ပစ္စည်းလက်ခံရရှိမယ့်သူကို မသိတဲ့အတွက် စပီကာနဲ့ အော်ခေါ်တဲ့ ပို့ဆောင်သူကောင်လေးရဲ့ လုပ်ရပ်ကြောင့် ဘေးလူများကို ရယ်မောစေခဲ့တဲ့အဖြစ်

JRose(Tgidailynews)
Zawgyi
ပစ္စည်းလက်ခံရရှိမယ့်သူကို မသိတဲ့အတွက် စပီကာနဲ့ အော်ခေါ်တဲ့ ပို့ဆောင်သူကောင်လေးရဲ့ လုပ်ရပ်ကြောင့် ဘေးလူများကို ရယ်မောစေခဲ့တဲ့အဖြစ်
ပစ္စည်းပို့ဆောင်သူတွေဟာ နေပူပူမိုးရွာရွာ လုပ်နေရတဲ့ အလုပ်များထဲမှ တစ်ခုဖြစ်ပါတယ်။ အချို့ဆိုရင် ဖောက်သည်များကို နာရီပေါင်းများစွာ စောင့်ဆိုင်းရပါသေးတယ်။ ဒါကြောင့်လည်း မကြာသေးမီက လူမှုကွန်ရက်မှာ ကုန်ပစ္စည်းလာယူရန် ဖောက်သည်ကို တက္ကသိုလ်ဂိတ်ဝမှ အသံချဲ့စက်နဲ့ အော်နေတဲ့ ပို့ဆောင်သူရဲ့ ဗီဒီယိုဖိုင်ကို မျှဝေခဲ့ပါတယ် ။
ပို့ဆောင်သူ အမျိုးသားရဲ့လုပ်ရပ်က ပတ်ဝန်းကျင်ရှိ လူများစွာရဲ့ အာရုံကို လျင်မြန်စွာ ဆွဲဆောင်ခဲ့ပါတယ်။ ဗီဒီယိုဖိုင်ထဲမှာ ကောင်လေးက လက်တစ်ဖက်မှာ အော်ဒါတစ်ခု ကိုင်ဆောင်ထားပြီး ကျန်တစ်ဖက်ကို အသံချဲ့စက်ကိုကိုင်ကာ “မင်္ဂလာပါ မစ္စ T. . ကျေးဇူးပြုပြီး ပစ္စည်းတွေဆင်းလာယူပါ။ ကျောင်းထဲဝင်ပြီး မပေးနိုင်တဲ့အတွက် ကျေးဇူးပြုပြီး ဆင်းယူပေးပါ။ သိတဲ့သူများ အားလုံး ကူညီပေးကြပါ” ဆိုပြီး ဖောက်သည်ကို ကောင်လေးက ကျယ်လောင်စွာ အော်ခေါ်နေခဲ့ပါတယ်။
ဒါက အခြားသူတော်တော်များများ ရယ်မောစေခဲ့ပါတယ်။ ပို့ဆောင်သူရဲ့ လျင်မြန်မှုနဲ့ တီထွင်ဖန်တီးနိုင်မှုများအတွက် လူအများက ချီးကျူးစကား ချန်ထားခဲ့ကြပါတယ်။
JRose(Tgidailynews)
Crd
Crd