အီရန်နိုင်ငံသားတွေအပေါ် ပြည်ပဆေး ကုမ္ပဏီတွေရဲ့ COVID-19 ကာကွယ်ဆေး စမ်းသပ်ရေးအတွက် အသုံးချမှာကို တားမြစ်လိုက်တယ်လို့ သမ္မတ ဟာဆန် ရိုဟန်နီ က ဇန်နဝါရီ ၉ ရက်က ပြောကြားလိုက်ပါတယ်။ ဒါဟာ အီရန်ခေါင်းဆောင် ခါမေနီက အမေရိကန်နဲ့ ဗြိတိန် ကာကွယ်ဆေး တင်ပို့မှုကို တားမြစ်ပိတ်ပင်လိုက်တယ်လို့ ပြောဆိုခဲ့ပြီး နောက်တနေ့မှာ ထွက်ပေါ်လာတာပါ။

“ပြည်ပဆေး ကုမ္ပဏီတွေက ကျနော်တို့ကို ကာကွယ်ဆေး ပေးမယ်ဆိုရင် အီရန်ပြည်သူတွေကို ဆေးစမ်းသပ်ကြလိမ့်မယ်။ ဒါမျိုး မဖြစ်အောင် ကျန်းမာရေးဌာနက ကန့်သတ် တားဆီးရမှာပါ” လို့ ရိုဟန်နီက တီဗီမိန့်ခွန်းကတဆင့် ကုမ္ပဏီအမည်နဲ့ အသေးစိတ် မပါဘဲ ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ ပြည်သူတွေဟာ ဆေးကုမ္ပဏီတွေရဲ့ ကာကွယ်ဆေးအတွက် စမ်းသပ်ခံ စက်ပစ္စည်းတွေ မဟုတ်ပါဘူး။ စိတ်ချရတဲ့ ကာကွယ်ဆေးတွေကို ကျနော်တို့ ဝယ်ယူသွားမှာပါ” လို့ ရိုဟန်နီက မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

အီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ဇန်နဝါရီ ၈ ရက်မှာ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေဟာ ယုံကြည် စိတ်ချရမှု မရှိဘဲ တခြားနိုင်ငံတွေကို ကူးစက်ရောဂါ ပျံ့နှံ့အောင် ဖြန့်ဖြူးနေတာသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အီရန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် တခြားစိတ်ချရတဲ့ နေရာတွေကနေ ရရှိအောင် လုပ်ဆောင်နေတယ်လို့ ဆိုပေမယ့် အတိအကျ ပြောဆိုတာမျိုး မရှိပါဘူး။ တရုတ်နဲ့ ရုရှားနိုင်ငံတွေကတော့ အရှေ့အလယ်ပိုင်းဒေသမှာ COVID-19 အဆိုးဆုံး ခံစားနေရတဲ့ အီရန်ရဲ့ မဟာမိတ်တွေ ဖြစ်ပါတယ်။
ခါမေနီရဲ့ ပြောဆိုချက်တွေဟာ ချမှတ်ထားတဲ့ စည်းမျည်း၊ စည်းကမ်းချက်တွေကို ချိုးဖောက်ထားပြီး အကြမ်းဖက် စကားလုံးတွေ ပါဝင်လို့ Twitter ပေါ်ကနေ ဖယ်ရှားခံထားရပါတယ်။

အီရန်မှာ ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေး စမ်းသပ်မှုကို လူနဲ့ ပထမဆုံးအကြိမ် ဒီဇင်ဘာလထဲမှာ စမ်းသပ်ခဲ့ပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုကြောင့် ကာကွယ်ဆေး တင်ပို့မှု အခက်အခဲ ပြေလည်အောင် ပြည်တွင်းမှာ စမ်းသပ်ခဲ့တာပါ။ ၂၀၁၈ ခုနှစ်ကစလို့ သမ္မတ ထရမ့် အစိုးရလက်ထက် ဝါရှင်တန်နဲ့ တီဟီရန်ကြား တင်းမာမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။
လက်ရှိအချိန်ထိ အရှေ့အလယ်ပိုင်းနိုင်ငံတွေထဲမှာ ကူးစက်မှု အများဆုံးနဲ့ အာရှတိုက်မှာ တတိယအများဆုံး ကူးစက်ခံနေရတဲ့ အီရန်မှာ COVID-19 အတည်ပြုလူနာပေါင်း ၁ ဒသမ ၂ သန်း ကျော်လွန်လာပါပြီ။ သေဆုံးသူကတော့ ၅၆,၁၀၀ ရှိပါတယ်။
Ref-Reuters
IrrawadyNews မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။
zawgyi
အီရန်နိုင်ငံသားတွေနဲ့ ပြည်ပ ကိုဗစ် ကာကွယ်ဆေး စမ်းသပ်မှုကို သမ္မတ တားမြစ်