နွားကျောင်းသားဘဝမှတစ်ဆင့် မိခင်အား ရွှေပန်းကန်၊ ရွှေဇွန်းနှင့် ထမင်းကျွေးနိုင်သော သူဌေးကြီးဖြစ်လာသူ

နွားကျောင်းသားဘဝမှတစ်ဆင့် မိခင်အား ရွှေပန်းကန်၊ ရွှေဇွန်းနှင့် ထမင်းကျွေးနိုင်သော သူဌေးကြီးဖြစ်လာသူ

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

ဆင္းရဲတဲ့မိသားစုမွာ ေမြးဖြားခဲ့တဲ့ ေကာင္ေလးတစ္ေယာက္ဟာမိဘကိုကူညီဖို႔ ႏြားေက်ာင္းတဲ့အလုပ္ကိုလုပ္ခဲ့တယ္။

ေကာင္ေလးရဲ႕ တျခားကေလးေတြနဲ႔ မတူတဲ့အခ်က္ကေတာ့ စာဖတ္ဝါသနာ ႀကီးလြန္းတဲ့ အခ်က္ပါပဲ။ ႏြားေက်ာင္းရင္း ရတဲ့အခ်ိန္ကို စာဖတ္ပါတယ္။

အိမ္ေျခနည္းၿပီး ဆင္းရဲတဲ့ ႐ြာေလးမွာ ေမြးခဲ့ျပန္ေတာ့စာဖတ္ခ်င္ရင္ေတာင္ စာအုပ္ကေ႐ႊထက္ရွားတယ္..(ယခုေခတ္ လူေတြနဲ႔မ်ား ကြာပါ့ေနာ္..)

႐ြာထဲကအိမ္တစ္အိမ္မွာစာအုပ္ရွိတယ္ဆိုတဲ့သတင္းကိုၾကားတာနဲ႔ ေကာင္ေလးဟာ အဲ့ဒီအိမ္ကိုသြားၿပီး စာအုပ္ငွါးဖို႔ ႀကိဳးစားတယ္။

ဒီတိုင္းငွါးရင္ မငွါးမွာစိုးရိမ္တဲ့အတြက္ အဲ့ဒီအိမ္ရဲ႕ထင္းခြဲေရခပ္ စတဲ့အလုပ္ေတြကို ကူလုပ္ေပၿပီးမွအိမ္ရွင္ဆီက စာအုပ္ကိုငွါးခဲ့ပါတယ္ ။

အဲ့ဒီေလာက္ထိ စာဖတ္ဝါသနာႀကီးခဲ့တယ္ ။စာဖတ္ဝါသနာ ေၾကာင့္ ေကာင္ေလးရဲ႕ ဘဝကို ေျပာင္းလဲေစဖို႔ တြန္းအား ေပးခဲ့တာကလည္းစာ႐ြက္ေလးတစ္႐ြက္ေၾကာင့္ပါပဲ။

တစ္ေန႔မွာ ေကာင္ေလးဟာ ႏြားေက်ာင္းေနရင္းစာ႐ြက္ေလးတစ္႐ြက္ ၿခဳံေပၚမွာ တင္ေနတာကိုေတြ႕ခဲ့တယ္။ စာဖတ္ဝါသနာႀကီးတဲ့ေကာင္ေလးဟာ

ၿခဳံေပၚက စာ႐ြက္ေလးကို လွမ္းယူလိုက္တာေပါ့။ အဲ့ဒီစာ႐ြက္ေလးဟာလည္း ဆီေက်ာ္မုန႔္တစ္ခုခုထည့္ထားတဲ့ စာ႐ြက္ေလးျဖစ္ဟန္တူတယ္။

ဆီေတြေပက်ံေနၿပီး ပု႐ြက္ဆိတ္ေတြတက္လို႔ေပါ့။ ေကာင္ေလးဟာ ပု႐ြက္ဆိတ္ေတြကို ခါခ်ၿပီး သစ္ပင္ရိပ္တစ္ခုမွာထိုင္ရင္း စာ႐ြက္ေလးကိုဖတ္ပါတယ္။

စာ႐ြက္ေလးမွာေရးထားတဲ့စာက ေအာင္ျမင္ေအာင္ေရးေဆာင္းပါးတစ္ပုဒ္ထဲက စာအပိုင္းအစေလး တခုက ေကာင္ေလးကို ဆြဲေဆာင္ခဲ့ပါတယ္။

အဲ့စာေလး တစ္ေၾကာင္းကေတာ့…

လယ္ကြင္းထဲမွာ ပုစြန္လုံးႏႈိက္ေနတဲ့ခေလးတစ္ေယာက္ဟာ တစ္ေန႔ ႏိုင္ငံ့ေခါင္းေဆာင္ မျဖစ္ႏိုင္ပါဘူးလို႔ ဘယ္သူေျပာႏိုင္မွာလဲ ဆိုတဲ့စာေၾကာင္းေလးပါ။

အဲ့ဒီစာေၾကာင္းေလးဖတ္ၿပီးေနာက္ ေကာင္ေလးဟာ စိတ္ဓာတ္ေတြ တက္ႂကြလာပါတယ္။

ပုစြန္လုံးႏႈိက္တဲ့ သူကေတာင္ ႏိုင္ငံေခါင္းေဆာင္ျဖစ္ႏိုင္ရင္ ငါကဘာလို႔သူေ႒းႀကီးမျဖစ္ႏိုင္ရမွာလဲ

ဆိုတဲ့အေတြးနဲ႔ ေမြးရပ္ေျမကို စြန႔္ခြာၿပီး ၿမိဳ႕ကိုတက္ဖို႔ စိတ္ကူးရခဲ့ပါတယ္။ဆင္းရဲလွတဲ့ မိခင္ျဖစ္သူကိုလည္း ဒီလိုမွာခဲ့ေသးပါတယ္…

ဒီအခ်ိန္မွာ အေမဆင္းရဲေနလို႔ ပန္ကန္ျပားမပါပဲ ဖက္နဲ႔ထမင္းစားရရင္ေတာင္ အားမငယ္ပါနဲ႔….

တစ္ေန႔ သားခ်မ္းသာလာတဲ့အခါ အေမကို ေ႐ြပန္းကန္နဲ႔ ေကြၽးပါ့မယ္လို႔ ေျပာၿပီး ၿမိဳ႕ကိုတက္လာခဲ့တယ္။

လက္ထဲမွာေတာ့ မိခင္ေပးလိုက္တဲ့ ေငြ ၃၅က်ပ္ပါလာခဲ့ပါတယ္။အိမ္မက္ေတြကိုအေကာင္အထည္ေဖာ္ဖို႔

ပညာရပ္တစ္ခုခု သင္ထားမွျဖစ္မယ္ဆိုတဲ့ အေတြးနဲ႔ ကိုယ့္ထက္နားလည္ တက္ကြၽမ္းတဲ့သူေတြကိုခ်ဥ္းကပ္ၿပီး အႀကံဉာဏ္ေတာင္းခဲ့တယ္။

ဒီလိုနဲ႔ပဲ အရမ္းအဖိုးတန္တဲ့ အႀကံေကာင္းတစ္ခု ဆရာသမားတစ္ေယာက္ဆီကေန ရလိုက္တယ္ ။

အဲ့ဒါကေတာ့ ကိုယ္ပိုင္လုပ္ငန္းလုပ္ခ်င္တဲ့ လူတစ္ေယာက္ဟာ ကိုယ္ပိုင္လုပ္ငန္း ထူေထာင္ႏိုင္မယ့္ အတက္ပညာရပ္တစ္ခုခုကို သင္ယူရမယ္ ဆိုတဲ့ အႀကံဉာဏ္ပါ။

ဒီလိုနဲ႔ေကာင္ေလးဟာ ကားဝပ္ေရွာ့စ္ တစ္ခုမွာစက္ျပင္ပညာ သင္ၾကားခြင့္ရဖို႔အတြက္ ႀကိဳးစားခဲ့တယ္။ ဝပ္ေရွာ့စ္ဆရာက ေကာင္ေလးရဲ႕

ေသးငယ္တဲ့ ခႏၶာကိုယ္ကိုၾကည့္ၿပီး ပင္ပန္းတဲ့စက္ျပင္ပညာကို ၾကာရွည္လုပ္ႏိုင္မယ္ မထင္တဲ့အတြက္အလုပ္မခန႔္ခဲ့ပါဘူး။

ဒါေပမယ့္ေကာင္ေလးဟာဘယ္ေလာက္ပဲ ပင္ပန္းပါေစ သူလုပ္ႏိုင္တယ္ ျဖစ္ေၾကာင္းနဲ႔ စက္ျပင္ပညာကိုလည္းဆယ္ႏွစ္ၾကာတဲ့အထိ သင္ယူေလ့လာမယ္ ျဖစ္ေၾကာင္းကို

ရဲရဲဝင့္ဝင့္ ေျပာခဲ့ပါတယ္။ ေကာင္ေလးရည္႐ြယ္ထားတာက သူ႔အသက္၁၅ႏွစ္မွာ စက္ျပင္ပညာကို စတင္သင္ၾကားၿပီး

အသက္၂၅မွစ္မွာ ကိုယ္ပိုင္ဝပ္ေရွာ့စ္ တစ္ခုကိုထူေထာင္မယ္ဆိုတဲ့ ရည္႐ြယ္ခ်က္ေၾကာင့္လည္းအခုလိုကတိေပးလိုက္တာျဖစ္တယ္။

ေကာင္ေလးရဲ႕ကတိစကားကိုစက္ျပင္ဆရာကလည္း လက္ခံလိုက္ပါတယ္။ ဒီလိုနဲ႔ စက္ျပင္ပညာကို သင္ၾကားရင္း ၉ႏွစ္ေက်ာ္အၾကာ

သူ႔အသက္၂၄ႏွစ္အ႐ြယ္မွာ ဆရာ့ဆီကခြဲထြက္ၿပီး ကိုယ္ပိုင္ဝပ္ေရွာ့စ္တစ္ခုကို ထူေထာင္ခဲ့ပါတယ္။ ဇြဲေကာင္းသလို တီထြင္ဉာဏ္ပါေကာင္းတဲ့ လူငယ္မွာ

ဝပ္ေရွာ့စ္လုပ္ငန္းကေနမီးစက္ေတြ ၊ကားေတြကိုပါ ျပည္တြင္းမွာ ထုတ္လုပ္ေရာင္းခ်ႏိုင္တဲ့အထိ အဆင့္ဆင့္ တိုးခ်ဲ႕ လုပ္ကိုင္ႏိုင္ခဲ့ၿပီး…..

ေနာက္ဆုံးမွာေတာ့ သူျဖစ္ခ်င္ခဲ့တဲ့ သူေ႒း ႀကီး တစ္ဦးျဖစ္လာခဲ့ပါၿပီ ။သူ႔ရဲ႕ကတိစကားအတိုင္းပဲ မိခင္ျဖစ္သူကိုလည္း ေ႐ႊပန္းကန္ ၊ေ႐ႊဇြန္းနဲ႔လည္း ထမင္းေကြၽးႏိုင္ ခဲ့ပါတယ္။

ဒီဇာတ္လမ္းေလး ကေတာ့ ပုံျပင္မဟုတ္ခဲ့ပါဘူး။ဒါကေတာ့ UD လုပ္ငန္းစုရဲ႕တည္ေထာင္သူ ဦးခင္ေမာင္ဝင္းရဲ႕ျဖစ္ရပ္မွန္ ဇာတ္ေၾကာင္းပဲျဖစ္ပါတယ္။

မႏၲလာ ေျမမွသူေတြကေတာ့ သိေလာက္ မွာပါေနာ္။

Credit

Unicode

ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာမိဘကိုကူညီဖို့ နွားကျောင်းတဲ့အလုပ်ကိုလုပ်ခဲ့တယ်။

ကောင်လေးရဲ့ တခြားကလေးတွေနဲ့ မတူတဲ့အချက်ကတော့ စာဖတ်ဝါသနာ ကြီးလွန်းတဲ့ အချက်ပါပဲ။ နွားကျောင်းရင်း ရတဲ့အချိန်ကို စာဖတ်ပါတယ်။

အိမ်ခြေနည်းပြီး ဆင်းရဲတဲ့ ရွာလေးမှာ မွေးခဲ့ပြန်တော့စာဖတ်ချင်ရင်တောင် စာအုပ်ကရွှေထက်ရှားတယ်..(ယခုခေတ် လူတွေနဲ့များ ကွာပါ့နော်..)

ရွာထဲကအိမ်တစ်အိမ်မှာစာအုပ်ရှိတယ်ဆိုတဲ့သတင်းကိုကြားတာနဲ့ ကောင်လေးဟာ အဲ့ဒီအိမ်ကိုသွားပြီး စာအုပ်ငှါးဖို့ ကြိုးစားတယ်။

ဒီတိုင်းငှါးရင် မငှါးမှာစိုးရိမ်တဲ့အတွက် အဲ့ဒီအိမ်ရဲ့ထင်းခွဲရေခပ် စတဲ့အလုပ်တွေကို ကူလုပ်ပေပြီးမှအိမ်ရှင်ဆီက စာအုပ်ကိုငှါးခဲ့ပါတယ် ။

အဲ့ဒီလောက်ထိ စာဖတ်ဝါသနာကြီးခဲ့တယ် ။စာဖတ်ဝါသနာ ကြောင့် ကောင်လေးရဲ့ ဘဝကို ပြောင်းလဲစေဖို့ တွန်းအား ပေးခဲ့တာကလည်းစာရွက်လေးတစ်ရွက်ကြောင့်ပါပဲ။

တစ်နေ့မှာ ကောင်လေးဟာ နွားကျောင်းနေရင်းစာရွက်လေးတစ်ရွက် ခြုံပေါ်မှာ တင်နေတာကိုတွေ့ခဲ့တယ်။ စာဖတ်ဝါသနာကြီးတဲ့ကောင်လေးဟာ

ခြုံပေါ်က စာရွက်လေးကို လှမ်းယူလိုက်တာပေါ့။ အဲ့ဒီစာရွက်လေးဟာလည်း ဆီကျော်မုန့်တစ်ခုခုထည့်ထားတဲ့ စာရွက်လေးဖြစ်ဟန်တူတယ်။

ဆီတွေပေကျံနေပြီး ပုရွက်ဆိတ်တွေတက်လို့ပေါ့။ ကောင်လေးဟာ ပုရွက်ဆိတ်တွေကို ခါချပြီး သစ်ပင်ရိပ်တစ်ခုမှာထိုင်ရင်း စာရွက်လေးကိုဖတ်ပါတယ်။

စာရွက်လေးမှာရေးထားတဲ့စာက အောင်မြင်အောင်ရေးဆောင်းပါးတစ်ပုဒ်ထဲက စာအပိုင်းအစလေး တခုက ကောင်လေးကို ဆွဲဆောင်ခဲ့ပါတယ်။

အဲ့စာလေး တစ်ကြောင်းကတော့…

လယ်ကွင်းထဲမှာ ပုစွန်လုံးနှိုက်နေတဲ့ခလေးတစ်ယောက်ဟာ တစ်နေ့ နိုင်ငံ့ခေါင်းဆောင် မဖြစ်နိုင်ပါဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ဆိုတဲ့စာကြောင်းလေးပါ။

အဲ့ဒီစာကြောင်းလေးဖတ်ပြီးနောက် ကောင်လေးဟာ စိတ်ဓာတ်တွေ တက်ကြွလာပါတယ်။

ပုစွန်လုံးနှိုက်တဲ့ သူကတောင် နိုင်ငံခေါင်းဆောင်ဖြစ်နိုင်ရင် ငါကဘာလို့သူဋ္ဌေးကြီးမဖြစ်နိုင်ရမှာလဲ

ဆိုတဲ့အတွေးနဲ့ မွေးရပ်မြေကို စွန့်ခွာပြီး မြို့ကိုတက်ဖို့ စိတ်ကူးရခဲ့ပါတယ်။ဆင်းရဲလှတဲ့ မိခင်ဖြစ်သူကိုလည်း ဒီလိုမှာခဲ့သေးပါတယ်…

ဒီအချိန်မှာ အမေဆင်းရဲနေလို့ ပန်ကန်ပြားမပါပဲ ဖက်နဲ့ထမင်းစားရရင်တောင် အားမငယ်ပါနဲ့….

တစ်နေ့ သားချမ်းသာလာတဲ့အခါ အမေကို ရွေပန်းကန်နဲ့ ကျွေးပါ့မယ်လို့ ပြောပြီး မြို့ကိုတက်လာခဲ့တယ်။

လက်ထဲမှာတော့ မိခင်ပေးလိုက်တဲ့ ငွေ ၃၅ကျပ်ပါလာခဲ့ပါတယ်။အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့

ပညာရပ်တစ်ခုခု သင်ထားမှဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ကိုယ့်ထက်နားလည် တက်ကျွမ်းတဲ့သူတွေကိုချဉ်းကပ်ပြီး အကြံဉာဏ်တောင်းခဲ့တယ်။

ဒီလိုနဲ့ပဲ အရမ်းအဖိုးတန်တဲ့ အကြံကောင်းတစ်ခု ဆရာသမားတစ်ယောက်ဆီကနေ ရလိုက်တယ် ။

အဲ့ဒါကတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့ လူတစ်ယောက်ဟာ ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်မယ့် အတက်ပညာရပ်တစ်ခုခုကို သင်ယူရမယ် ဆိုတဲ့ အကြံဉာဏ်ပါ။

ဒီလိုနဲ့ကောင်လေးဟာ ကားဝပ်ရှော့စ် တစ်ခုမှာစက်ပြင်ပညာ သင်ကြားခွင့်ရဖို့အတွက် ကြိုးစားခဲ့တယ်။ ဝပ်ရှော့စ်ဆရာက ကောင်လေးရဲ့

သေးငယ်တဲ့ ခန္ဓာကိုယ်ကိုကြည့်ပြီး ပင်ပန်းတဲ့စက်ပြင်ပညာကို ကြာရှည်လုပ်နိုင်မယ် မထင်တဲ့အတွက်အလုပ်မခန့်ခဲ့ပါဘူး။

ဒါပေမယ့်ကောင်လေးဟာဘယ်လောက်ပဲ ပင်ပန်းပါစေ သူလုပ်နိုင်တယ် ဖြစ်ကြောင်းနဲ့ စက်ပြင်ပညာကိုလည်းဆယ်နှစ်ကြာတဲ့အထိ သင်ယူလေ့လာမယ် ဖြစ်ကြောင်းကို

ရဲရဲဝင့်ဝင့် ပြောခဲ့ပါတယ်။ ကောင်လေးရည်ရွယ်ထားတာက သူ့အသက်၁၅နှစ်မှာ စက်ပြင်ပညာကို စတင်သင်ကြားပြီး

အသက်၂၅မှစ်မှာ ကိုယ်ပိုင်ဝပ်ရှော့စ် တစ်ခုကိုထူထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်လည်းအခုလိုကတိပေးလိုက်တာဖြစ်တယ်။

ကောင်လေးရဲ့ကတိစကားကိုစက်ပြင်ဆရာကလည်း လက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ စက်ပြင်ပညာကို သင်ကြားရင်း ၉နှစ်ကျော်အကြာ

သူ့အသက်၂၄နှစ်အရွယ်မှာ ဆရာ့ဆီကခွဲထွက်ပြီး ကိုယ်ပိုင်ဝပ်ရှော့စ်တစ်ခုကို ထူထောင်ခဲ့ပါတယ်။ ဇွဲကောင်းသလို တီထွင်ဉာဏ်ပါကောင်းတဲ့ လူငယ်မှာ

ဝပ်ရှော့စ်လုပ်ငန်းကနေမီးစက်တွေ ၊ကားတွေကိုပါ ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချနိုင်တဲ့အထိ အဆင့်ဆင့် တိုးချဲ့ လုပ်ကိုင်နိုင်ခဲ့ပြီး…..

နောက်ဆုံးမှာတော့ သူဖြစ်ချင်ခဲ့တဲ့ သူဋ္ဌေး ကြီး တစ်ဦးဖြစ်လာခဲ့ပါပြီ ။သူ့ရဲ့ကတိစကားအတိုင်းပဲ မိခင်ဖြစ်သူကိုလည်း ရွှေပန်းကန် ၊ရွှေဇွန်းနဲ့လည်း ထမင်းကျွေးနိုင် ခဲ့ပါတယ်။

ဒီဇာတ်လမ်းလေး ကတော့ ပုံပြင်မဟုတ်ခဲ့ပါဘူး။ဒါကတော့ UD လုပ်ငန်းစုရဲ့တည်ထောင်သူ ဦးခင်မောင်ဝင်းရဲ့ဖြစ်ရပ်မှန် ဇာတ်ကြောင်းပဲဖြစ်ပါတယ်။

မန္တလာ မြေမှသူတွေကတော့ သိလောက် မှာပါနော်။

Credit

Crd

Crd