TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ပင်လယ်ဓားပြများရဲ့ ပျဥ်ပြားချပ်ပေါ်တွင်သာမကသော နှိပ်စက်မှုများ

နာမည်ကြီး Pirates of the Caribbean, Peter Pan, နှင့် Muppet Treasure Island ကားထဲက ပင်လယ်ထဲမှာ ဘယ်လိုအသက်ပျောက်အောင်ပြုလုပ်ကြလဲဆိုတဲ့ အဖြေကိုထည့်ပေးထားပါတယ်။ ဒီထဲမှာတော့ ပင်လယ်ဓားပြတွေဟာ ရန်သူတွေကိုပျဥ်ပြားချပ်ပေါ်မှာ မျက်စိမှိတ်ထားပြီး လမ်းလျှောက်ခိုင်းတာပါ။ တကယ်တမ်းကျတော့ ဒီလိုရက်စက်တဲ့ပင်လယ်ဓားပြတွေဟာ သူတို့ရဲ့ အကျဥ်းသားတွေကို နည်းမျိုးစုံဖြင့် နှိပ်စက်တတ်ကြပါတယ်။

၎င်းတို့ဟာ သုံ့ပန်းတွေနှင့် ဓားစားခံတွေပဲဖြစ်ကြကာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းကဆိုရင် နာမည်ကြီး ဂျူးလီးယက်စ်စီစာက ပင်လယ်ဓားပြတွေရဲ့ နှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်။ သူ့ကို ၇၅ ဘီစီအီးမှာ ဖမ်းမိခဲ့တာပါ။ သူကတော့ပင်လယ်ဓားပြတွေနှင့်အတူ ကုန်ဆုံးခဲ့ရတဲ့အချိန်တွေကို ကဗျာတွေ သီချင်းတွေနဲ့ဖော်ပြခဲ့ပါတယ်။

သူ့ကို ရွေးယူပြီးတဲ့အချိန်မှာတော့ ဆီဇာဟာ ပင်လယ်ဓားပြတွေကို သူတို့ရဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ပေးခဲ့ပါတယ်။ ရွေးယူဖို့ ပိုက်ဆံမရှိတဲ့ ကံမကောင်းတဲ့သူတွေကတော့ အလွန်ကြမ်းတမ်းတဲ့နည်းတွေနှင့် နှိပ်စက်ခံခဲ့ရသလို အလွန်နာမည်ကြီးတဲ့ နည်းလမ်းကတော့ သင်္ဘောနှင့်အတူ တွဲလောင်းလိုက်ပါခိုင်းတဲ့နည်းပဲဖြစ်ပါတယ်။

အသေးစိတ်ပြောရရင်တော့ လူတစ်ယောက်ကို ခြေချင်းဝတ်မှာ အလေးနှင့်တွဲထားပြီးတော့ သင်္ဘောရဲ့အောက်ခြေမှာ တွဲလောင်းချိတ်ခိုင်းထားမှာဖြစ်ပြီး။ ဘယ်လိုပုံစံပဲဖြစ်ဖြစ် ဒါကတော့ အလွန်ရက်စက်တဲ့ နှိပ်စက်မှုပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပျဥ်ပြားကို အသုံးမပြုကြတာလည်း မဟုတ်ပါဘူး။

အချို့သက်သေတွေကတော့ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်တဲ့အထဲမှာ ပါတယ်လို့ သက်သေပြကြပါတယ်။ ဒါပေမယ့်လည်း ပရိသတ်ကြီးဟာ တီဗီတွေရုပ်ရှင်တွေ ဝတ္ထုတွေထဲကလိုမျိုး အမြဲတမ်းဖြစ်နေမယ်လို့ မထင်ပါနဲ့။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext