အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က အများပြည်သူသုံး ရထားနဲ့ ဘတ်စ်ကားဂိတ်မှာ အင်္ဂါနေ့က တိုက်ခိုက်မှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း အထက်လွှတ်တော် အမတ်တယောက်က ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင် သေဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းကြောင်းလည်း ပင်တဂွန်စစ်ဌာနချုပ် တည်ရှိရာ ဗာဂျီးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် Mark Warner က Reuters သတင်းဌာနကို ပြောဆိုခဲ့တာပါ။

AP သတင်းမှာတော့ ရဲအရာရှိဟာ ဓားနဲ့ထိုးခံရပြီး သေဆုံးခဲ့တာဖြစ်ကြောင်းနဲ့ တိုက်ခိုက်သူကိုတော့ ရဲတွေက နေရာမှာတင် အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်းလည်း အမည်မဖော်လိုသူ တာဝန်ရှိသူတွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ ပင်တဂွန်ရဲတပ်ဖွဲ့ အကြီးအကဲ Woodrow Kusse ကတော့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

တိုက်ခိုက်သူအကြောင်းနဲ့ တိုက်ခိုက်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ ရဲတပ်ဖွဲ့ အကြီးအကဲက မပြောခဲ့ပဲ နောက်ပိုင်း အသေးစိတ် သတင်းထုတ်ပြန်မှာဖြစ်ကြောင်းသာ ပြောခဲ့ပါတယ်။ ပတ်ဝန်းကျင်မှာ အခုအခါ လုံခြုံစိတ်ချရပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။

တိုက်ခိုက်မှုကိုတော့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က ဦးဆောင် စုံစမ်းနေပါတယ်။ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးချိန်မှာ ပင်တဂွန်စစ်ဌာနချုပ်မှာ အဝင်အထွက်တွေ ယာယီပိတ်ခဲ့သလို အများပြည်သူ ဆက်သွယ်သွားလာမှုတွေကိုလည်း လမ်းကြောင်းပြောင်း ပေးခဲ့ရပါတယ်။
VOA
ZAWGYI
အေမရိကန္ ပင္တဂြန္စစ္ဌာနခ်ဳပ္က အမ်ားျပည္သူသုံး ရထားနဲ႔ ဘတ္စ္ကားဂိတ္မွာ အဂၤါေန႔က တိုက္ခိုက္မႈျဖစ္ပြားၿပီး ရဲတပ္ဖဲြ႕၀င္တဦး ေသဆုံးခဲ့ေၾကာင္း အထက္လႊတ္ေတာ္ အမတ္တေယာက္က ေျပာပါတယ္။ ရဲတပ္ဖဲြ႕၀င္ ေသဆုံးခဲ့ရတဲ့အတြက္ ၀မ္းနည္းေၾကာင္းလည္း ပင္တဂြန္စစ္ဌာနခ်ဳပ္ တည္ရွိရာ ဗာဂ်ီးနီးယားျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Mark Warner က Reuters သတင္းဌာနကို ေျပာဆိုခဲ့တာပါ။

AP သတင္းမွာေတာ့ ရဲအရာရွိဟာ ဓားနဲ႔ထိုးခံရၿပီး ေသဆုံးခဲ့တာျဖစ္ေၾကာင္းနဲ႔ တိုက္ခိုက္သူကိုေတာ့ ရဲေတြက ေနရာမွာတင္ အေသပစ္ခတ္ ဖမ္းဆီးခဲ့ေၾကာင္းလည္း အမည္မေဖာ္လိုသူ တာ၀န္ရွိသူေတြကို ကိုးကားၿပီး ေဖာ္ျပခဲ့ပါတယ္။ ပင္တဂြန္ရဲတပ္ဖဲြ႕ အႀကီးအကဲ Woodrow Kusse ကေတာ့ အျပန္အလွန္ ပစ္ခတ္မႈျဖစ္ခဲ့ၿပီး ဒဏ္ရာရသူ အမ်ားအျပား ရွိခဲ့ေၾကာင္းလည္း သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုခဲ့တာပါ။
တိုက္ခိုက္သူအေၾကာင္းနဲ႔ တိုက္ခိုက္ရတဲ့ အေၾကာင္းရင္းနဲ႔ ပတ္သက္လို႔ေတာ့ ရဲတပ္ဖဲြ႕ အႀကီးအကဲက မေျပာခဲ့ပဲ ေနာက္ပိုင္း အေသးစိတ္ သတင္းထုတ္ျပန္မွာျဖစ္ေၾကာင္းသာ ေျပာခဲ့ပါတယ္။ ပတ္၀န္းက်င္မွာ အခုအခါ လုံျခံဳစိတ္ခ်ရၿပီ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
တိုက္ခိုက္မႈကိုေတာ့ အေမရိကန္ ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဳ႐ို (FBI) က ဦးေဆာင္ စုံစမ္းေနပါတယ္။ တိုက္ခိုက္မႈ ျဖစ္ခဲ့ၿပီးခ်ိန္မွာ ပင္တဂြန္စစ္ဌာနခ်ဳပ္မွာ အ၀င္အထြက္ေတြ ယာယီပိတ္ခဲ့သလို အမ်ားျပည္သူ ဆက္သြယ္သြားလာမႈေတြကိုလည္း လမ္းေၾကာင္းေျပာင္း ေပးခဲ့ရပါတယ္။
VOA