■နှစ်မြို့ပေါင်းမှလူဦးရေသုံးယောက်သာရှိသည့် အမေရိကန်ပြည်ထောင်စုမှမြို့လေးနှစ်မြို့

Article Knowledge Travel World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■နှစ်မြို့ပေါင်းမှလူဦးရေသုံးယောက်သာရှိသည့် အမေရိကန်ပြည်ထောင်စုမှမြို့လေးနှစ်မြို့

မြို့ကြီးတွေနှင့် မြို့ငယ်တွေမှာ လူဦးရေ အရှိန်နှုန်းမြင့်စွာဖြင့် ထူထပ်လာတာဟာ နိုင်ငံအနှံ့မှာ ဒီကိစ္စဟာ ထိန်းချုပ်ရန် ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ဒီ နဘရာစကာမှာရှိတဲ့ အိမ်နီးချင်းမြို့နှစ်မြို့ဖြစ်တဲ့ ဂရော့စ် နှင့် မိုနိုဝီမှာတော့ နှစ်မြို့ပေါင်းမှ ၃ ယောက်ပဲရှိပါတယ်တဲ့။

ဟုတ်ပါတယ်။ ပရိသတ်ကြီးကြားတဲ့အတိုင်းပါပဲ။
၂၀၁၀ခုနှစ် သန်းခေါင်စာရင်းအရ မိုနိုဝီမြို့မှာဆိုရင် အမေရိကန်ပြည်ထောင်စုမှာ တစ်ဦးတည်းသော လူဦးရေရှိသည့် မြို့အဖြစ် ထည့်သွင်းခံရပါတယ်။
အယ်လ်စီအိုင်းလာ အမည်ရှိ အသက် ၈၄ အဘွားအိုဟာ မြို့ထဲမှာရှိတဲ့ အုပ်ချုပ်ရေးကအစ စီးပွားရေးအဆုံးစတဲ့ နေရာအားလုံးကို တစ်ယောက်တည်း တာဝန်ယူထားတာပါ။

သူဟာ ဒီမြို့သေးသေးလေးရဲ့ မြို့တော်ဝန်လည်း ဖြစ်သလို၊ စာရေး၊ ဘဏ္ဍာထိန်း၊ စာကြည့်တိုက်မှူးနှင့် အရက်ဆိုင်က အဖျော်သမ အဖြစ်လည်း တာဝန်ယူထားပြန်ပါတယ်။
ဒါတွေအားလုံးဟာ မြို့ထဲမှာ နေထိုင်တဲ့ တစ်ဦးတည်းသောလူရဲ့ အခွင့်အရေးပဲမဟုတ်ပါလား။

မိုနိုဝီမြို့နှင့် မလှမ်းမကမ်းနေရာမှာရှိတဲ့ လူသူကင်းမဲ့တဲ့ ဂရော့စ်မြို့ဟာ မိုနိုဝီထက် ပိုပြီး လူနေထူထပ်ပါတယ်။
သူတို့ဆီမှာ မယ်ရီနှင့် မိုက် ဖင်နီဂန်လို့ခေါ်တဲ့ မြို့ခံ နှစ်ဦးရှိပါတယ်။
၃၃ နှစ်တိုင်အောင် လင်မယားနှစ်ယောက်နှင့် သူတို့ရဲ့ နဘရာစကာ တည်းခိုခန်းလေးဟာ မြေပုံပေါ်မှာ ရှိနေတာပါ။

စစပိုင်းမှာတော့ မြို့သူမြို့သား ၆၀၀ ကျော်ရှိပေမယ့် ရထားလမ်း၊ ကားလမ်းတွေ ရှိလာတဲ့အခါမှာတော့ သူတို့ဟာ ဂရော့စ် မြို့ကို စွန့်ခွာခဲ့ကြတာပါ။
မြို့လေးကသာသေးပေမယ့် ပုံပြင်တွေ အများကြီးရှိခဲ့ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ႏွစ္ၿမိဳ႕ေပါင္းမွလူဦးေရသုံးေယာက္သာရွိသည့္ အေမရိကန္ျပည္ေထာင္စုမွၿမိဳ႕ေလးႏွစ္ၿမိဳ႕

ၿမိဳ႕ႀကီးေတြႏွင့္ ၿမိဳ႕ငယ္ေတြမွာ လူဦးေရ အရွိန္ႏႈန္းျမင့္စြာျဖင့္ ထူထပ္လာတာဟာ နိုင္ငံအႏွံ့မွာ ဒီကိစၥဟာ ထိန္းခ်ဳပ္ရန္ ခက္ခဲတဲ့ စိန္ေခၚမႈတစ္ရပ္ျဖစ္လာခဲ့ပါတယ္။
ဒါေပမယ့္ ဒီ နဘရာစကာမွာရွိတဲ့ အိမ္နီးခ်င္းၿမိဳ႕ႏွစ္ၿမိဳ႕ျဖစ္တဲ့ ဂေရာ့စ္ ႏွင့္ မိုနိုဝီမွာေတာ့ ႏွစ္ၿမိဳ႕ေပါင္းမွ ၃ ေယာက္ပဲရွိပါတယ္တဲ့။

ဟုတ္ပါတယ္။ ပရိသတ္ႀကီးၾကားတဲ့အတိုင္းပါပဲ။
၂၀၁၀ခုႏွစ္ သန္းေခါင္စာရင္းအရ မိုနိုဝီၿမိဳ႕မွာဆိုရင္ အေမရိကန္ျပည္ေထာင္စုမွာ တစ္ဦးတည္းေသာ လူဦးေရရွိသည့္ ၿမိဳ႕အျဖစ္ ထည့္သြင္းခံရပါတယ္။
အယ္လ္စီအိုင္းလာ အမည္ရွိ အသက္ ၈၄ အဘြားအိုဟာ ၿမိဳ႕ထဲမွာရွိတဲ့ အုပ္ခ်ဳပ္ေရးကအစ စီးပြားေရးအဆုံးစတဲ့ ေနရာအားလုံးကို တစ္ေယာက္တည္း တာဝန္ယူထားတာပါ။

သူဟာ ဒီၿမိဳ႕ေသးေသးေလးရဲ့ ၿမိဳ႕ေတာ္ဝန္လည္း ျဖစ္သလို၊ စာေရး၊ ဘ႑ာထိန္း၊ စာၾကည့္တိုက္မႉးႏွင့္ အရက္ဆိုင္က အေဖ်ာ္သမ အျဖစ္လည္း တာဝန္ယူထားျပန္ပါတယ္။
ဒါေတြအားလုံးဟာ ၿမိဳ႕ထဲမွာ ေနထိုင္တဲ့ တစ္ဦးတည္းေသာလူရဲ့ အခြင့္အေရးပဲမဟုတ္ပါလား။

မိုနိုဝီၿမိဳ႕ႏွင့္ မလွမ္းမကမ္းေနရာမွာရွိတဲ့ လူသူကင္းမဲ့တဲ့ ဂေရာ့စ္ၿမိဳ႕ဟာ မိုနိုဝီထက္ ပိုၿပီး လူေနထူထပ္ပါတယ္။
သူတို႔ဆီမွာ မယ္ရီႏွင့္ မိုက္ ဖင္နီဂန္လို႔ေခၚတဲ့ ၿမိဳ႕ခံ ႏွစ္ဦးရွိပါတယ္။
၃၃ ႏွစ္တိုင္ေအာင္ လင္မယားႏွစ္ေယာက္ႏွင့္ သူတို႔ရဲ့ နဘရာစကာ တည္းခိုခန္းေလးဟာ ေျမပုံေပၚမွာ ရွိေနတာပါ။

စစပိုင္းမွာေတာ့ ၿမိဳ႕သူၿမိဳ႕သား ၆၀၀ ေက်ာ္ရွိေပမယ့္ ရထားလမ္း၊ ကားလမ္းေတြ ရွိလာတဲ့အခါမွာေတာ့ သူတို႔ဟာ ဂေရာ့စ္ ၿမိဳ႕ကို စြန႔္ခြာခဲ့ၾကတာပါ။
ၿမိဳ႕ေလးကသာေသးေပမယ့္ ပုံျပင္ေတြ အမ်ားႀကီးရွိခဲ့ပါတယ္။
Ref:youtube
Trans:thegeektext