ပင်လယ်ကမ်းခြေသို့ သွားရောက်သူတိုင်း သိထားသင့်တဲ့ မရဏရေဆွဲ (RIP Current) များ အကြောင်း

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
ပင္လယ္ကမ္းေျခသို႔ သြားေရာက္သူတိုင္း သိထားသင့္တဲ့ မရဏေရဆြဲ (RIP Current) မ်ား အေၾကာင္း
မရဏ ေရဆြဲ RIP Current သည္ ပင္လယ္၊ ေရကန္ႀကီး သို႔ လႈိင္းရွိေသာ ဘယ္ကမ္းေျခ မ်ိဳးမွာမဆို ျဖစ္ႏိုင္တဲ့ အရာပါ။
မရဏ ေရဆြဲဟာ အခ်ိဳ႕ေသာ ကမ္းေျခမ်ားတြင္ တစ္ေနရာ တည္းတြင္ အၿမဲတစ္ေစ ျဖစ္တည္ တတ္ေသာ္လည္း


အခ်ိဳ႕ေသာ ကမ္းေျခမ်ားတြင္ ကြဲျပားေသာ ေနရာမ်ားတြင္ ျဖစ္ေပၚ လာလိုက္ ကြယ္ေပ်ာက္သြားလိုက္ ျဖစ္တတ္တဲ့အတြက္ ပုံေသေျပာလို႔မရပါဘူး။
အဲ့ဒီမရဏ ေရဆြဲ ေတြဟာ ကမ္းေျခအတြင္း ေရကူးေနသူ ႏွင့္ အသက္ကယ္ေဘာကြင္းျဖင့္ ကိုယ္ေဖာ့ၿပီး

ေရကစားေနသူမ်ားကို လ်င္ျမန္တဲ့အဟုန္နဲ႔ ေရစီးေၾကာင္းထဲ ဆြဲပါေခၚယူသြားၿပီး ကမ္းနဲ႔ မိုင္ေပါင္းမ်ားစြာ ေဝးကြာသြားႏိုင္ပါတယ္။
ေရကူးကြၽမ္းက်င္မႈမရွိျခင္း၊ စိတ္မထိန္းႏိုင္ဘဲ အလြန္လန႔္ေနျခင္း၊ ေရစီးေၾကာင္း သေဘာသဘာဝကို နားမလည္ဘဲ ကမ္းေျခကို
ဦးတည္တည့္တည့္ကူးျခင္း တို႔ေၾကာင့္ အသက္ဆုံးရႈံးရေလ့ရွိပါတယ္။ မရဏေရဆြဲေၾကာင့္ အေမရိကန္ႏိုင္ငံတြင္ ႏွစ္စဥ္လူ ၅၀ ခန႔္ ေသဆုံးလွ်က္ရွိပါတယ္။
ကမ္းေျခသို႔ ဦးတည္႐ိုက္ပုတ္လာေသာ ပင္လယ္လႈိင္းလုံးမ်ားက ပင္လယ္ဖက္သို႔ ျပန္လည္ စီးဆင္းသြားတဲ့ အခါမ်ိဳးတြင္ ျဖစ္ေပၚလာေသာ ေရစီးေၾကာင္းေၾကာင့္
မရဏ ဒီေရ ျဖစ္ေပၚရျခင္းျဖစ္ပါတယ္။ အဆိုပါေရစီးေၾကာင္းသည္ ေဘးႏွစ္ဖက္မွေနၿပီး အတြင္း လည္တိုင္သို႔ ျပင္းထန္ေသာ အားျဖင့္
စီးဆင္းျခင္းျဖစ္ၿပီး ကမ္းေျခတြင္ ရွိေသာ လူ ႏွင့္ အပင္မ်ားကို ပင္လယ္ေရနက္ပိုင္း အတြင္းသို႔ ခ်က္ျခင္းဆြဲယူသြားႏိုင္ပါတယ္။
အဲ့လို ျဖစ္ရပ္မ်ားကို ငပလီ၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ဦးတိုေခ်ာင္းအဝ၊ တနသၤာရီ၊ ဧရာဝတီ၊ ရခိုင္ကမ္း႐ိုးတန္းေတြမွာ ျဖစ္ပါတယ္။
ပင္လယ္ႀကီးေလာက္ မာယာႂကြယ္တာမရွိပါ။ ခုလို မိုးဦး ေလဦးကာလေတြမွာ ပိုျဖစ္ပါတယ္။ ေရဆြဲ ဆိုတာ ေၾကာက္စရာ ေကာင္းလြန္းပါတယ္။
တစ္စကၠန႔္ကို ေျခာက္ေပထိ ျမန္ပါတယ္။ ဆြဲအားျပင္းရင္ ျပင္းသလို ေရနက္ပိုင္းကို ဆြဲေခၚသြားျခင္း ခံရမွာပါ။
ပင္လယ္ႏွင့္ နီးစပ္မႈ မရွိသူမ်ားမွာ ေရတိမ္တိမ္ေလးဘဲဆိုၿပီးေတာ့ ေရဆြဲေနရာမွာရပ္ေနမိရင္ စကၠန႔္ပိုင္အတြင္းမွာပဲ ေရနက္ထဲကို ဆြဲခ်သြားတာေၾကာင့္ အသက္ဆုံးရႈံးရမွာပါ။
တကယ္လို႔ ေရဆြဲနဲ႔မ်ားႀကဳံမိရင္ ပုံပါအတိုင္းကမ္းဆီကို မ်က္နာခ်င္ဆိုင္ ျပန္မကူးရပါဘူး။ ကမ္းႏွင့္မ်ဥ္းၿပိဳင္ အလ်ားလိုက္ ကူးထြက္ၿပီး ေရဆြဲ စီးေၾကာင္း လြတ္မွသာကမ္းကို ကူးတက္ရမွာပါ။
ေရနက္ထဲကိုသာ ဆြဲခ်သြားေပမယ့္ ေရေအာက္ၾကမ္း ျပင္ကို ဆြဲႏွစ္မသြားျခင္းေၾကာင့္ အထာသိရင္ လြတ္ႏိုင္တယ္ဆိုတဲအေၾကာင္း ဗဟုသုတ အျဖစ္တင္ျပလိုက္ပါတယ္။
ေနာက္တစ္ခုက ေရျဖတ္ ဆိုတာရွိပါေသးတယ္။ ေရနက္ပိုင္း ေတြမွာသာျဖစ္တတ္တာမို႔ အက်ယ္မေရးေတာ့ပါဘူး။ ေရက ႏွစ္လြာျဖစ္ေနၿပီး အေပၚလႊာက အေရွ႕ကိုစီးၿပီး
ေအာက္လႊာက အေနာက္ကိုစီးေနတာပါ။ ေရျဖတ္နဲ႔မိၿပီး ခါးက်ိဳးလို႔ ဒုကၡိတျဖစ္ရတဲ့ ေရငုတ္သမားေတြ ရွိပါတယ္။ (Nyo Lwin Oo)
Credit
Unicode
ပင်လယ်ကမ်းခြေသို့ သွားရောက်သူတိုင်း သိထားသင့်တဲ့ မရဏရေဆွဲ (RIP Current) များ အကြောင်း
မရဏ ရေဆွဲ RIP Current သည် ပင်လယ်၊ ရေကန်ကြီး သို့ လှိုင်းရှိသော ဘယ်ကမ်းခြေ မျိုးမှာမဆို ဖြစ်နိုင်တဲ့ အရာပါ။
မရဏ ရေဆွဲဟာ အချို့သော ကမ်းခြေများတွင် တစ်နေရာ တည်းတွင် အမြဲတစ်စေ ဖြစ်တည် တတ်သော်လည်း
အချို့သော ကမ်းခြေများတွင် ကွဲပြားသော နေရာများတွင် ဖြစ်ပေါ် လာလိုက် ကွယ်ပျောက်သွားလိုက် ဖြစ်တတ်တဲ့အတွက် ပုံသေပြောလို့မရပါဘူး။
အဲ့ဒီမရဏ ရေဆွဲ တွေဟာ ကမ်းခြေအတွင်း ရေကူးနေသူ နှင့် အသက်ကယ်ဘောကွင်းဖြင့် ကိုယ်ဖော့ပြီး
ရေကစားနေသူများကို လျင်မြန်တဲ့အဟုန်နဲ့ ရေစီးကြောင်းထဲ ဆွဲပါခေါ်ယူသွားပြီး ကမ်းနဲ့ မိုင်ပေါင်းများစွာ ဝေးကွာသွားနိုင်ပါတယ်။
ရေကူးကျွမ်းကျင်မှုမရှိခြင်း၊ စိတ်မထိန်းနိုင်ဘဲ အလွန်လန့်နေခြင်း၊ ရေစီးကြောင်း သဘောသဘာဝကို နားမလည်ဘဲ ကမ်းခြေကို
ဦးတည်တည့်တည့်ကူးခြင်း တို့ကြောင့် အသက်ဆုံးရှုံးရလေ့ရှိပါတယ်။ မရဏရေဆွဲကြောင့် အမေရိကန်နိုင်ငံတွင် နှစ်စဉ်လူ ၅၀ ခန့် သေဆုံးလျှက်ရှိပါတယ်။
ကမ်းခြေသို့ ဦးတည်ရိုက်ပုတ်လာသော ပင်လယ်လှိုင်းလုံးများက ပင်လယ်ဖက်သို့ ပြန်လည် စီးဆင်းသွားတဲ့ အခါမျိုးတွင် ဖြစ်ပေါ်လာသော ရေစီးကြောင်းကြောင့်
မရဏ ဒီရေ ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။ အဆိုပါရေစီးကြောင်းသည် ဘေးနှစ်ဖက်မှနေပြီး အတွင်း လည်တိုင်သို့ ပြင်းထန်သော အားဖြင့်
စီးဆင်းခြင်းဖြစ်ပြီး ကမ်းခြေတွင် ရှိသော လူ နှင့် အပင်များကို ပင်လယ်ရေနက်ပိုင်း အတွင်းသို့ ချက်ခြင်းဆွဲယူသွားနိုင်ပါတယ်။
အဲ့လို ဖြစ်ရပ်များကို ငပလီ၊ ငွေဆောင်၊ ချောင်းသာ၊ ဦးတိုချောင်းအဝ၊ တနင်္သာရီ၊ ဧရာဝတီ၊ ရခိုင်ကမ်းရိုးတန်းတွေမှာ ဖြစ်ပါတယ်။
ပင်လယ်ကြီးလောက် မာယာကြွယ်တာမရှိပါ။ ခုလို မိုးဦး လေဦးကာလတွေမှာ ပိုဖြစ်ပါတယ်။ ရေဆွဲ ဆိုတာ ကြောက်စရာ ကောင်းလွန်းပါတယ်။
တစ်စက္ကန့်ကို ခြောက်ပေထိ မြန်ပါတယ်။ ဆွဲအားပြင်းရင် ပြင်းသလို ရေနက်ပိုင်းကို ဆွဲခေါ်သွားခြင်း ခံရမှာပါ။
ပင်လယ်နှင့် နီးစပ်မှု မရှိသူများမှာ ရေတိမ်တိမ်လေးဘဲဆိုပြီးတော့ ရေဆွဲနေရာမှာရပ်နေမိရင် စက္ကန့်ပိုင်အတွင်းမှာပဲ ရေနက်ထဲကို ဆွဲချသွားတာကြောင့် အသက်ဆုံးရှုံးရမှာပါ။
တကယ်လို့ ရေဆွဲနဲ့များကြုံမိရင် ပုံပါအတိုင်းကမ်းဆီကို မျက်နာချင်ဆိုင် ပြန်မကူးရပါဘူး။ ကမ်းနှင့်မျဉ်းပြိုင် အလျားလိုက် ကူးထွက်ပြီး ရေဆွဲ စီးကြောင်း လွတ်မှသာကမ်းကို ကူးတက်ရမှာပါ။
ရေနက်ထဲကိုသာ ဆွဲချသွားပေမယ့် ရေအောက်ကြမ်း ပြင်ကို ဆွဲနှစ်မသွားခြင်းကြောင့် အထာသိရင် လွတ်နိုင်တယ်ဆိုတဲအကြောင်း ဗဟုသုတ အဖြစ်တင်ပြလိုက်ပါတယ်။
နောက်တစ်ခုက ရေဖြတ် ဆိုတာရှိပါသေးတယ်။ ရေနက်ပိုင်း တွေမှာသာဖြစ်တတ်တာမို့ အကျယ်မရေးတော့ပါဘူး။ ရေက နှစ်လွာဖြစ်နေပြီး အပေါ်လွှာက အရှေ့ကိုစီးပြီး
အောက်လွှာက အနောက်ကိုစီးနေတာပါ။ ရေဖြတ်နဲ့မိပြီး ခါးကျိုးလို့ ဒုက္ခိတဖြစ်ရတဲ့ ရေငုတ်သမားတွေ ရှိပါတယ်။ (Nyo Lwin Oo)
Credit
Crd
Post Views:
10
Crd