နေ့စဉ်ရေနွေးကြမ်း၅ခွက်သောက်ခြင်းသည်သက်ကြီးရွယ်အိုများကိုအာရုံစိုက်မှုပိုမိုကောင်းစေနိုင်

Knowledge

နေ့စဉ် ရေနွေးကြမ်း ၅ ခွက်သောက်ခြင်းသည် သက်ကြီးရွယ်အိုများကိုအာရုံစိုက်မှုပိုမိုကောင်းစေနိုင်

နယူးကာဆယ်တက္ကသိုလ်က သုတေသီများ ပြုလုပ်သောလေ့လာမှုအသစ်အရလက်ဖက်ရည်ကြမ်းသောက်ခြင်းသည် အသက် ၈၅ နှစ်အထက် လူများ၏ ဦး နှောက်လုပ်ဆောင်မှုကို တိုးတက်စေသည်ဟုဖော်ပြထားသည်။

လေ့လာမှုတစ်ခုအရ တစ်နေ့လျှင် ရေနွေးကြမ်းငါးခွက်သောက်သော သူများသည် ယေဘုယျအားဖြင့် ဉီးနှောက်အာရုံစိုက်နိုင်မှု ပိုမိုကြောင်းတွေ့ရှိရသည်ဟုဆိုသည်။ ဦးနှောက်လှုပ်ရှားမှုကိုချိတ်ဆက်ပေးသော စိတ်ပိုင်းဆိုင်ရာ တိုးတက် မှုကို ပိုမိုရှိစေခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ကြခြင်းလည်းဖြစ်သည်။
၎င်းတို့အနေဖြင့် တုံ့ပြန်မှုအရှိန်နှုန်းနှင့်တိကျမှုပိုင်းနှင့်ပတ်သက်၍ နေ့စဉ်ဆောင်ရွက်နေကြဖြစ်သည့် ကားမောင်းခြင်း၊ ဂျစ်ဆောကစားခြင်းကဲ့သို့သော အရာများတွင်ပါ ဆောင်ရွက်လာနိုင်သည်ဟုဆိုသည်။

ယခင်သုတေသနပြုချက်များအရ လက်ဖက်ရည်သည် သွေးပေါင်ချိန်နှင့်ကိုလက်စထရောကိုလျှော့ချခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိစေပြီးကိုယ်အလေးချိန်ကျစေနိုင်သည်ကို လေ့လာတွေ့ရှိခဲ့ကြသည်။

Ref-TNP
Myanmarnews24

Leave a Reply