေရးနပ္စ္ကို တိုက္ခိုက္ဖို႔ ဟားပိဓားကို ခရိုးနပ္စ္ကို စီစဥ္ေပးခဲ့ၿပီး ယူေရးနပ္စ္ဟာလည္း ထုံးစံအတိုင္း ဂိုင္ယာ နဲ႔အတူလဲေလ်ာင္းဖို႔နီးကပ္လာခဲ့ကာ သူ႔ဘဝေျပာင္းလဲေတာ့မွာကို မသိခဲ့ပါဘူး။ေစာင့္ဆိုင္းေနတဲ့ ခရိုးနပ္စ္ဟာလည္း ယူေရးနပ္စ္ကို ခုန္အုပ္ကာ သင္းကြပ္ၿပီးေတာ့ နန္းခ်ခဲ့ပါတယ္။
ၿပီးေနာက္မွာေတာ့ သူက ေလာကႀကီးကို ဦးေဆာင္အုပ္ခ်ဳပ္ခဲ့ပါတယ္။ေနာက္ပိုင္းမွာေတာ့ ဓားဟာ ခရိုးနပ္စ္ရဲ့ ခြန္အားသေကၤတျဖစ္လာပါေတာ့တယ္။ေနာက္ထပ္ဂရိရာဇဝင္ရဲ့ စိတ္ဝင္စားဖို႔ေကာင္းတဲ့ဇာတ္ေကာင္တစ္ခုက ပါးဆီးယပ္စ္ျဖစ္ၿပီး ခရိုးနပ္စ္နဲ႔ ေျမးေတာ္စပ္သူပါ။
ပါးဆီးယပ္စ္ကလည္း ဟားပိကို ေခါင္းမွာေႁမြေတြအမ်ားႀကီးနဲ႔ မက္ဒူဆာဆိုတဲ့မြန္းစတားေခါင္းကို ျဖတ္ရာမွာ အသုံးျပဳခဲ့တာပါ။ မြန္းစတားနဲ႔ မ်က္လုံးခ်င္းစုံေအာင္ၾကည့္မိတဲ့သူတိုင္းက ေက်ာက္႐ုပ္ျဖစ္သြားနိုင္ၿပီး ပါးဆီးယပ္စ္က သူ႔ရဲ့ဒိုင္းမွာေပၚေနတဲ့ သူမအရိပ္ကိုၾကည့္ၿပီး ေတာ့ သတ္ပစ္ခဲ့တာပါ။
ပါးဆီးယပ္စ္ရဲ့ ရဲရင့္တဲ့လုပ္ရပ္နဲ႔ ရဲစြမ္းသတၱိအတြက္ ႐ုပ္တု ထုလုပ္ကာ ဂုဏ္ျပဳထားၾကၿပီး ႐ုပ္တုရဲ့လက္တစ္ဖက္မွာ ဟားပိဓားကိုကိုင္ေဆာင္ထားၿပီး တစ္ဖက္မွာေတာ့ မက္ဒူဆာရဲ့ေခါင္းကို ကိုင္ထားပါတယ္။
ref:youtube
trans:thegeektext