■နောက်ဆယ်စုနှစ်အတွင်းမြင်တွေ့ရမည့် လကမ္ဘာအခြေစိုက်စခန်းများ

Article World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■နောက်ဆယ်စုနှစ်အတွင်းမြင်တွေ့ရမည့် လကမ္ဘာအခြေစိုက်စခန်းများ

လကမ္ဘာပေါ်ရောက်ရှိတာနဲ့ နာဆာနဲ့ သူရဲ့မိတ်ဖက်ကုမ္မဏီတွေဟာ လပေါ်မှာ စူးစမ်းလေ့လာရေးခရီးတွေ ပိုပြီးသွားရောက်နိုင်ဖို့ အထောက်အပံ့ပေးမဲ့ အာတီမစ်စခန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပါတယ်။

နာဆာဟာ ဗိုလက်တိုင်း အင်ဗက်စတီ ဂိတ်တီး ပိုလာ အိတ်စ်ပလော်ရေးရှင်း ရိုဗာ ဗိုက်ပါ လို့ခေါ်တဲ့ လကမ္ဘာမှာလှည့်လည်သွားလာမဲ့ယာဉ်တစ်ခုကို တည်ဆောက်နေပြီး ၂၀၂၃ နောက်ပိုင်းမှာ လရဲ့ တောင်ဝင်ရိုးစွန်းအပိုင်းမှာ ထားရှိမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ ရေခဲပြင်ရှာဖွေမဲ့ ရက်တစ်ရာ မစ်ရှင်ကိုစတင်ပြီးတော့ လူသားတွေအာကာသအတွင်းစူးစမ်းသွားလာမှုတွေ ပိုမိုပြုလုပ်နိုင်ဖို့ လရဲ့အရင်းအမြစ်တွေကို ဘယ်လိုတူးဖော်ရမလဲဆိုတာ ကူညီအဖြေရှာပေးမှာပါ။

အာတီမစ်ပရိုဂရမ်ဟာ လပေါ်မှာ လုပ်ဆောင်နိုင်စွမ်းတွေကို အရှိန်မြင့်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါဟာ လူသားတွေ မာ့စ်ဂြိုဟ်ကို သွားရောက်လေ့လာဖို့ ပထမခြေလှမ်းလည်း ဖြစ်နိုင်ပါတယ်။

အာတီမစ်ပရိုဂရမ်သာ အစီအစဉ်အတိုင်းချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် နောက်ဆယ်စုနှစ်အတွင်း လကမ္ဘာအခြေစိုက်စခန်းတွေကို မြင်တွေ့ရမှာပါ။ သင့်အနေနဲ့ ဘယ်လိုခံစားရမလဲမသိပေမဲ့ ကျွန်မတို့အနေနဲ့တော့ အတော်လေးစိတ်လှုပ်ရှားရပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ လုံး လူသားတွေဟာ နေအဖွဲ့အစည်းကို ပိုမိုလေ့လာနိုင်ဖို့ အင်တာနေရှင်နယ် စပေ့ စတေရှင်မှာ နေထိုင်ပြီး အဆက်မပြတ်အလုပ်လုပ်ခဲ့ကြရပါတယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ေနာက္ဆယ္စုႏွစ္အတြင္းျမင္ေတြ႕ရမည့္ လကမၻာအေျခစိုက္စခန္းမ်ား

လကမၻာေပၚေရာက္ရွိတာနဲ႔ နာဆာနဲ႔ သူရဲ့မိတ္ဖက္ကုမၼဏီေတြဟာ လေပၚမွာ စူးစမ္းေလ့လာေရးခရီးေတြ ပိုၿပီးသြားေရာက္နိုင္ဖို႔ အေထာက္အပံ့ေပးမဲ့ အာတီမစ္စခန္းေတြကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္မွာျဖစ္ပါတယ္။

နာဆာဟာ ဗိုလက္တိုင္း အင္ဗက္စတီ ဂိတ္တီး ပိုလာ အိတ္စ္ပေလာ္ေရးရွင္း ရိုဗာ ဗိုက္ပါ လို႔ေခၚတဲ့ လကမၻာမွာလွည့္လည္သြားလာမဲ့ယာဥ္တစ္ခုကို တည္ေဆာက္ေနၿပီး ၂၀၂၃ ေနာက္ပိုင္းမွာ လရဲ့ ေတာင္ဝင္ရိုးစြန္းအပိုင္းမွာ ထားရွိမွာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာ ေရခဲျပင္ရွာေဖြမဲ့ ရက္တစ္ရာ မစ္ရွင္ကိုစတင္ၿပီးေတာ့ လူသားေတြအာကာသအတြင္းစူးစမ္းသြားလာမႈေတြ ပိုမိုျပဳလုပ္နိုင္ဖို႔ လရဲ့အရင္းအျမစ္ေတြကို ဘယ္လိုတူးေဖာ္ရမလဲဆိုတာ ကူညီအေျဖရွာေပးမွာပါ။

အာတီမစ္ပရိုဂရမ္ဟာ လေပၚမွာ လုပ္ေဆာင္နိုင္စြမ္းေတြကို အရွိန္ျမင့္ေဆာင္ရြက္လ်က္ရွိပါတယ္။ ဒါဟာ လူသားေတြ မာ့စ္ၿဂိဳဟ္ကို သြားေရာက္ေလ့လာဖို႔ ပထမေျခလွမ္းလည္း ျဖစ္နိုင္ပါတယ္။

အာတီမစ္ပရိုဂရမ္သာ အစီအစဥ္အတိုင္းေခ်ာေခ်ာေမြ႕ေမြ႕ လုပ္ေဆာင္နိုင္ခဲ့မယ္ဆိုရင္ ေနာက္ဆယ္စုႏွစ္အတြင္း လကမၻာအေျခစိုက္စခန္းေတြကို ျမင္ေတြ႕ရမွာပါ။ သင့္အေနနဲ႔ ဘယ္လိုခံစားရမလဲမသိေပမဲ့ ကၽြန္မတို႔အေနနဲ႔ေတာ့ အေတာ္ေလးစိတ္လႈပ္ရွားရပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ ၂၀ လုံး လူသားေတြဟာ ေနအဖြဲ႕အစည္းကို ပိုမိုေလ့လာနိုင္ဖို႔ အင္တာေနရွင္နယ္ စေပ့ စေတရွင္မွာ ေနထိုင္ၿပီး အဆက္မျပတ္အလုပ္လုပ္ခဲ့ၾကရပါတယ္။
Ref:youtube
Trans:thegeektext