နေရောင်ခြည်စွမ်းအင်နည်းပညာကိုသုံး၍ကိုဗစ်၁၉ထိုးဆေးများကိုအာဖရိကတွင်ဖြန့်ဖြူး

News

နေရောင်ခြည် စွမ်းအင် နည်းပညာကို သုံး၍ ကိုဗစ် ၁၉ ထိုးဆေးများကို အာဖရိကတွင် ဖြန့်ဖြူး
???????????????????? ???????????????? ???????????????????? ???????????????? ???????????????????????????????????????? ???????????????????? ???????????????????????????????? ???????? ????????????????????????

ကိုဗစ် ၁၉ အတွက် ထိုးဆေး ကာကွယ်ဆေး အလုံအလောက် ဝယ်ယူလို့ရခဲ့လျင်တောင်မှ ဆက်ရှိနေသေးတဲ့ အခက်အခဲကတော့ လူတိုင်းလက်ထဲ ရောက်အောင် ဖြန့်ဖြူး ပေးရေးဖြစ်ပါတယ်။

စနစ်တကျ ကြိုတင်စီစဉ်မထားခဲ့လျင် ဆေးတန်ဖိုးထက် ဖြန့်ဖြူးစရိတ်က အဆမတန် ပိုများသွားခြင်း၊ အပူချိန် အနှုတ်အောက်ထိန်းထားပြီး သယ်ယူပို့ဆောင်ရန် လိုအပ်ပေမဲ့ လျှပ်စစ်ဓာတ်အား သုံး အအေးပေး စနစ် အလုံအလောက်မရှိလို့ ဆေးအာနိသင်ပျယ် ပျက်စီးနိုင်ခြင်း စသည့် အခက်အခဲများကိုလည်း ရင်ဆိုင်လာရနိုင်ပါတယ်။

Pfizer-BioNTech က ထုတ်တဲ့ဆေးက အနှုတ် ၇၅ ဒီဂရီ ဆယ်စီးယပ်၊ Moderna က ထုတ်တဲ့ဆေးက အနှုတ် ၂၀၊ Oxford/AstraZeneca ကထုတ်သောဆေးက ပုံမှန် ရေခဲသေတ္တာ အပူချိန် စသော အပူချိန် (အအေးချိန်) ဖြင့် ထိန်းသိမ်းရန် လိုအပ်နေရာ Supply Chain တွင် လက်အဝင်ဆုံး Chilly Chain ၏ စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအား အလုံအလောက်မရှိသော နေရာများအတွက် Photo voltaic-powered refrigeration စနစ်ကို အသုံးပြု၍ အခက်အခဲများကို ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။ Supply Chain သဘောအရပြောရလျင် ဆေးထုတ်လုပ်သူထံမှ airport (သို့) Seaport၊ ထိုမှတစ်ဆင့် နိုင်ငံတစ်နိုင်ငံ ကိုယ်စားပြု ဖြန့်ဖြူးရေး ဌာန၊ ထိုမှတစ်ဆင့် ဒေသအသီးသီးရှိ ဖြန့်ဖြူးရေးဌာန၊ နောက်ဆုံး ထိုးပေးမယ့် သူဆီ ရောက်သွားဖို့ အဆင့်ဆင့် ပြင်ဆင်ရာမှ Final Mile (Last Mile) ဖြန့်ဖြူးရေးသည် အခက်အခဲ အများဆုံး အပိုင်းဖြစ်ပါတယ်။

အာဖရိက တွင် ထိုအခက်အခဲများအတွက် GRICD နည်းပညာအဖွဲ့မှ အနှုတ် ၂၀ အထိ ထိန်းထားနိုင်သော ရေခဲသေတ္တာ များကို ဖန်တီးပြီး၊ တောင်အာဖရိက၊ ဂါနာ နှင့် အီဂျစ် နိုင်ငံများ ရှိ လူမှုရေး နည်းပညာ အဖွဲ့များနှင့် ပူးပေါင်း၍ လုပ်ဆောင်နေပါတယ်။

အသေးဆုံး ရေခဲသေတ္တာ အနေဖြင့် အရည် ၁၅ လီတာ မှ အကြီးဆုံး ၁၀၀ လီတာအထိ အရွယ်အစားစား ရှိသော်လည်း၊ အသေးဆုံး ရေခဲသေတ္တာတွင် ဆေး အလုံးရေ ၂၀၀ ခန့် သိုလှောင်၍ သယ်ယူပို့ဆောင်ပေးနိုင်မည် ဖြစ်ပါတယ်။

ထိုနေရောင်ခြည်စွမ်းအင်သုံး ရေခဲသေတ္တာတွင် လုံခြုံရေးအတွက် လိုအပ်ချက်ဖြစ်သော သေတ္တာ ရောက်နေရာ နေရာ.. humidity နှင့် အပူချိန်၊ နှင့် တခြားလိုအပ်ချက်များကို ဖြန့်ဖြုးသူ၏ လက်ထဲ သတင်းအချက်အလက် ပေးနိုင်စွမ်းရှိပါတယ်။

ⓒⓐⓟⓣⓐⓘⓝ ⓦⓘⓝ
https://www.facebook.com/Captain-Win-446233612149362/
အောက်ပါ ref: link ကို မှီငြမ်း၍ ပြန်လည်တင်ပြပါတယ်။

zawgyi

Leave a Reply