လူတွေတော်တော်များများ ပင်ကွင်းကို အိမ်မွေးတိရိစ္ဆာန်အနေနဲ့ မမွေးမြူရဲကြတဲ့ အခြေအနေမှာတော့ မိသားစုတစ်စုက ထူးထူးခြားခြား ပင်ကွင်းတစ်ကောင်ကို သူတို့ရဲ့ အချစ်တော်လေးအဖြစ် မွေးမြူထားကြပါတယ် ။
သူကတော့ သိပ်ကို ချစ်စရာကောင်းပြီး ရှီဘူရှိ မြို့က ဂျပန်မိသားစုနဲ့အတူ နှစ်နဲ့ချီပြီး နေထိုင်လျက်ရှိတဲ့ လာလာ လို့ခေါ်တဲ့ ပင်ကွင်းဘုရင်လေးပါပဲ …
၁၉၉၆ခုနှစ်တုန်းက ငါးဖမ်းပိုက်ကွန်မှာ ငြိပြီး ဒုက္ခရောက်ကာ ဒဏ်ရာရရှိနေခဲ့တဲ့ လာလာကို ဒီမိသားစုကကယ်တင်ခဲ့တာပဲဖြစ်ပါတယ် ။ သူတို့က သူ့ကို အိမ်ခေါ်သွားကာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာအောင် ပြုစုပေးတဲ့အပြင် အဲကွန်းပါတဲ့အခန်းကိုတောင် ပေးခဲ့ပါသေးတယ် ။ အဲဒီအချိန်တုန်းက ပင်ကွင်းလေးက သူတို့မိသားစုကို အရမ်း ခင်တွယ်သွားပြီး သူတို့ကလည်း သူ့ကို မစွန့်ပစ်ရက်တာကြောင့် အိမ်မွေးတိရိစ္ဆာန်တစ်ကောင်အဖြစ် မွေးဖို့ ဆုံးဖြ တ် ခဲ့ကြပါတယ်။
လာလာလေး သက်တောင့်သက်သာနေနိုင်အောင် သူတို့တတ်နိုင်သမျှ လုပ်ပေးခဲ့ကြတယ် ။
သတင်းတွေအရ ၂၀၀၆ မှာတော့ လာလာလေး အသက် ၁၀နှစ်ဝန်းကျင်ခန့်ရှိပြီဖြစ်ပြီး သူအိမ်မှာနေတဲ့ပုံစံလေးတွေ သူအနီးပတ်ဝန်းကျင်ကို လျှောက်သွားတဲ့ ပုံလေးတွေ စတာတွေကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့ပါသေးတယ်
လာလာ့ရဲ့ မိသားစုက လာလာ့ကို စျေး ပထမဆုံးခေါ်သွားပြီးတဲ့နောက် လာလာတစ်ကောင်ကတော့ စျေးကိုပဲ ပြန်သွားချင်နေခဲ့တာပါ ။ သူတို့က သူလမ်းလျှောက်ရတာကို သဘောကျတာ သတိပြုမိကြပါတယ်။ မှတ်ဉာဏ်လည်း ကောင်းပါတယ် ။
ဒါကြောင့် လာလာ့ မိသားစုက သူ့ကို ကျောပိုးအိပ်သေးလေးတစ်လုံးဝတ်ပေးပြီး သူကြိုက်တဲ့ အစားအစာကို ဝယ်ဖို့ စျေးကို တစ်ကောင်ထဲ လမ်းလျှောက်သွားတတ်အောင် သင်ပေးခဲ့ပါတယ်။လာလာ ကျောပိုးအိတ်လွယ်ပြီး လမ်းပေါ်ထွက်လိုက်တာနဲ့ သူအသွားချင်ဆုံးနေရာက ငါးစျေးပါပဲ ။ အဲဒီမှာ သူက သူ့ငါးသူ ဝယ်တယ် ပြီးတော့ တချို့ကို အိမ်မှာ စားဖို့ သယ်လာတယ် ။သေချာတာကတော့ ဒီလိုမြင်ကွင်းမျိုးက သင်မြင်ဖူးနေကြထဲတော့ ပါမယ်မထင်ပါဘူး။
လာလာတစ်ကောင်ကတော့ သူ့ရဲ့ ပင်ကွင်းပုံကျောပိုးအိတ်လေးကို လွယ်ပြီး ဆာဒင်းနဲ့ မက်ကယ် ငါးတွေဝယ်ဖို့ နေ့တိုင်းစျေးသွားရတာထက်ပိုပြီး သဘောကျတာမျိုး ရှိမယ်မထင်ပါဘူး ။ သူ့မိသားစုကိုလည်း သူချစ်သလို သူ့ရဲ့ အဲကွန်းခန်းလေးကိုလည်း အင်မတန် သဘောကျပါတယ်တဲ့ ။
ဝမ်းနည်းဖို့ကောင်းတာကတော့ လာလာလေးဟာ ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး ဒီနေ့မှာတော့ သူ့ရဲ့ အမှတ်တရလေးတွေသာ ရှင်သန်နေတာ ဖြစ်ပါတယ် ။
Crd