ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး ကြည်း၊ရေ၊လေ အနေဖြင့် တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေသည့် စစ်သည်အင်အား ၂ သိန်း ၄ သောင်းကျော် ရှိသည်။ အမျိုးမျိုးသော စစ်ဆင်ရေးများတွင် အသုံးပြုသည့် စစ်လေယာဉ်မျိုးစုံ ၁၅၀ ကျော်ကိုလည်း ပိုင်ဆိုင်ထားသည့်အပြင် formidable Navy Fleet ကိုပိုင်ဆိုင် ထားသည့် ဂျပန်ရေတပ်အနေဖြင့် ဖျက်သင်္ဘော ကြီးများကို ကျောရိုးပြုထားသည့် ရေတပ်လည်း ဖြစ်သည်။


ဂျပန်ရေတပ်တွင် ဖျက်သင်္ဘောမှာ အစီးရေ ၄၀ အထိ တာဝန်ထမ်း ဆောင်လျှက်ရှိသည်။ ဂျပန်ကြည်းတပ်အနေဖြင့် သံချပ်ကာ ယာဉ်မျိုးစုံ အစီး ၃၀၀၀ ကျော် နှင့် တင့်ကားမျိုးဆုံး အစီး ရေ ၁၀၀၀ ကျော် အထိ ပိုင်ဆိုင်ထားသည်။ ဂျပန်စစ်တပ်၏ စစ်လက်နက်များပိုင်ဆိုင်မှု အကြမ်းဖျဉ်းအနေဖြင့် အောက်ပါအတိုင်းတွေ့ရှိရသည်-ဂျပန်လေတပ်တွင် အနီးကပ်လေကြောင်းပစ်ကူနှင့် စစ် သင်္ဘော တိုက်ဖျက်ရေးအတွက် Mitsubishi F-2 တိုက်လေယာဉ်ကို အသုံးပြုနေသည့်အပြင် ဆက်လက်၍ ဘက်စုံသုံးကိုယ်ပျောက်တိုက်လေယာဉ် Mitsubishi F-3 ကိုစမ်း သပ်ထုတ်လုပ်လျှက်ရှိသည်။


သယ်ယူပို့ဆောင်ရေးလေယာဉ်အနေဖြင့် နည်းဗျူဟာမြောက်ပို့ဆောင်ရေးလေယာဉ်ဖြစ် သည့် Kyawasaki C-1 မှ အရွယ်အစားပိုမိုကြီးမားသည့် Kyawasaki C-2 ကို ပြောင်းလဲအသုံးပြုလာသည်ကို တွေ့ ရှိရသည်။ အခြေခံနှင့် အဆင့်မြင့်အမောင်းသင်လေယာဉ် အနေဖြင့် Kyawasaki T-4 ကို အသုံးပြုသည့်အပြင် ပင်လယ်ပြင်ကင်းလှည့်လေယာဉ်ဖြစ်သော Kyawasaki P-1 ကို အသုံးပြုနေသည်။ အပေါ့စားကင်းထောက်ရဟတ် ယာဉ်အနေဖြင့် Kyawasaki OH-1 ကိုအသုံးပြုလျှက်ရှိ သည်ဟုဆိုသည်။


ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးကြည်းတပ်အနေဖြင့် Type-74 ပင်မတိုက်ပွဲဝင်တင့်ကား၊ Type-90 ပင်မတိုက်ပွဲဝင်တင့်ကားနှင့် Type-10 ပင်မတိုက်ပွဲဝင်တင့်ကားတို့ဖြစ်ပြီး၊ Type-10 မှာ ဂျပန်လမ်း/တံတားဥပဒေနှင့် ကိုက်ညီမှုရှိ သည့် တင့်ကားဖြစ်သည်။ စစ်သည်တင်သံချပ်ကာယာဉ် (APC) အသုံးပြုမှုအနေဖြင့် Type-60 သံချပ်ကာယာဉ်၊ Type-73 သံချပ်ကာယာဉ်၊ Type-96 သံချပ်ကာယာဉ်တို့ ဖြစ်သည်။



ခြေလျင်တိုက်ခိုက်ရေယာဉ်(IFV)အနေဖြင့် Type-89 ကိုအသုံးပြုနေကာ reconnaissance အတွက် Type-87 ကိုအသုံးပြုလျှက်ရှိသည်။အပေါ့စားကင်းထောက် သံချပ်ကာယာဉ်ငယ်ဖြစ်သော Komatsu LAV ကိုအသုံး ပြုသည့်အပြင် ၃၅ မမ ယာဉ်တင်လေယာဉ်စက်အမြောက် ဖြစ်သော Type-87 ကိုလည်း အသုံးပြုနေသည်။ ထပ်ဆင့် တွဲဒုံးပစ်လောင်ဂျာစနစ်အနေဖြင့် Type-75 ကိုအသုံးပြုနေ သည်။ ၁၅၅ မမ ယာဉ်တင်ဟောင်ဝစ်ဇာအမြောက်စနစ်အနေဖြင့် Type-75 ယာဉ်တင်၊ Type-99 ယာဉ်တင်အပြင် Type-19 မှာ နောက်ဆုံးထုတ်လုပ်အသုံးပြုသည့် ယာဉ်တင် ဟောင်ဝစ်ဇာစနစ်ဖြစ်သည်။



ဂျပန်ကြည်းတပ်အနေဖြင့် fire support vehicle ကို Type-16 ကိုအသုံးပြုနေသည် ဟုဆိုသည်။ဂျပန်ရေတပ်အနေဖြင့် လေယာဉ်တင်သင်္ဘော ပိုင်ဆိုင်ခွင့် မရှိသော်လည်း Izumo အတန်းအစား ရဟတ်ယာဉ်တင် သင်္ဘော နှင့် Hyuga အတန်းအစား ရဟတ်ယာဉ်တင် တွင် ရဟတ်ယာဉ်များတင်ဆောင်အသုံးပြုနေသော်လည်း အနာဂတ်တွင် ပြေးလမ်းတိုနှင့် ဒေါင်လိုက်အတက်/အဆင်းပြုလုပ်နိုင်သည့် F-35 တိုက် လေယာဉ်များတင်ဆောင်ကာ လေယာဉ်တင်သင်္ဘော အနေဖြင့် ပြောင်းလဲအသုံးပြုရန် ရည်မှန်းထားသည်ဟု သုံးသပ် ထားကြသည်။



ဖျက်သင်္ဘော များဖြင့် ကျောရိုးပြုဖွဲ့စည်းထားသည့် ဂျပန်ရေတပ်အနေ ဖြင့် ကမ္ဘာ့အကောင်းဆုံးဖျက်င်္ဘော ၁၀ မျိုးစာရင်းတွင် ပါဝင်သော Aikizuki အတန်း အစား၊ Atago အတန်း အစား နှင့် Kongou အတန်းအစား ဖျက်သင်္ဘောများကို အသုံးပြုနေသည့်အနက် Atago နှင့် Kongou မှာ Anti-air warfare အတွက်အသုံးပြုသည်။ ဂျပန်ရေတပ်တွင် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများမရှိဘဲ ဒီဇယ်- လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောများဖြစ်သည့် Soryu အတန်းအစား၊ Oyashio အတန်းအစား၊ Harushio အတန်းအစား နှင့် Yuushio အတန်းအစား ရေငုပ်သငေ််ဘာ များကိုအသုံးပြုနေသည်ဟု ဆိုသည်။



ကမ်းတက်စစ်ဆင်ရေး အတွက် Oosumi အတန်းအစား စစ်ရေယာဉ်ကြီးကို အသုံး ပြုနေကာ Type-10 ပင်မတိုက်ပွဲဝင်တင့်ကား ၁၀ စီး အထိ တင်ဆောင်အသုံးပြုနိုင်သည်။ကာကွယ်ရေးဘတ်ဂျက်အနေဖြင့် ဒေါ်လာ ၄၉ ဘီလီယံ အထိအသုံးပြုနေသည့် ဂျပန်စစ်တပ်အနေဖြင့် မြောက် ကိုရီးယား၏ အန္တရာယ်ကြောင့် စစ်လက်များကို update ပြုလုပ်နေရသည်ဟု ဆိုသည်။


credit – KokolinOo