TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ပင်လယ်ဓားပြမုတ်ဆိတ်နက်ကြီးရဲ့ မူမမှန်တဲ့မုတ်ဆိတ်အထူ

ပင်လယ်ဓားပြတွေရဲ့သမိုင်းကြောင်းဟာ သေဆုံးသွားတာတောင်မှနာမည်ဆိုးဖြင့် ကျန်ရစ်နေကြတာ များပါတယ်။ကယ်လီကိုဂျက်ခ် ကစလို့ ကပ်ပတိန်ကစ်အဆုံး စတဲ့နာမည်တွေက လွန်ခဲ့တဲ့ရာစုနှစ်တွေက သူတို့ပြုလုပ်ခဲ့တဲ့ရာဇဝတ်မှုတွေကြောင့်နာမည်ကျန်ရစ်နေတုန်းပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘယ်ပင်လယ်ဓားပြမှ အက်ဒဝတ်တိချ့်အမည်ရှိ မုတ်ဆိတ်နက်ကြီးလောက် နာမည်မကြီးပါဘူး။ သူဟာ ဒီ နာမည်ပြောင်ကို တစ်ခြားသောရုပ်သွင်ပြင်ထက်စာရင် ကြောက်ဖို့ကောင်းတဲ့အသွင်ကိုဆောင်တဲ့ သူ့ရဲ့ထူထဲလှတဲ့ မုတ်ဆိတ်ကြီးကို ရည်ညွှန်းထားပြီး ခေါ်ဝေါ်တာပါ။

ရန်သူတွေကလည်း သူ့ရဲ့ ရုပ်ရည်ကို ကြည့်၍ကြောက်ရွံ့ကြပြီး သူလိုချင်တာရဖို့အတွက် အကြမ်းဖတ်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ဖြစ်တည်မှုကတောင်မှ တော်တော်စိတ်ပျက်စရာကောင်းနေပါပြီ။ သူ့ရဲ့ အကြမ်းဖတ်တဲ့ကိစ္စဟာ သဘာဝအလျောက်ဖြစ်ပေါ်လာခဲ့တာ မဟုတ်ပါဘူး။

ဒီသမိုင်းဝင် ပင်လယ်ဓားပြကြီးက သူ့ရဲ့တိုက်ခိုက်ပုံကို တိကျသေချာတဲ့ နည်းလမ်းတွေကို အသုံးပြုထားပါတယ်။သူဟာ မုတ်ဆိတ်ထဲမှာ လျှော်တွေထည့်ကျစ်ထားပြီးတော့ မူမမှန်တဲ့မုတ်ဆိတ်အထူကိုရစေပါတယ်။

ထို့နောက်သင်္ဘောကို အပိုငိမစီးခင်မှာပဲ မုတ်ဆိတ်ကို မီးရှို့ပြီး သူ့ရဲ့မီးခိုးထွက်နေတဲ့ မျက်နှာနှင့် သင်္ဘောသားတွေကိုကြောက်လန့်အောင်ပြုလုပ်တာပါ။ သူရဲ့ ကြောက်မတ်ဖွယ်အသွင်ကို ဖန်တီးဖို့ အနီရောင် ကုတ်အင်္ကျီအပါအဝင်ဓားတိုတွေ၊ ပစ္စတိုနှစ်လက်နှင့် ဓားရှည်တစ်ချောင်းကိုပါ အသုံးအဆောင်ပစ္စည်းအဖြစ် ဆင်မြန်းခဲ့ပါတယ်။
ref:youtube
trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■ပင္လယ္ဓားျပမုတ္ဆိတ္နက္ႀကီးရဲ့ မူမမွန္တဲ့မုတ္ဆိတ္အထူ
ပင္လယ္ဓားျပေတြရဲ့သမိုင္းေၾကာင္းဟာ ေသဆုံးသြားတာေတာင္မွနာမည္ဆိုးျဖင့္ က်န္ရစ္ေနၾကတာ မ်ားပါတယ္။ကယ္လီကိုဂ်က္ခ္ ကစလို႔ ကပ္ပတိန္ကစ္အဆုံး စတဲ့နာမည္ေတြက လြန္ခဲ့တဲ့ရာစုႏွစ္ေတြက သူတို႔ျပဳလုပ္ခဲ့တဲ့ရာဇဝတ္မႈေတြေၾကာင့္နာမည္က်န္ရစ္ေနတုန္းပဲျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဘယ္ပင္လယ္ဓားျပမွ အက္ဒဝတ္တိခ်႕္အမည္ရွိ မုတ္ဆိတ္နက္ႀကီးေလာက္ နာမည္မႀကီးပါဘူး။ သူဟာ ဒီ နာမည္ေျပာင္ကို တစ္ျခားေသာ႐ုပ္သြင္ျပင္ထက္စာရင္ ေၾကာက္ဖို႔ေကာင္းတဲ့အသြင္ကိုေဆာင္တဲ့ သူ႔ရဲ့ထူထဲလွတဲ့ မုတ္ဆိတ္ႀကီးကို ရည္ညႊန္းထားၿပီး ေခၚေဝၚတာပါ။
ရန္သူေတြကလည္း သူ႔ရဲ့ ႐ုပ္ရည္ကို ၾကည့္၍ေၾကာက္ရြံ့ၾကၿပီး သူလိုခ်င္တာရဖို႔အတြက္ အၾကမ္းဖတ္မႈေတြကို လုပ္ေဆာင္ခဲ့ပါတယ္။ သူ႔ရဲ့ျဖစ္တည္မႈကေတာင္မွ ေတာ္ေတာ္စိတ္ပ်က္စရာေကာင္းေနပါၿပီ။ သူ႔ရဲ့ အၾကမ္းဖတ္တဲ့ကိစၥဟာ သဘာဝအေလ်ာက္ျဖစ္ေပၚလာခဲ့တာ မဟုတ္ပါဘူး။
ဒီသမိုင္းဝင္ ပင္လယ္ဓားျပႀကီးက သူ႔ရဲ့တိုက္ခိုက္ပုံကို တိက်ေသခ်ာတဲ့ နည္းလမ္းေတြကို အသုံးျပဳထားပါတယ္။သူဟာ မုတ္ဆိတ္ထဲမွာ ေလၽွာ္ေတြထည့္က်စ္ထားၿပီးေတာ့ မူမမွန္တဲ့မုတ္ဆိတ္အထူကိုရေစပါတယ္။
ထို႔ေနာက္သေဘၤာကို အပိုငိမစီးခင္မွာပဲ မုတ္ဆိတ္ကို မီးရွို႔ၿပီး သူ႔ရဲ့မီးခိုးထြက္ေနတဲ့ မ်က္ႏွာႏွင့္ သေဘၤာသားေတြကိုေၾကာက္လန႔္ေအာင္ျပဳလုပ္တာပါ။ သူရဲ့ ေၾကာက္မတ္ဖြယ္အသြင္ကို ဖန္တီးဖို႔ အနီေရာင္ ကုတ္အကၤ်ီအပါအဝင္ဓားတိုေတြ၊ ပစၥတိုႏွစ္လက္ႏွင့္ ဓားရွည္တစ္ေခ်ာင္းကိုပါ အသုံးအေဆာင္ပစၥည္းအျဖစ္ ဆင္ျမန္းခဲ့ပါတယ္။
ref:youtube
trans:thegeektext