TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ပရိတ်သတ်အားနပန်းပွဲကြည့်နေရသလိုဖြစ်သွားစေမည့် ဘောလုံးကစားနည်း

ပရိသတ်ကြီးက ဘောလုံးကစားပွဲ၊ ရက်ဘီကစားပွဲ သို့မဟုတ် နပန်းပွဲတွေကိုကြည့်ဖူးပြီးလို့ စည်းမျဥ်းစည်းကမ်းတွေအများကြီးရှိတယ်လို့ တွေးဖူးပါသလား။ တွေးဖူးတယ်ဆိုရင်တော့ အီတလီနိုင်ငံ ဖလောရန်စ့်မှာရှိတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကယ်စီယိုစတိုရီကို ကို ကြည့်လိုက်ပါ။

ဒါမှမဟုတ် ကယ်စီယိုစတိုရီကို နပန်းပွဲတွေကိုလည်းကြည့်နိုင်ပါတယ်။ ကယ်စီယိုစတိုရီကိုကစားနည်းကို ၁၅၈၀ မှာ စတင်တီထွင်ခဲ့ပြီးတော့ ဖလော့ရန်စ့်မှာနေထိုင်တဲ့ပြည်သူတွေက သူတို့ဟာ မြို့တော်မှာ အတော်ဆုံး အားကစားသမားဖြစ်တယ်ဆိုတာ သက်သေပြတဲ့ ကစားနည်းပဲဖြစ်ပါတယ်။ အခြေခံကတော့ ဘောလုံးနှင့် ရက်ဘီကစားသလိုပါပဲ။

သင့်ရဲ့ပြိုင်ဘက် ဂိုးပေါက်ထဲကို ဘောလုံးယူသွားရတာပါ။ ဒါပေမယ့် ဒါကိုပြီးမြောက်ဖို့ဆိုရင်တော့ သင်ဟာ သင်အလိုရှိတဲ့အရာဆီကို သွားရမှာပါ။ ခေါင်းကိုအကန်ခံရတာတွေ အထိုးခံရတာတွေကလွဲရင် ကျန်တာတွေအားလုံးက တရားမျှတပါတယ်။ လက်သီးထိုးတာတွေ၊ အကန်ခံရတာတွေ၊ လည်ပင်းညှစ်တာတွေ၊ပါဝင်ပြီး ကိုယ့်ရဲ့ပြိုင်ဘက်အသင်းကို ဖျက်ဆီးရတာပါ။

တကယ်တမ်းကတော့ ဒါဟာ ဗျူဟာသုံးရတဲ့ကစားနည်းတစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ပြိုင်ဘက်အသင်းဟာ အနာတရဖြစ်နေရင်တော့ ပန်းတိုင်ရောက်ဖို့ ပိုလွယ်ကူပါတယ်။ ပုံမှန်အားဖြင့်တော့ ပြိုင်ဘက်အသင်းကို အလဲတိုက်နိုင်တဲ့ အဖွဲ့က အနိုင်ရတတ်ကာ။ ဒါကို နည်းဗျူဟာသုံးပြီးတိုက်ခိုက်တယ်လို့လည်း ခေါ်လို့ရပါတယ်။

ဒါ့ကြောင့်လူအများစုဟာ ကယ်စီယိုစတိုရီကိုကစားနည်းကို တစ်နှစ်လုံးမှာ နှစ်ကြိမ်ထက်ပိုပြီး မကစားရဘူးဆိုတာကတော့ ထူးဆန်းစရာမရှိပါဘူး။ သူတို့ဟာ တစ်ခြားသော ၃၆၃ ရက်မှာ အနာတရတွေကို ပြန်လည် ကုစားဖို့အချိန်ကုန်တတ်ကြပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■ပရိတ္သတ္အားနပန္းပြဲၾကည့္ေနရသလိုျဖစ္သြားေစမည့္ ေဘာလုံးကစားနည္း
ပရိသတ္ႀကီးက ေဘာလုံးကစားပြဲ၊ ရက္ဘီကစားပြဲ သို႔မဟုတ္ နပန္းပြဲေတြကိုၾကည့္ဖူးၿပီးလို႔ စည္းမ်ဥ္းစည္းကမ္းေတြအမ်ားႀကီးရွိတယ္လို႔ ေတြးဖူးပါသလား။ ေတြးဖူးတယ္ဆိုရင္ေတာ့ အီတလီနိုင္ငံ ဖေလာရန္စ့္မွာရွိတဲ့ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ကယ္စီယိုစတိုရီကို ကို ၾကည့္လိုက္ပါ။
ဒါမွမဟုတ္ ကယ္စီယိုစတိုရီကို နပန္းပြဲေတြကိုလည္းၾကည့္နိုင္ပါတယ္။ ကယ္စီယိုစတိုရီကိုကစားနည္းကို ၁၅၈၀ မွာ စတင္တီထြင္ခဲ့ၿပီးေတာ့ ဖေလာ့ရန္စ့္မွာေနထိုင္တဲ့ျပည္သူေတြက သူတို႔ဟာ ၿမိဳ႕ေတာ္မွာ အေတာ္ဆုံး အားကစားသမားျဖစ္တယ္ဆိုတာ သက္ေသျပတဲ့ ကစားနည္းပဲျဖစ္ပါတယ္။ အေျခခံကေတာ့ ေဘာလုံးႏွင့္ ရက္ဘီကစားသလိုပါပဲ။
သင့္ရဲ့ၿပိဳင္ဘက္ ဂိုးေပါက္ထဲကို ေဘာလုံးယူသြားရတာပါ။ ဒါေပမယ့္ ဒါကိုၿပီးေျမာက္ဖို႔ဆိုရင္ေတာ့ သင္ဟာ သင္အလိုရွိတဲ့အရာဆီကို သြားရမွာပါ။ ေခါင္းကိုအကန္ခံရတာေတြ အထိုးခံရတာေတြကလြဲရင္ က်န္တာေတြအားလုံးက တရားမၽွတပါတယ္။ လက္သီးထိုးတာေတြ၊ အကန္ခံရတာေတြ၊ လည္ပင္းညႇစ္တာေတြ၊ပါဝင္ၿပီး ကိုယ့္ရဲ့ၿပိဳင္ဘက္အသင္းကို ဖ်က္ဆီးရတာပါ။
တကယ္တမ္းကေတာ့ ဒါဟာ ဗ်ဴဟာသုံးရတဲ့ကစားနည္းတစ္ခုပဲျဖစ္ပါတယ္။ ကိုယ့္ရဲ့ၿပိဳင္ဘက္အသင္းဟာ အနာတရျဖစ္ေနရင္ေတာ့ ပန္းတိုင္ေရာက္ဖို႔ ပိုလြယ္ကူပါတယ္။ ပုံမွန္အားျဖင့္ေတာ့ ၿပိဳင္ဘက္အသင္းကို အလဲတိုက္နိုင္တဲ့ အဖြဲ႕က အနိုင္ရတတ္ကာ။ ဒါကို နည္းဗ်ဴဟာသုံးၿပီးတိုက္ခိုက္တယ္လို႔လည္း ေခၚလို႔ရပါတယ္။
ဒါ့ေၾကာင့္လူအမ်ားစုဟာ ကယ္စီယိုစတိုရီကိုကစားနည္းကို တစ္ႏွစ္လုံးမွာ ႏွစ္ႀကိမ္ထက္ပိုၿပီး မကစားရဘူးဆိုတာကေတာ့ ထူးဆန္းစရာမရွိပါဘူး။ သူတို႔ဟာ တစ္ျခားေသာ ၃၆၃ ရက္မွာ အနာတရေတြကို ျပန္လည္ ကုစားဖို႔အခ်ိန္ကုန္တတ္ၾကပါတယ္။
Ref:youtube
Trans:thegeektext