နိုင်ငံရေးထဲစစ်တပ်ကိုအသုံးမချဖို့ကန်ကာကွယ်ရေးဝန်ကြီးဟောင်းတွေသတိပေး

News

နိုင်ငံရေးထဲ စစ်တပ်ကို အသုံးမချဖို့ ကန်ကာကွယ်ရေးဝန်ကြီးဟောင်းတွေ သတိပေး

အခုလို သမ္မတ Donald Trump ဘက်က ရွေးကောက်ပွဲ ရလဒ်ကို တင်းခံ နေချိန်မှာ၊ အသက်ထင်ရှားရှိဆဲ မေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း ၁၀ ဦးလုံးက ဒီနိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို ပြောင်းနိုင်ရေး စစ်တပ်ကို အသုံး မချဖို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

သမ္မတ Trump ရဲ့ ရီပတ်ဘလစ်ကင်ပါတီရော၊ အတိုက်အခံ ဒီမိုကရက် ပါတီကပါ ပါဝင်တဲ့၊ လက်ရှိသက်ရှိထင်ရှား ဒီ ကာကွယ်ရေးဝန်ကြီး ဟောင်း တွေက အခုလိုသတိပေးတာကို၊ မနေ့က ဝါရှင်တန်ပို့စ် သတင်းစာ ဆောင်းပါး ထဲမှာ သူတို့နာမည်တွေနဲ့ ဖော်ပြခဲ့တာပါ။

ဒီဆောင်းပါးထဲမှာ ကာကွယ်ရေးဝန်ကြီးဟောင်း ၁၀ ဦးက ရွေးကောက်ပွဲ ရလဒ်အပေါ် မေးခွန်းထုတ်ရမဲ့ အချိန်ကကျော်လွန်ခဲ့ပါပြီလို့ ထောက်ပြခဲ့ ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေထဲ စစ်တပ်ကို ဆွဲသွင်းဖို့ ကြိုးပမ်းတာကြောင့် တိုင်းပြည်ကို အန္တရာယ်ကြီးပြီး ဥပဒေချိုးဖောက် ဖွဲ့စည်းပုံနဲ့ မညီတဲ့အဖြစ် ရောက်သွားစေနိုင်တယ်လို့ ဖြစ်သွားလိမ့်မယ်လို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

ဒီစာထဲမှာ သမ္မတ Trump နာမည်ကို အတိအကျထည့်မပြောခဲ့ပေမဲ့၊ သမ္မတ Trump နဲ့ သူ့အပေါင်းပါတွေဘက်က၊ ဒီသမ္မတရွေးကောက်ပွဲရလဒ်ဟာ မဲမသမာမှုတွေကြောင့်ဖြစ်ခဲ့တာလို့ မှားယွင်းစွပ်စွဲနေတာကို ရည်ညွှန်းထား တဲ့သဘော ရှိပါတယ်။

VOA

Leave a Reply