■ပစိဖိတ်ဒေသရဲ့ဘာမြူဒါတြိဂံနယ်မြေလို့ခေါ်တဲ့ miyake jima island

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ပစိဖိတ်ဒေသရဲ့ဘာမြူဒါတြိဂံနယ်မြေလို့ခေါ်တဲ့ miyake jima island

တိုက်ရိုက်ပြောင်းပြန်ပြောရမယ်ဆိုရင်တော့ဂျပန်နိုင်ငံ ရဲ့ မာရာကီဂျီမာဟာ ကျောချမ်းစရာ ဂနာမငြိမ်ဖြစ်နိုင်ပြီး နောက်ထပ် စတီဖင်ကင်းရဲ့ ဝတ္ထုအတွက်နေရာကောင်းတစ်ခုပဲဖြစ်ပါတယ်။ ၎င်းကို ဓာတ်ငွေ့မျက်နှာဖုံးမြို့လို့ တင်စားခေါ်ဝေါ်ကြပြီး ဘာလို့ဒီလိုခေါ်ကြလဲဆိုတာဟာ သိဖို့မခက်ခဲပါဘူး။

မီယာခီဂျီမာဟာ ဂျပန်ရဲ့ အီဇူးကျွန်းတွေထဲက တစ်ခုဖြစ်ပြီး သူ့ရဲ့ သိသာတဲ့ အချက်တွေကြောင့် တစ်ခြားကျွန်းတွေထက်ပိုပြီးနာမည်ကြီးပါတယ်။ အာခီပလေဂိုဟာ တိုကျိုရဲ့တောင်ပိုင်းမှာရှိပြီး တော့နတ်ဆိုးပင်လယ်လို့ခေါ်ဝေါ်တဲ့နေရာကြောင့်ထင်ရှားပါတယ်။ ၎င်းကို ပစိဖိတ်ဒေသရဲ့ဘာမြူဒါတြိဂံနယ်မြေလို့လဲခေါ်ပီး။ ထို့အတူ မီးတောင်ရှင် ၂ လုံးလဲရှိတာပါ။

ကျွန်းတစ်ခုလုံးဟာ မီးတောင်နယ်မြေဖြစ်ပြီး အချိန်မရွေးပေါက်ကွဲနိုင်ပါတယ်။ ၂၀၀၀ ခုနှစ်ကဖြစ်တဲ့ပေါက်ကွဲမှာကြောင့် လေထုဟာ ဓာတုဗေဒပစ္စည်းတွေနှင့်ပြည့်နှက်နေခဲ့ပီး။ ဒီပစ္စည်းတွေကတော့ ယနေ့အထိလေထဲမှာရှိနေတုန်းပါပဲ။

ဒါ့ကြောင့် ချော်ရည်တွေနှင့်ပြာမှုန့်တွေကနေ နေရာတိုင်းမှာ ပျက်စီးမှုတွေဖြစ်လာပါတယ်။ ဒီလိုကြမ်းတမ်းတဲ့ပတ်ဝန်းကျင်ကြောင့် မာရာကီဂျီမာရဲ့မြို့ခံတွေအားလုံးဟာ ဓာတ်ငွေ့ကာကွယ်တဲ့မျက်နှာဖုံးတွေကိုအချိန်တိုင်းလိုလိုတပ်ဆင်ထားရပါတယ်။ ဧည့်သည်တွေလည်းအတူတူပါပဲ။

တကယ်လို့ဓာတ်ငွေ့ပါဝင်မှုနှုန်းဟာ လိုတာထက်ပိုလာမယ်ဆိုရင်တော့ နေ့တစ်နေ့ရဲ့ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကျွန်းတစ်ခုလုံးမှာ သတိပေးချက်အသံတွေဖြင့်ဆူညံနေမှာပါ။ ဒါတွေအားလုံးကလွဲရင်တော့ပရိသတ်ကြီးက ဒီနေရာကို လည်ပတ်နိုင်ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext