TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ပင်လယ်ထဲသို့ရေကူး၍ရောက်ရှိခဲ့သောဆင်တစ်ကောင်

ပရိသတ်ကြီးကတော့ ဆင်တွေဟာ အကောင်ကြီးပြီးနေတာကြောင့်ရေမကူးနိုင်ဘူးလို့ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တမ်းကျတော့ သိပ်မကြာသေးခင်က သိပ္ပံပညာရှင် တွေကလဲ ဒီလိုပဲထင်ထားခဲ့တာပါ။ ဒါပေမယ့် မြေထဲပင်လယ်ဒေသကကျွန်းတွေမှာ ဆင်ရဲ့ရုပ်ကြွင်းတွေတွေ့ရတာကို ဘယ်လိုရှင်းပြကြမလဲ။

သုတေသီတွေပြောကြားချက်အရ ဒီ ဧရာမနို့တိုက်သတ္တဝါတွေက ဒီနေရာကို ရေကူးပြီးရောက်လာတယ်လို့ ယူဆနိုင်ပါတယ်။ တကယ်လို့ ဒါဟာ မမှန်ကန်ဘူးဆိုရင်တောင်မှ သိပ္ပံပညာရှင်တွေက ဒီ ဧရာမသတ္တဝါတွေက ပြေးနိုင်သလို ရေလည်း ကူးနိုင်တယ်လို့ သက်သေပြထားကြပါတယ်။ သူတို့ဟာ တစ်ခါတည်းနဲ့ ၅၀ ကီလိုမီတာအထိပြေးနိုင်ပီး။ လေ့ကျင့်ထားတဲ့ အပြေးကျွမ်းကျင်ပညာရှင်တောင်မှ ဒီလိုမျိုး ပြေးဖို့ကို အိပ်မက်တောင်မက်လို့မရပါဘူး။
သီအိုရီတွေအရ ဆင်တွေဟာ သူတို့ရဲ့နှာမောင်းကို ရေကူးတဲ့နေရာမှာ အသက်ရှူပိုက်အဖြစ်သုံးကြတယ်လို့တွေ့ရှိရပြီး ရေမြှုပ်နေရင်တောင်မှ ပုံမှန်အတိုင်းအသက်ရှူနိုင်ကြပါတယ်။ ဒါတွေအပြင် ပင်လယ်ဝအထိ ဆင်တစ်ကောင်ရောက်ရင်တော့ သေချာပေါက်ကို သေမှာဖြစ်ပါတယ်။ ရေကူးခြင်းဟာ အနားယူလို့မရဘဲနဲ့ စွမ်းအင်အများကြီးလဲလည်းလိုပါတယ်။ ဆင်တစ်ကောင်အနေနဲ့ကတော့ရေနစ်သွားမှာပါ။

ဒါကတော့ ဒီဗီဒီယိုထဲက သီရိလင်္ကာဆင်တစ်ကောင်ဖြစ်တာနဲ့ တစ်ပုံစံတည်းပါပဲ။ ကြည့်ရတာတော့သူဟာ ပြင်းထန်တဲ့ပင်လယ်ရေစီးကြောင်းရဲ့ ဒဏ်ကို ခံနိုင်ဖို့လောက်ကံမကောင်းခဲ့ပါဘူး။ သူ့ကို ကုန်းမြေကနေ ၁၆ ကီလိုမီတာအဝေးအထိ ရောက်အောင်ဆွဲခေါ်သွားခဲ့တာပါ။ ကျေးဇူးတင်စွာဖြင့် ဒီတိရစ္ဆာန်ကို ဖြတ်သွားဖြတ်လာစောင့်ကြည့်ရေး လှေက အချိန်မီ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ သူတို့က သီရီလင်္ကာရေတပ်ကို အကူအညီတောင်းခဲ့တာပါ။

ကယ်ဆယ်ရေးလှေတွေနှင့်ရေငုပ်သမားတွေက ကယ်ဆယ်ရေးကို ၁၂ နာရီကြာအောင် ပြုလုပ်ခဲ့ရပါတယ်။ သူတို့ဟာ ဆင်ကို ကြိုးတွေနဲ့ချည်ပြီး ကမ်းခြေဘက်ကိုရောက်အောင် ဆွဲလာခဲ့ရတာပါ။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext