ပြင်သစ်ကြည်းတပ်အတွက် အဓိကတိုက်ခိုက်ရေးသေနတ်ဖြစ်လာသည့် HK416F၊ နောက်ထပ် အလက်ရေ ၁၂၀၀၀ ကို မှာယူ
ပြင်သစ်ကြည်းတပ်အနေဖြင့် 5.56 mm HK416F တိုက်ခိုက်ရေးရိုင်ဖယ်ပေါင်း ၁၂၀၀၀ ကို ထပ်မံမှာယူခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါစနစ်များကို လက်ရှိအသုံးပြုနေသည့် 5.56 mm FAMAS စနစ်များနေရာတွင် အစားထိုးအသုံးပြုရန်အတွက်လည်းဖြစ်သည်။

5.56 mm FAMAS စနစ်များသည် ပြင်သစ်ကြည်းတပ်၌ အသုံးပြုလျက်ရှိသည်မှာ အချိန်ကာလအားဖြင့်လည်း ၄၈ နှစ်ခန့်ရှိနေခဲ့ပြီဖြစ်သည်။HK416F များဝယ်ယူမှုသည် ပြင်သစ်ကြည်းတပ်အတွက် ပထမဆုံးအကြိမ်တော့မဟုတ်ပေ။ ယခင်က ၎င်းအမျိုးအစား ၁၁၇၀၀၀ လက်ကို ဝယ်ယူခဲ့ပြီး လည်းဖြစ်သည်။

ပြင်သစ်ကြည်းတပ်အနေဖြင့် FAMAS စနစ်များကို အစားထိုးရန် ၂၀၁၆ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။ HK416 သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးတိုက်ခိုက်ရေးသေနတ်များ၌ တစ်ခုအပါအဝင်လည်းဖြစ်သည်။ Heckler & Koch ကုမ္ပဏီမှ တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။