ဂျိုးဘိုင်ဒင်ကျမ်းသစ္စာကျိန်ဆိုပီးသမ္မတဖြစ်တဲ့ပထမနေ့မှာတင်နိုင်ငံရေးအမြတ်ရသွားခြင်း(သာကောကထရမ့်ရဲ့အစိုးရအဖွဲ့၀င်ဟောင်းတွေကိုဆန်ရှင်လုပ်အရေးယူပီးဒီမိုကရက်နဲ့ရီဗက်ဘလစ်ကန်ကိုသွေးခွဲဖို့ကြိုးစား)

News

ပထမနေ့မှာတင်နိုင်ငံရေးအမြတ်ရသွားခြင်း

အမေရိကန် နိုင်ငံရဲ့ ၄၆ ယောက်မြောက် သမ္မတ အသစ်အဖြစ် ဂျိုးဘိုင်ဒင် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ပွဲဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ၂၀ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ဒီသတင်းဟာ ဒီအပတ်မှာ အထူးခြားဆုံး သတင်း ဖြစ်လာပါတယ်။ ကျမ်းကျိန်တာထက် ကျမ်းကျိန်တဲ့နေ့မှာ ဖြစ်ပျက်လာတာတွေကြောင့် ပိုထူးခြားပါတယ်လို့ ပြောရမှာပါပဲ။ ဘာတွေ ထူးခြားနေသလဲ ဆိုရင်တော့ သမ္မတဟောင်းတွေ အစဉ်အလာအဖြစ် တက်ရောက်ရတဲ့ ပွဲကို ရာထူးတာဝန် လွှဲပေးရမယ့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က မတက်ပါဘူး။
အဲဒီနေ့မှာ သမ္မတနဲ့ ဒုသမ္မတ အသစ်တို့ အပြင် ဆီးနိတ်အမတ် အသစ် သုံးယောက်ကလည်း ကျမ်းကျိန်ကြတာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ အမေရိကန် ပြည်ထောင်စုရဲ့ အိမ်ဖြူတော် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တို့ကို ဒီမိုကရက် ပါတီက နှစ်ပေါင်း၂၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည် ကြီးစိုးခွင့် ရရှိသွားခဲ့ပါတယ်။ နောက်ထပ် ထူးခြားတာကတော့ အမေရိကန် အစိုးရ အသစ်ရဲ့ တရုတ်နိုင်ငံ အပေါ် တုံ့ပြန်လိုက်မှုနဲ့ အတူ တရုတ်တို့ရဲ့ ရည်ရွယ်ချက်နဲ့ မှန်းပြီး ပစ်လိုက်တဲ့ သွေးခွဲရေး မြားချက် တစ်ခုဟာ ဘိုင်ဒင် အစိုးရအတွက် နိုင်ငံရေးအမြတ် ရသွားစေခဲ့တာပါပဲ။

*တရုတ်ပစ်တဲ့မြားကို ဘိုင်ဒင်အစိုးရက ကာလိုက်ပုံ
ဂျိုးဘိုင်ဒင် သမ္မတသစ် အဖြစ် ကျမ်းကျိန်တဲ့ နေ့မှာပဲ တရုတ်အစိုးရက “လိမ်လည်မှုနဲ့ လှည့်ဖြားမှုတွေ” ဆိုတဲ့ ခေါင်းစဉ်တွေ တပ်ပြီး ရာထူးက နုတ်ထွက်ခါစပဲ ရှိကြသေးတဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း မိုက်ပွန်ပီယို အပါအဝင် ထရမ့် အစိုးရ လက်ထက်က အရာရှိဟောင်း ၂၇ ဦးကို ဆန်ရှင်ချမှတ် အရေးယူခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ထရမ့် အစိုးရ လက်ထက်က ဝါရှင်တန်နဲ့ ဆက်ဆံရေးကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပါဘူးလို့ ငြင်းပယ် ပြလိုက်တဲ့ တရုတ်တို့ရဲ့ အချက်ပြ သင်္ကေတလို့ ယူဆရပါမယ်။ တရုတ် နိုင်ငံခြားရေးက ပြောတာကတော့ ပွန်ပီယိုနဲ့ ကျန်သူတွေဟာ တရုတ်ပြည်ရဲ့ ပြည်တွင်းရေးတွေမှာ နှောင့်ယှက်ဖို့ အတွက် အကြံအစည်တွေ လုပ်တယ်၊ ပြီးရင် အကောင်အထည် ဖော်တယ်၊ ပြီးရင် လုပ်ကြံတယ် ဆိုတဲ့ အစီအစဉ်တွေ အတိုင်း သွားခဲ့ကြတယ်လို့ ဆိုပါတယ်။ တရုတ် အစိုးရဟာ အဲဒီလူတွေ အပြင် သူတို့ရဲ့ သွေးသားရင်းချာ မိသားစုဝင်တွေကိုပါ တရုတ်ပြည် လာရောက်ခွင့် ပိတ်ပင်ခဲ့ပြီး သူတို့နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီတွေ တရုတ်ပြည်မှာ စီးပွားရေး လုပ်ငန်း လုပ်ပိုင်ခွင့်ကိုပါ တားမြစ်ခဲ့ပါတယ်။

ဘိုင်ဒင် အစိုးရဟာ ဆင်းသွားပြီဖြစ်တဲ့ ထရမ့် အစိုးရ အဖွဲ့ဝင်တွေ အပေါ် တရုတ်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်ပြီး အပြုသဘော မဆောင်ဘူး။ အတ္တ ဆန်လွန်းတယ်လို့ ပြောလိုက်ပါတယ်။ “သမ္မတ အသစ် ကျမ်းကျိန်ဆိုတဲ့ နေ့မှာ ဒီလို ဆန်ရှင်အမိန့် ထုတ်ပြန်တယ် ဆိုတာဟာ ဘက်လိုက် သွေးခွဲဖို့ စတင်ပြီး ကြိုးပမ်း ပြလိုက်တယ်လို့ မှတ်ယူရပါမယ်” ဆိုပြီး ဘိုင်ဒင်ရဲ့ အမျိုးသား လုံခြုံရေး ကောင်စီ ပြောခွင့်ရ အမျိုးသမီး Emily Horne က ကျမ်းကျိန်ပွဲ ပြုလုပ်တဲ့ ဗုဒ္ဓဟူးနေ့က ရိုက်တာကို ပြောလိုက်တာပါ။ “အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံရေး ပါတီ နှစ်ရပ်စလုံးက အမေရိကန် ပြည်သူတွေဟာ ဒီလုပ်ရပ်ကို အပြုသဘော မဆောင်တဲ့၊ အတ္တဆန်တဲ့ လုပ်ရပ်အဖြစ် ဆန့်ကျင်ကြသင့်တယ်။ သမ္မတ ဘိုင်ဒင်ဟာ ပါတီ နှစ်ရပ်စလုံးက ခေါင်းဆောင်တွေနဲ့ လက်တွဲ လုပ်ဆောင် သွားကြရင်း အမေရိကကို တရုတ် မယှဉ်သာအောင် လုပ်ပြဖို့ မျှော်လင့်ထားသူ ဖြစ်ပါတယ်” လို့လည်း ပြောပြခဲ့ပါတယ်။

*တရုတ်အရေးဟာ အရေးအကြီးဆုံး စိန်ခေါ်မှု
ပွန်ပီယိုဟာ သူ့ရဲ့နောက်ဆုံး ရက်ပိုင်းတွေမှာ တရုတ်ကို တိုက်ခိုက်မှုတွေ တရစပ် ပြုလုပ်ခဲ့ပါတယ်။ တရုတ်တို့ဟာ ရှင်းကျန်း ဒေသက ဝီဂါ မွတ်စလင်တွေ အပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေနဲ့ လူသားမဆန်တဲ့ ရာဇဝတ်မှုတွေ လုပ်နေတယ် ဆိုတဲ့ ကြေညာချက် ထုတ်ပြန်တာမျိုးတွေ ဖြစ်ပါတယ်။ “ဒါကတော့ ပွန်ပီယို သူ့သဘောနဲ့သူ ပြောနေတာတွေပဲလေ၊ ထုတ်ပြန်ချက်ဆိုတာ ဘာမှ မဟုတ်ဘူး စက္ကူစုတ်ပဲ” လို့ တရုတ် နိုင်ငံခြားရေးက ပြောခွင့်ရ ပုဂ္ဂိုလ်က တုံ့ပြန်ခဲ့ပါတယ်။ “ဒီအမေရိကန် နိုင်ငံရေး သမားဟာ လူမိုက်သာသာပါ။ လိမ်လိုက် လှည့်လိုက်နဲ့ လူရွှင်တော်လို လုပ်ပြနေတာပါ” လို့လည်း ပြောပါတယ်။ တရုတ်တို့ဟာ ရှင်းကျန်းဒေသနဲ့ ပတ်သက်ပြီး စွပ်စွဲမှုတွေကို တစိုက်မတ်မတ် ငြင်းဆိုလာခဲ့တာ ကြာပါပြီ။ ကုလသမဂ္ဂကတော့ ဝီဂါနဲ့ အခြား မွတ်စလင်တွေ တစ်သန်းလောက်ကို အဲဒီဒေသက ထိန်းသိမ်းရေး စခန်းတွေမှာ ထိန်းသိမ်း ထားတယ်လို့ ပြောထားပါတယ်။

ပွန်ပီယိုရဲ့နိုင်ငံခြားရေး ဝန်ကြီး နေရာကို ဆက်ခံဖို့ ဘိုင်ဒင် ရွေးချယ်ထားခဲ့သူ Antony Blinken က တရုတ် အပေါ်မှာ ပွန်ပီယိုရဲ့ ပြောဆို ကြေညာချက်တွေ၊ ကောက်ချက် ချတာတွေနဲ့ ပတ်သက်ပြီး သူထောက်ခံ သဘောတူတယ်လို့ ဆိုထားပါတယ်။ အန်တိုနီ ဘလင့်ကန်ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အတည်ပြု ခန့်အပ်ပေးဖို့ ဆီးနိတ်က ကြားနာခဲ့စဉ်မှာ သူက အမေရိကန် နိုင်ငံကို စိန်ခေါ်နေကြတဲ့ အထဲမှာ တရုတ် အရေးဟာ အရေးအကြီးဆုံး စိန်ခေါ်မှု ဖြစ်တယ် ဆိုတာကို သူ့အနေနဲ့ လုံးဝ သံသယ မရှိပါဘူးလို့ ပြောခဲ့ပါတယ်။ ပြီးတော့ သူက ဆက်ပြောရာမှာ “တရုတ်ဘေဂျင်း အစိုးရကို ဝါရှင်တန် အနေနဲ့ ရင်ဆိုင် ယှဉ်ပြိုင်နိုင်ဖို့ အတွက် ပါတီ နှစ်ခုစလုံးကနေ ပူးပေါင်းပြီး အလွန် ခိုင်မာတဲ့ အမေရိကန် ပေါ်လစီ တစ်ရပ်ကို တည်ဆောက်နိုင်မှ ဖြစ်လိမ့်မယ်လို့ သူယုံကြည်တယ်” လို့ ထုတ်ပြောခဲ့ပါတယ်။

တရုတ်တို့ချတဲ့ ဆန်ရှင်တွေဟာ တရုတ်ပြည်ကို လာရောက်ခွင့် ပိတ်တာပါ။ တရုတ်ပြည် ဆိုရာမှာ ဟောင်ကောင်၊ မကာအို တို့လည်း ပါဝင်ပါတယ်။ ဆန်ရှင်ချမှတ် ခံရသူတွေထဲမှာ ကုန်သွယ်ရေးက Peter Navarro ၊ အမျိုးသား လုံခြုံရေး အကြံပေး Robert O’Brien နဲ့ John Bolton ၊ ကျန်းမာရေးဝန်ကြီး Alex Azar ၊ ကုလဆိုင်ရာ သံအမတ် Kelly Craft ၊ ထရမ့်ရဲ့ ကိုယ်ရံတော် ဟောင်း Steve Bannon တို့ ပါဝင်ကြပါတယ်။ အဲဒီ စာရင်းထဲက အမျိုးသား လုံခြုံရေး အကြံပေးဟောင်း ဘော်လ်တန်ဟာ ထရမ့်က ရာထူးဖြုတ်ချတာ ခံခဲ့ရသူ ဖြစ်ပြီး သူက အခုလို တရုတ်က ဆန်ရှင် ချမှတ်တဲ့ အပေါ်မှာ “အခုလို ဂုဏ်သိက္ခာရှိရှိ အသိအမှတ် ပြုတာကို လက်ခံတယ်” လို့ တွစ်တာမှာ တက်ရေးသားခဲ့ပါသေးတယ်။
တရုတ် နိုင်ငံခြားရေးက သူတို့အနေနဲ့ အပြန်အလှန် လေးစားမှုကို လိုလား မျှော်လင့်တယ်။ အမေရိကန် အစိုးရသစ်ဟာ တရုတ်နဲ့ အတူ လက်တွဲပြီး အလုပ်လုပ် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ ဆိုပါတယ်။ ပြီးတော့ နယ်ပယ်စုံမှာ win win အနေအထားနဲ့ ဖြစ်လာသမျှကို လက်တွဲ ဖြေရှင်းဖို့လည်း မျှော်လင့် ထားပါတယ်လို့ ပြောပါတယ်။ အမေရိကန် အစိုးရသစ် အနေနဲ့ ရှင်းကျန်း ကိစ္စကို အခြားဟာတွေလို မတွေးဘဲ ခေါင်းအေးအေးထားပြီး ကျိုးကြောင်း ဆီလျော်အောင် စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ တရုတ်နိုင်ငံခြားရေးက ဟွာချွမ်းရင်က ပြောပါတယ်။

*ဒီမိုကရက်တို့ အင်အားကြီးပြီ
သမ္မတ ကျမ်းကျိန်တဲ့ နေ့မှာပဲ ဒုသမ္မတ အဖြစ် Kamala Harris ကလည်း ကျမ်းကျိန် ပြီးခဲ့ပါပြီ။ ထူးခြားစွာပါပဲ၊ ဒုသမ္မတ ဖြစ်ပြီးတာနဲ့ ကမ်မလာ ဟဲရစ္စဟာ ရွေးကောက်ပွဲ နိုင်ထားတဲ့ အထက်လွှတ်တော် အမတ် သုံးဦးကို ကျမ်းသစ္စာ ကျိန်ဆိုပေးခဲ့ပါတယ်။ ဒုတိယ သမ္မတက အထက်လွှတ်တော် အမတ်အသစ် သုံးဦးကို ကျမ်းသစ္စာ ကျိန်ဆိုပေး အပြီးမှာ ဒီမိုကရက်တွေ အမေရိကန် အထက်လွှတ်တော် ဆီးနိတ်ကို ထိန်းချုပ်ခွင့် ရရှိသွားပါပြီ။ အောက်လွှတ်တော်မှာ လူများစု ရရှိထားပြီး ဖြစ်တဲ့ ဒီမိုကရက်တွေ အနေနဲ့ အထက်လွှတ်တော်ကိုလည်း အခုလို ထိန်းချုပ်လိုက် နိုင်တာကြောင့် လွှတ်တော် နှစ်ရပ်လုံးကို ထိန်းချုပ်ခွင့် ရလိုက်ပါပြီ။ အိမ်ဖြူတော်မှာလည်း ဒီမိုကရက် သမ္မတ စတင် တာဝန်ယူ ထမ်းဆောင်နေပြီ ဖြစ်တာကြောင့် ဆယ်စုနှစ် တစ်ခုအတွင်း ပါတီ တစ်ခုတည်းက အထက်နဲ့အောက် လွှတ်တော် နှစ်ရပ်လုံးနဲ့ အိမ်ဖြူတော်ကို ထိန်းချုပ်ခွင့် ပထမဆုံး ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။

Joe Biden သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နာရီပိုင်း အကြာမှာပဲ Georgia ပြည်နယ်က ဒီမိုကရက် အမတ် နှစ်ဦးဖြစ်တဲ့ Raphael Warnock နဲ့ Jon Ossoff နဲ့ အခု ဒုတိယသမ္မတရဲ့ အမတ်နေရာကို ဆက်ခံသူ California ပြည်နယ်က Alex Padilla တို့ သုံးဦး ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။ အခု အထက် လွှတ်တော် အသစ်မှာ ဒီမိုကရက် အထက်လွှတ်တော် အမတ် Chuck Schumer က လူများစု ခေါင်းဆောင် ဖြစ်လာပြီး အရင် လူများစု ခေါင်းဆောင် ရီပတ်ဘလင်ကန် အမတ် Mitch McConnell က လူနည်းစု ခေါင်းဆောင် ဖြစ်လာပါတယ်။ Schumer နဲ့ McConnell တို့ နှစ်ယောက်က အထက်လွှတ်တော်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး အာဏာ ခွဲဝေရေး ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။ နှစ်ဖက်ပါတီ အကြား အဲဒီလို သဘောတူညီချက်မျိုး လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကသာ ရရှိခဲ့ဖူးပါတယ်။

*သုံးသပ်ချက်
အမေရိကန်မှာ ဒီမိုကရက်တို့ အင်အား ကြီးသွားပါပြီ။ သမ္မတ၊ ဒုသမ္မတ အပြင် လွှတ်တော် နှစ်ရပ်စလုံးမှာ အားအကောင်းဆုံး ဖြစ်လာပါတယ်။ ဒါကို တရုတ်တို့ ကောင်းကောင်း သိပါတယ်။ ဒီတော့ ထရမ့် အစိုးရကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။ သူတို့နဲ့ “မချစ်သော်လည်း အောင့်ခါနမ်း” ဆိုသလို ဆက်ဆံနေခဲ့ရတယ်။ အခု သူတို့ကို ဆန်ရှင် လုပ်လိုက်ပါပြီ။ ခင်ဗျားတို့နဲ့ လက်တွဲမယ်။ ရီပါဘလစ်ကန်တွေကို ဆေးဖော်ကြောဖက် မလုပ်မှ ဖြစ်မယ်ဆိုတဲ့ အချိုး ချိုးပြလိုက်ပါတယ်။ သမ္မတသစ် အတွက် သူ့ရဲ့ပြိုင်ဖက် ပါတီကို ရည်ရွယ်ချက်နဲ့ ဖိပြလိုက်ပြီး ကျမ်းကျိန်တဲ့နေ့မှာ လက်ဆောင်အဖြစ် ပေးတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သပ်ရိုက်ခဲ့တာကို နိုင်ငံရေး အပါးဝလွန်းနေတဲ့ အမေရိကန် အစိုးရသစ် ဘယ်လို ကိုင်တွယ်ပြီး နိုင်ငံရေး အမြတ် ယူသွားသလဲ ဆိုတာကတော့ အတုယူစရာပါပဲ။

သူတို့ရဲ့ အခုကိစ္စ မတိုင်ခင် အရင်ဘယ်လို သာဓကတွေ ဘယ်နိုင်ငံမှာ မြင်ဖူးခဲ့ပါသလဲ။ ပါတီ တစ်ခုဟာ အင်အား သိပ်ကောင်းလာပြီး လွှမ်းမိုးမှု ကြီးမားလာရင် မတူကွဲပြားသူတွေ၊ ညှိနှိုင်းလို့ရမယ့် သူတွေ၊ လက်တွဲလို့ရမယ့် သူတွေ၊ ရည်ရွယ်ချက် ကောင်း ရှိသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ကမ်းလှမ်းကြရတယ်။ တိုင်းပြည်အရေး၊ ပြည်သူ့အရေး လုပ်ကြတာမို့ ဖြစ်ပါတယ်။ ငါမှငါ၊ ငါတို့မှငါတို့ မလုပ်ကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေး ဆိုတာဟာ သိပ်မွန်မြတ်တဲ့ အလုပ်မို့ပါပဲ။

PiLon မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi

Leave a Reply