TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ပင်လယ်ဓားပြတွေရဲ့ မျက်လုံးတစ်ဖက်ကာခြင်းအတွေးအခေါ်

ပင်လယ်ဓားပြတွေအတွက် အသိသာအထင်ရှားဆုံး အသုံးအဆောင်ပစ္စည်းကတော့ အမဲရောင် မျက်လုံးအကာပဲမှာပါ။

ထို့အတူ ယနေ့ခေတ်မှာ ပင်လယ်ပျော်ဓားပြတွေကို ဖော်ပြရင်လည်း မျက်လုံးအကာတွေနှင့် ဖော်ပြကြပြီး ။ ဒီလို မျက်လုံးအကာတွေကို မရေမတွက်နိုင်လောက်အောင်ကို ဖော်ပြတတ်ကြပါတယ်။ ဒါပေမယ့် ဒါကတော့ ပင်လယ်ဓားပြတွေကို မျက်လုံးထိခိုက်မှုတွေကနေ ကာကွယ်ပေးဖို့အတွက်တပ်ထားတာတော့မဟုတ်ပါဘူး။

ဒီလို ပင်လယ်ဓားပြတွေဟာ မျက်လုံးတစ်ဖက်ကို ကာထားခြင်းဟာ ထိုမျက်လုံးကို ညဘက်ကြည့်ဖို့အတွက်ပဲချိန်ညှိထားလို့ဖြစ်ပါတယ်။ ထပ်ပြီးပြောရမယ်ဆိုရင်တော့ ပင်လယ်ဓားပြတွေဟာ ရာသီဥတုတစ်ခုရဲ့ ညဘက်အခြေအနေကို လေ့လာအကဲခတ်မယ်ဆိုရင် သူတို့ဟာ လှေရဲ့ အတွင်းပိုင်းကနေ သွားချည် ပြန်ချည် လုပ်တတ်ကြပါတယ်။

ဒီကိစ္စကတော့ ရန်သူ သင်္ဘောတွေလာရင်လဲတော်တော်အသုံး၀င်တတ်ပါတယ်။ ဒါကလည်းပင်လယ်ဓားပြတွေဟာ သူတို့ ခရီးစဥ် အတွင်းမှာ မျက်စိ မကန်းကြဘူးလို့ဆိုလိုတာလည်း မဟုတ်ပြန်ပါဘူး။

ပင်လယ်ထဲမှာ သင်္ဘောစီးပြီး လုယက်ခြင်းဟာလည်းအလုံခြုံဆုံးအလုပ်အကိုင်တော့မဟုတ်တာပရိသတ်ကြီးသိမှာပါ။
ref:youtube
trans:thegeektext
zawgyi
ref:youtube
trans:thegeektext