နောက်ဆုံးပေါ် နည်းပညာ Chat GPT (သို့) ကမ္ဘာ့အံ့ဖွယ် ကွန်ပြူတာ အသုံးချနည်းစနစ်

နောက်ဆုံးပေါ် နည်းပညာ Chat GPT (သို့) ကမ္ဘာ့အံ့ဖွယ် ကွန်ပြူတာ အသုံးချနည်းစနစ် အကြောင်း..
အခုတလော YouTube မှာ ဘယ်ဟာကိုပဲဖွင့်ကြည့်လိုက်ကြည့်လိုက် Chat GPT ဆိုတဲ့အကြောင်းကိုပဲပြောနေကြတာတွေ့ရပါတယ်.. Chat GPTအကြောင်းကို သေချာလေ့လာပီး ကြည့်လိုက်တော့ ကျွန်တော်တို့တတွေဟာ Chat GPT ကို မသိမဖြစ်သိကိုသိရမဲ့ အကြောင်းအရာတခုမလို့ Facebook ကနေသိထားသလောက် အကြောင်းအရာလေးတွေတင်ပြလိုက်ရပါတယ်..
1.Chat GPTဆိုတာဘာလဲ..? Chat GPT ဆိုတာ ကျွန်တော်တို့ သိချင်တာမေးချင်တာ ခိုင်းတာတွေကို တတ်နိုင်သရွေ့ ပြန်လည်ဖြေကြားရေးသားပေးတဲ့ Computer တွေနဲ့လုပ်ထားတဲ့ အသိဥာဏ် ဘဏ်တိုက်ကြီးပါဘဲ.. သူက ကမ္ဘာပေါ်မှာရှိသမျှ ဘာသာရပ်ဆိုင်ရာ နယ်ပယ်အသီးသီးမှာရှိတဲ့ အချက်အလက်တွေ အကြောင်းအရာတွေကို စုဆောင်းမှတ်သားထားတဲ့ အသိပညာ စုစည်းထားရာ နေရာကြီးတစ်ခုပါပဲ..
အဲဒီတော့ Computer အသုံးပြုသူတစ်ယောက်က သိချင်တဲ့အကြောင်းအရာတစ်ခုကို မေးလိုက်မယ်.. တစ်စုံတစ်ခုကို ခိုင်းလိုက်မယ်ဆိုရင် သူ့ရဲ့အသိဥာဏ်ဘဏ်ကြီးကို အသုံးပြုပီး အချက်အလက်တွေကိုရှာပေးမယ်.. အဖြေပေးမယ်.. ခိုင်းတာတွေကိုလုပ်ပေးပါမယ်။ ဥပမာ၊ ၊ မြန်မာပြည်က နာမည်အကြီးဆုံးအဆိုတော်ကို ပြောပါလို့မေးလိုက်ရင် Chat GPT က ဘယ်လိုဖြေလဲဆိုတော့ မြန်မာပြည်မှာ နာမည်ကြီးတဲ့အဆိုတော်တွေကအများကြီးပဲ အဲဒီထဲက ထင်ရှားတဲ့အဆိုတော်တွေကို ပြောရမယ်ဆိုရင်တော့ဆိုပီး မြန်မာအဆိုတော် ၁၂ ယောက်ရဲ့နာမည်တွေကို ပြောပါတယ်။
နောက်ဥပမာတစ်ခု ကျွန်တော်ကနာမည်က ဘယ်သူ အသက်က ၂၄ နှစ် Computer နဲ့ဘွဲ့ရတယ် Company တစ်ခုမှာ နှစ်နှစ်လုပ်ခဲ့ဘူးတဲ့အတွေ့အကြုံရှိပါတယ်လို့ပြောပီး CB ကိုယ်ရေးမှတ်တမ်းလေးတစ်ခုရေးပေးပါလို့ ပြောလိုက်ရင် တကယ့်စံချိန်မီ CB လေးတစ်ခုကို မိနစ်ပိုင်းအတွင်းမှာ ရေးပေးပါတယ်။
နောက်ထပ် ဥပမာတစ်ခုကိုပြောရမယ်ဆိုရင် ကျွန်တော်က အင်ဂျင်နီယာ ကျွန်တော့်နာမည် မောင်လှမျိုးပါ တောမြို့လေးတစ်ခုက ဆယ်တန်းအောင်ကပြီး စက်မှု တက္ကသိုလ်မှ ထူးထူး ချွန်ချွန်နဲ့ အင်ဂျင်နီယာဘွဲ့ရခဲ့ပါတယ် တံတားတွေ လမ်းတွေကို စနစ်တကျအဆင့်မီမီ တည်ဆောက်ခဲ့ပါတယ် အဲဒီအကြောင်းလေးကို ကဗျာစပ်ပေးပါလို့ Chat GPt ကိုပြောလိုက်ရင် ငါးမိနစ်လောက်အတွင်းမှာ အင်ဂျင်နီယာမောင်လှမျိုးအကြောင်း ကဗျာတစ်ပုဒ် ထွက်လာပါတယ် အဲလိုပဲ အချက်အလက်တွေကိုပေးလိုက်ပီး သီချင်းရေးခိုင်းလို့ရတယ် မိန့်ခွန်းရေးခိုင်းလို့ရပါတယ် ။
ကျောင်းသားတွေအတွက်ကတော့ Chat GPT ပေါ်လာတာ စာမေးပွဲဖြေဖို့ အထူးအထောက်အကူပြုတာပေါ့.. သချ်ာတွေကို တွက်ခိုင်းလို့ရတယ် ပထဝီမေးခွန်းတွေကို ဖြေခိုင်းလို့ရတယ် အမေရိကန်နိုင်ငံမှာ ဆေးပညာ ပါမောက္ခတစ်ဦးက Chat GPT ကို ဆေးပညာမေးခွန်းတွေမေးလိုက်တဲ့အခါမှာ Chat GPT က ဆရာဝန်တစ်ယောက်လို ဖြေသွားနိုင်တာတွေ့ရပါတယ်.. ဒါကြောင့်မလို့ သိချင်ရာ၊ မေးချင်ရာ၊ခိုင်းချင်ရာကို လုပ်ဆောင်ပေးနိုင်တဲ့မသိမဖြစ် Chat GPT အကြောင်းကို ပြောပြလိုက်ရတာပါ။
၂. Chat GPTကို ဘယ်မှာရှာလို့ဘယ်လိုသုံးမလဲ Google မှာ Chat GPT လို့ရိုက်လိုက်ပါ.. မှတ်ပုံတင်မှာလား သုံးမှာလားလို့ တွေ့ပါလိမ့်မယ်.. မှတ်ပုံတင်မှာလားဆိုတာကိုရွေးလိုက်ပါ.. အဲဒီတော့ Email လိပ်စာတောင်းပါလိမ့်မယ်.. အဲဒီနောက် Chat GPT သုံးဖို့ အနည်းဆုံး အက္ခရာရှစ်လုံးပါတဲ့ Password တောင်းပါလိမ့်မယ်.. အဲဒီနောက်ဖုန်းနံပါတ်တောင်းပါလိမ့်မယ်.. ဖုန်းနံပါတ် ဖြည့်လိုက်တဲ့အခါ Gmail ထဲကို OTP နံပါတ်တစ်ခု ဝင်လာပါမယ်.. အဲဒီနံပါတ်ကို ဖုန်းနံပါတ်အကွက်ထဲကို ရိုက်ထည့်လိုက်ပါ.. အဲဒိအခါမှာ Chat GPT အကောင့်တစ်ခုရလာပါပီ..
နောက်သုံးချင်ရင် Google ကနေ Chat GPT ကိုသွား Password ထည့်ပီးသုံးလိုက်ရင် သုံးချင်ရာသုံးလို့ရပါပြီ။ အခုပြောခဲ့တဲ့ Chat GPT အသုံးပြုနည်းဟာ အကျဉ်းချုပ် ပြောပြခြင်း ဖြစ်ပါတယ်.. ဒီနေ့ YouTube မှာ Chat GPT အကြောင်း မြန်မာလိုအသေးစိတ်ပြောပြထားတဲ့ Video တွေအများကြီးရှိပါတယ်.. အဲဒါတွေကိုကြည့်ပီး Chat GPTကို လက်တွေ့အသုံးချနိုင်ကြပါစေ။ (Khin Maung Win)
1
Crd
Post Views:
10
Crd