ပန်ဆယ်လို ကုန်စုံဆိုင်ဖွင့်တာကို ဝေဖန်ကြတဲ့ ကိစ္စနဲ့ ကိုယ်ဉာဏ်တိမ်တာကို လိုက်ကြွားသလို ဖြစ်နေသူများ

ပန်ဆယ်လို ကုန်စုံဆိုင်ဖွင့်တာကို ဝေဖန်ကြတဲ့ ကိစ္စနဲ့ ကိုယ်ဉာဏ်တိမ်တာကို လိုက်ကြွားသလို ဖြစ်နေသူများ

ပန်ဆယ်လို ကုန်စုံဆိုင်ဖွင့်တာကို မြန်မာတွေ ဝေဖန်နေကြတယ်.. အဓိက ဘာပြဿနာကို သတိထားမိသလဲဆိုရင်.. (၁) High Boss ဖြစ်မှ ပိုက်ဆံတွေအများကြီးရှိမှ Grocery Store လေးဖွင့်လို့ရမယ်လို့ ထင်နေတာ..

(၂) American Dream ဆိုတာ မက်လို့လည်းကောင်းတယ် ကိုယ်မတွေးမိတဲ့ အင်မတန်စုတ်ပဲ့တဲ့ ကိစ္စတွေလည်းအများကြီး.. ပြောချင်တာက လုပ်သလောက် အခွင့်အရေးရှိသလို ဘယ်လိုလုပ်လုပ် မရတာလည်းရှိတယ် “ဟာ.. သူတောင် High Boss ဖြစ်သွားပြီ” ဆိုပြီး ကြောက်အားလန့်အားဖြစ်နေတာက နောက်ပြဿနာတခု..

(၃) လူ့သဘာဝအရ ကိုယ်မသိတာတွေဆိုရင် Story Creation ကသိပ်လုပ်ချင်တယ်.. လူတယောက် ဘယ်လိုရာထူးတိုးသွားသလဲ ဆိုတာကို ဉာဏ်မမှီတော့ဘူးဆိုရင်.. “ဒီကောင်ဖားတတ်လို့လေ” ဆိုပြီး ကိုယ်က မြင့်မြတ်တဲ့နေရာကိုယူ Story တွေ ခေါင်းထဲဖန်တီးပစ်လိုက်တယ်.. ဒါမှ စားဝင်အိပ်ပျော်ဖြစ်သွားမှာကိုး..

ကမ္ဘာပေါ်က ကိစ္စတော်တော်များများဟာ ကိုယ်တကယ်ကို တွေ့ကြုံပါဝင်တော့မှသာ အတိမ်အနက်ကို နားလည်နိုင်တာရှိသလို တချို့အခြေခံသဘောတရားတွေကို နားလည်အောင် သင်ယူထားမှသာ သဘောပေါက်နိုင်စွမ်းအားရှိတာတွေလည်း ရှိတယ်။ အလွယ်ပြောရရင် ဉာဏ်+အတွေ့အကြုံ ပေါင်းစပ်ဖို့လိုတယ်။

လူတယောက် အသက်ရှင်သန်နေထိုင်ဖို့ ဝင်ငွေလိုအပ်တယ်ဆိုတာ အားလုံးသိထားကြပြီးသား လူတယောက်ချင်း ဝင်ငွေရလမ်းချင်းလည်း မတူကြသလို ဝင်ငွေရလမ်းချင်း တူရင်တောင် ရောင်းတတ်တဲ့သူက ဝင်ငွေပိုရတယ်.. အရင်းအနှီး သူများလောက်လိုချင်မှလိုမယ်..

ဥပမာ.. Grab သည် Taxi ကုမ္ပဏီ Delivery လုပ်တဲ့ ကုမ္ပဏီ သို့သော် သူ့တို့မှာ Taxi တစီး ဆိုင်ကယ်တစီး ပိုင်ထားစရာမလိုဘူးလေ.. ဒါကို Business Model လို့ခေါ်တယ်.. ဝင်ငွေကို ပိုင်ဆိုင်မှု Assets က မရှာပဲ နည်းပညာပံ့ပိုးမှုကနေ ရှာတယ်.. အလားတူပဲ ကုန်ပစ္စည်းရောင်းတဲ့ ကုမ္ပဏီတွေ ပစ္စည်းတွေကနေ အမြတ်မရဘူး.. Member Registration ကနေ ဝင်ငွေရှာတယ်.. ဒါကြောင့်.. အမြဲသင်ယူကြပါ တိုက်တွန်းရတာရယ် နို့မို့ဆို မမြင်ဖူး မူးမြစ်ထင်ဖြစ်တော့ သူများဝေဖန်သလိုနဲ့ ကိုယ်ဉာဏ်တိမ်တာကို လိုက်ကြွားသလိုဖြစ်သွားတတ်တယ်..

မှတ်ချက်။ International Women’s Day မှာ အမျိုးသမီးတယောက် စီးပွါးရေးလေးတခုလုပ်တာနဲ့ ယောကျာ်းအုပ်ကြီး ဝိုင်းတိုက်ခိုက်တာ မြင်မကောင်းဘူးလေ.. အမျိုးသမီးတွေပါ ပါလာတော့ ပိုလို့မြင်မကောင်းတော့ဘူးလေ.. Lights up your life by learning and MAKE a Change! (Teacher Nang)

4

Crd

Crd