သာမန်အားဖြင့် လူအများစုတို့ဟာ တိရိစ္ဆာန်လေးဘဲဆိုပြီး ဘာမှဂရုစိုက်မနေဘဲ လုပ်ချင်ရာလုပ်လိုက်တတ်ကြပါတယ်။တကယ်တမ်းမှာတော့ တိရိရစ္ဆာန်လေးများဟာ အသိညဏ်မြင့်မားပြီး လူတွေကဲ့သ်ု့ခံစားချက်ရှိသည့် သတ္တဝါလေးများပင်ဖြစ်ပါတယ်။
ယခုတွင်လည်း ကြောင်လေးတစ်ကောင်၏သခင်ဖြစ်သူအပေါ် ပြုမူခဲ့သည့် ပုံစံလေးဟာ လူအများကို သဘောကျအံ့သြစေခဲ့ရပါတယ်။သခင်ဖြစ်သူဟာ ကြောင်လေးကိုအစာကျွေးရာတွင် ပန်းကန်ထဲသို့ အစာစေ့နှစ်စေ့သာထည့်ပေးပြီး စနောက်ကြည့်ခဲ့ပါတယ်။
ထိုအခါကြောင်ကလေးက သခင်ဖြစ်သူကို မကျေနပ်သည့်မျက်နှာထားမျိုးဖြင့် ပြန်ကြည့်နေခဲ့တာဖြစ်ပြီး အကယ်၍လူသားတွေလို လှုပ်ရှားနိုင်သည့်လက်တွေကိုပိုင်ဆိုင်ထားပါက ထထိုးမည့်ပုံစံပင်ဖြစ်နေခဲ့တာလေးက လူတိုင်းကိုအချစ်ပိုစေခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
ပန်းကန်ထဲကို အစာနှစ်စေ့ဘဲထည့်ပေးသည့်သခင်ဖြစ်သူကို ဘယ်လိုလုပ်ဗိုက်ဝမာလဲဆိုပြီး ထထိုးတော့မည့်ပုံစံဖြင့် စိုက်ကြည့်နေခဲ့သည့် ချစ်စဖွယ်ရာကြောင်ကလေး
Shoon (Cele Daily)
Crd