နှစ်ပေါင်း (၆၀) ကျော် ရေမချိုးတဲ့ ကမ္ဘာ့အညစ်ပတ်ဆုံးလူသား ရေချိုးပြီးနောက် သေဆုံး

နှစ်ပေါင်း (၆၀) ကျော် ရေမချိုးတဲ့ ကမ္ဘာ့အညစ်ပတ်ဆုံးလူသား ရေချိုးပြီးနောက် သေဆုံး













ကမ္ဘာ့အညစ်ပတ်ဆုံးလူသားလို့ အမည်ပေးခံထားရတဲ့ အီရန်အမျိုးသားတစ်ဦးဟာ ရာစုနှစ် တစ်ဝက်ကျော် ရေမချိုးပဲ ကျန်းကျန်းမာမာ နေလာပြီးနောက် အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်သွားတယ်လို့ အီရန်နိုင်ငံပိုင်မီဒီယက သတင်းဖော်ပြပါတယ်။

အာ‌မိုးဟာဂျီလို့ အမည်ရတဲ့ အဲဒီအဖိုးအိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖားစ်ပြည်နယ်တောင်ပိုင်း ဒက်ဂါးရွာကလေးမှာ ကွယ်လွန်ခဲ့တာလို့ အာနာသတင်းအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။

မီးသွေးအုတ်တွေကာရံထားတဲ့ တင်းပုတ်ကလေးထဲမှာ နေထိုင်ပြီး ကျပ်ခိုးတွေနှင့် ပေကျံနေတဲ့ ဟာဂျီဟာ ရေ ဒါမှမဟုတ် ဆပ်ပြာရေနှင့်‌ ရေမချိုးဘဲနေခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီလို့ ဒေသခံမီဒီယာတွေကရေးပါတယ်။ သူဟာ ငယ်ရွယ်စဉ်တုန်းက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတစ်ခုကြောင့် ရေချိုးဖို့ကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကမ္ဘာ့အညစ်ပတ်ဆုံး အမျိုးသားဟာ သူ့ကို သန့်ရှင်းလုပ်ပေးဖို့ ရွာသားတွေရဲ့ ယခင်ကြိုးပမ်းမှုတွေကို ရှောင်ရှားခဲ့သော်လည်း လွန်ခဲ့တဲ့ လအနည်းငယ်က သန့်ရှင်းရေးလုပ်ပေးခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဒီလိုသန့်ရှင်းရေးလုပ်ခံရပြီးနောက် လအနည်းငယ်အကြာမှာ ဖျားနာပြီးနောက် အောက်တိုဘာ ၂၃ ရက်က သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အီရန်အာဏာပိုင်တွေက အောက်တိုဘာ ၂၅ ရက်မှာ ပြောပါတယ်။

နှစ်ပေါင်းများစွာ ရေမချိုးတဲ့အတွက် အိုးမဲရောင်ပေါက်နေတဲ့ အသားအရည်နဲ့ ကွယ်လွန်ချိန်မှာ တွေ့ရှိခဲ့ရပြီး သူစားသုံးတဲ့ အစားအသောက်တွေထဲမှာ ပုပ်ပွနေတဲ့ အသားများ၊ ဆီတိုင်ကီဟောင်းတွေထဲက မသန့်ရှင်းတဲ့ရေတွေကို တွေ့ရှိခဲ့ရကြောင်း အီရန်တာ၀န်ရှိသူတွေက ပြောပါတယ်။

၂၀၁၃ ခုနှစ်မှာ သူရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်သံမှတ်တမ်းတို The Strange Life of Amou Haji ထွက်ရှိခဲ့ပါသေးတယ်။



Post Views:
4








Crd